ေခတ္ေရွ႕ေျပးဒီဇိုင္းနဲ႔ OPPO Find X ကို ျမန္မာျပည္တြင္ ဝယ္ယူႏုိင္ေတာ့မည္

[Zawgyi]

ျမန္မာျပည္မိုဘုိင္းေစ်းကြက္အတြက္ OPPO က ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕မွာ Global Launch အျဖစ္မိတ္ဆက္ေပးခဲ့တဲ့ Find X စမတ္ဖုန္းသစ္ကို သိပ္မၾကာခင္ကာလမွာ ေရာင္းခ်ေပးသြားေတာ့မွာျဖစ္ၿပီး ျမန္မာက်ပ္ေငြ ၁,၁၉၉,ဝဝဝ က်ပ္နဲ႔ဝယ္ယူႏုိင္မွာျဖစ္ပါတယ္။ အေရာင္ေရြးခ်ယ္မႈအေနနဲ႔က Bordeaux Red နဲ႔ Glacier Blue ၂မ်ဳိးကို Global Market အတုိင္းေရြးခ်ယ္ႏိုင္ဦးမွာျဖစ္ပါတယ္။

OPPO Find X ဟာ ေခတ္ေရွ႕ေျပမ်က္ႏွာျပင္ဒီဇိုင္းနဲ႔ထုတ္လုပ္ထားတဲ့ ျမင္ကြင္းက်ယ္ေကြးညြတ္မ်က္ႏွာျပင္အ မ်ဳိးအစားျဖစ္ၿပီး မ်က္ႏွာျပင္အရြယ္အစားက ၆.၄ လက္မရွိမွာျဖစ္ပါတယ္။ FullHD+ (19.5:9) အခ်ဳိးအစားရွိ AMOLED Display အမ်ဳိးအစားေၾကာင့္ ေတာက္ပစိုေျပတဲ့႐ုပ္ထြက္အရည္အေသြးကို ခံစားရမည့္အျပင္ ကြယ္ျမွဳပ္ထားတဲ့ 3D ကင္မရာစနစ္ေတြေၾကာင့္လည္း ဖုန္း၏ေရွ႕ေနာက္ဒီဇိုင္းသြင္းျပင္က ညီညြတ္မွ်တဆြဲေဆာင္မႈရွိတဲ့အသြင္းမ်ဳိးကို ထိေတြ႕အသံုးျပဳရမွာျဖစ္ပါတယ္။ မ်က္ႏွာျပင္ကိုယ္ထည္အခ်ဳိးအစားက 93.8 ရာခိုင္ႏႈန္းအထိရွိလို႔ မ်က္ႏွာျပင္အက်ယ္ျပန္႔ ဆံုးဖုန္းအျဖစ္ပါရပ္တည္ထားပါတယ္။ 

OPPO Find X ရဲ႕ ကင္မရာစနစ္တစ္ခုလံုးက Slide Mechanism ကိုအေျခခံထားတဲ့အတြက္ ပံုမွန္အသံုးျပဳခ်ိန္မွာ ေရွ႕ေနာက္ကင္မရာေတြအားလံုးက ဖုန္းထိပ္ပိုင္းကိုယ္ထည္အတြင္းပိုင္းမွာပဲရွိေနမွာျဖစ္ၿပီး ဒါက မိုဘိုင္းေလာကအတြက္ OPPO ကပထမဆံုးမိတ္ဆက္ေပးလိုက္တဲ့ ေရွ႕ေျပဒီဇုိင္းတစ္ခုလည္းျဖစ္ပါတယ္။ ေရွ႕ဘက္ကင္မ ရာက အဆင့္ျမွင့္ထားတဲ့ AI နည္းပညာသံုး 25MP အရည္အေသြးရွိၿပီး ေနာက္ဘက္ကင္မရာေတြကေတာ့ 16MP နဲ႔ 20MP ၂လံုးကိုေကာင္းမြန္တဲ့ဓာတ္ပံုဆိုင္ရာလုပ္ေဆာင္မႈေတြအတြက္ ေပါင္းစပ္ေပးထားတာျဖစ္ပါတယ္။ ဖုန္းကို unlock လုပ္ဖုိ႔အတြက္ 3D Face Recognition စနစ္နဲ႔ လံုၿခံဳစိတ္ခ်ျမန္ဆန္စြာနဲ႔ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

