Panasonic Action Cam HX-A1

[ Zawgyi ]

ညဘက္ စြန္႔စားခန္းေတြ၊ ေတာင္တက္ခရီးစဥ္ေတြ၊ ေရငုပ္ အမွတ္တရေတြနဲ႔ Outdoor ေတြမွာ ကိုယ္နဲ႔မကြာ ယူေဆာင္ၿပီး လႈပ္ရွားမႈတိုင္းကို မွတ္တမ္းတင္ ႐ိုက္ကူးႏိုင္မယ့္ wearable video camera တစ္လံုးအျဖစ္ ထြက္ရွိလာတဲ့ Panasonic ရဲ႕ Action Cam HX-A1 ျပည္တြင္းေစ်းကြက္အတြင္း ဝင္ေရာက္လာပါတယ္။ လက္နဲ႔ကိုင္႐ိုက္စရာမလိုဘဲ ေခါင္းမွာဦးထုပ္နဲ႔ တြဲၿပီး တပ္ဆင္အသံုးျပဳႏိုင္ပါတယ္။ ေရစိမ္ခံ၊ ျပဳတ္က်ခံ၊ အေအးခဲခံ၊ ဖုုန္ဒဏ္ခံႏိုင္ၿပီ္း အားသာခ်က္ကေတာ့ ညဘက္ျမင္ကြင္းေတြကို အတုိင္းအတာတစ္ခု အထိ ရွင္းလင္းစြာနဲ႔ ပံုေဖာ္ေပးနုိင္မွာျဖစ္ပါတယ္။

Built-in Wifi ပါရွိလို႔ အေဝးက ထိန္းခ်ဳပ္လို႔ရတဲ့ Remote Control နဲ႔ ခ်က္ခ်င္း Share ႏိုင္တဲ့ နည္းပညာေတြကို အသံုးျပဳနုိင္မွာ ျဖစ္ပါတယ္။ 1/3″ MOS Sensor အရြယ္အစား Sensor ကို အသံုးျပဳထားၿပီး 3.54 megapixels အရည္အေသြးနဲ႔ ရရွိႏိုင္မွာပါ။ White Balance အပိုင္းမွာ Auto /White Set/Sunny/Cloudy/ Indoor1 / Indoor2 (TTL system) စတာေတြ ေထာက္ပံ့ေပးထားပါတယ္။ f/2.8 အထိ ရရွိႏိုင္လို႔ ညဘက္ျမင္ကြင္းေတြကို ပိုမို ေကာင္းမြန္ေစမွာျဖစ္ပါတယ္။ ဗီဒီယိုမွာ1920×1080/30p (Average 15Mbps / VBR) အရည္အေသြးနဲ႔ ရရွိေစမွာပါ။ တန္ဖိုးက ၂၈၆,ဝဝဝ က်ပ္ျဖစ္ပါတယ္။ Lumix Myanmar ဖုန္း ၀၁-၈၆၀၄၆၅၇ ကို ဆက္သြယ္ဝယ္ယူႏိုင္ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

ညဘက် စွန့်စားခန်းတွေ၊ တောင်တက်ခရီးစဉ်တွေ၊ ရေငုပ် အမှတ်တရတွေနဲ့ Outdoor တွေမှာ ကိုယ်နဲ့မကွာ ယူဆောင်ပြီး လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင် ရိုက်ကူးနိုင်မယ့် wearable video camera တစ်လုံးအဖြစ် ထွက်ရှိလာတဲ့ Panasonic ရဲ့ Action Cam HX-A1 ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်လာပါတယ်။ လက်နဲ့ကိုင်ရိုက်စရာမလိုဘဲ ခေါင်းမှာဦးထုပ်နဲ့ တွဲပြီး တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ရေစိမ်ခံ၊ ပြုတ်ကျခံ၊ အအေးခဲခံ၊ ဖုုန်ဒဏ်ခံနိုင်ပြီ်း အားသာချက်ကတော့ ညဘက်မြင်ကွင်းတွေကို အတိုင်းအတာတစ်ခု အထိ ရှင်းလင်းစွာနဲ့ ပုံဖော်ပေးနိုင်မှာဖြစ်ပါတယ်။

Built-in Wifi ပါရှိလို့ အဝေးက ထိန်းချုပ်လို့ရတဲ့ Remote Control နဲ့ ချက်ချင်း Share နိုင်တဲ့ နည်းပညာတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 1/3″ MOS Sensor အရွယ်အစား Sensor ကို အသုံးပြုထားပြီး 3.54 megapixels အရည်အသွေးနဲ့ ရရှိနိုင်မှာပါ။ White Balance အပိုင်းမှာ Auto /White Set/Sunny/Cloudy/ Indoor1 / Indoor2 (TTL system) စတာတွေ ထောက်ပံ့ပေးထားပါတယ်။ f/2.8 အထိ ရရှိနိုင်လို့ ညဘက်မြင်ကွင်းတွေကို ပိုမို ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဗီဒီယိုမှာ1920×1080/30p (Average 15Mbps / VBR) အရည်အသွေးနဲ့ ရရှိစေမှာပါ။ တန်ဖိုးက ၂၈၆,ဝဝဝ ကျပ်ဖြစ်ပါတယ်။ Lumix Myanmar ဖုန်း ၀၁-၈၆၀၄၆၅၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။