OPPO ရဲ႕ကိုယ္ပိုင္အားအျမန္သြင္းနည္းပညာျဖစ္တဲ့ VOOC Flash Charge ပါဝင္ျဖစ္ၿပီး ၅မိနစ္အားသြင္းလုိက္႐ံုနဲ႔တင္ ၂နာရီၾကာဖုန္းေျပာဆိုႏုိင္ပါတယ္။ Battery က 3730mAh အမ်ဳိးအစားကိုသံုးထားပါတယ္။ ဖုန္းရဲ႕စြမ္းေဆာင္ရည္ပိုင္းမွာ Qualcomm ရဲ႕ေနာက္ဆံုးထုတ္ Snapdragon 845 CUP ကို RAM 8GB နဲ႔ေပါင္းစပ္ေပးထားပါတယ္။ ဖုန္းတြင္းသိုေလွာင္ႏုိ္င္မႈက 256GB အထိပါဝင္ထားၿပီးျဖစ္ပါတယ္။ Android OS 8.1 ကိုအေျခခံထားတဲ့ OPPO ရဲ႕ကိုယ္ပိုင္ User Interface ျဖစ္တဲ့ ColorOS 5.1 နဲ႔တြဲဖက္သံုးစြဲရမွာျဖစ္လို႔ battery ပိုင္းသက္သာေစသလို ဖုန္းရဲ႕စြမ္းေဆာင္မႈအပိုင္းကိုပါ ပိုမိုေကာင္းမြန္ေစပါလိမ့္မယ္။

[Unicode]

မြန်မာပြည်မိုဘိုင်းစျေးကွက်အတွက် OPPO က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Global Launch အဖြစ်မိတ်ဆက်ပေးခဲ့တဲ့ Find X စမတ်ဖုန်းသစ်ကို သိပ်မကြာခင်ကာလမှာ ရောင်းချပေးသွားတော့မှာဖြစ်ပြီး မြန်မာကျပ်ငွေ ၁,၁၉၉,ဝဝဝ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရောင်ရွေးချယ်မှုအနေနဲ့က Bordeaux Red နဲ့ Glacier Blue ၂မျိုးကို Global Market အတိုင်းရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။

OPPO Find X ဟာ ခေတ်ရှေ့ပြေမျက်နှာပြင်ဒီဇိုင်းနဲ့ထုတ်လုပ်ထားတဲ့ မြင်ကွင်းကျယ်ကွေးညွတ်မျက်နှာပြင်အ မျိုးအစားဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက ၆.၄ လက်မရှိမှာဖြစ်ပါတယ်။ FullHD+ (19.5:9) အချိုးအစားရှိ AMOLED Display အမျိုးအစားကြောင့် တောက်ပစိုပြေတဲ့ရုပ်ထွက်အရည်အသွေးကို ခံစားရမည့်အပြင် ကွယ်မြှုပ်ထားတဲ့ 3D ကင်မရာစနစ်တွေကြောင့်လည်း ဖုန်း၏ရှေ့နောက်ဒီဇိုင်းသွင်းပြင်က ညီညွတ်မျှတဆွဲဆောင်မှုရှိတဲ့အသွင်းမျိုးကို ထိတွေ့အသုံးပြုရမှာဖြစ်ပါတယ်။ မျက်နှာပြင်ကိုယ်ထည်အချိုးအစားက 93.8 ရာခိုင်နှုန်းအထိရှိလို့ မျက်နှာပြင်အကျယ်ပြန့် ဆုံးဖုန်းအဖြစ်ပါရပ်တည်ထားပါတယ်။

OPPO Find X ရဲ့ ကင်မရာစနစ်တစ်ခုလုံးက Slide Mechanism ကိုအခြေခံထားတဲ့အတွက် ပုံမှန်အသုံးပြုချိန်မှာ ရှေ့နောက်ကင်မရာတွေအားလုံးက ဖုန်းထိပ်ပိုင်းကိုယ်ထည်အတွင်းပိုင်းမှာပဲရှိနေမှာဖြစ်ပြီး ဒါက မိုဘိုင်းလောကအတွက် OPPO ကပထမဆုံးမိတ်ဆက်ပေးလိုက်တဲ့ ရှေ့ပြေဒီဇိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ရှေ့ဘက်ကင်မ ရာက အဆင့်မြှင့်ထားတဲ့ AI နည်းပညာသုံး 25MP အရည်အသွေးရှိပြီး နောက်ဘက်ကင်မရာတွေကတော့ 16MP နဲ့ 20MP ၂လုံးကိုကောင်းမွန်တဲ့ဓာတ်ပုံဆိုင်ရာလုပ်ဆောင်မှုတွေအတွက် ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။ ဖုန်းကို unlock လုပ်ဖို့အတွက် 3D Face Recognition စနစ်နဲ့ လုံခြုံစိတ်ချမြန်ဆန်စွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPPO ရဲ့ကိုယ်ပိုင်အားအမြန်သွင်းနည်းပညာဖြစ်တဲ့ VOOC Flash Charge ပါဝင်ဖြစ်ပြီး ၅မိနစ်အားသွင်းလိုက်ရုံနဲ့တင် ၂နာရီကြာဖုန်းပြောဆိုနိုင်ပါတယ်။ Battery က 3730mAh အမျိုးအစားကိုသုံးထားပါတယ်။ ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm ရဲ့နောက်ဆုံးထုတ် Snapdragon 845 CUP ကို RAM 8GB နဲ့ပေါင်းစပ်ပေးထားပါတယ်။ ဖုန်းတွင်းသိုလှောင်နို်င်မှုက 256GB အထိပါဝင်ထားပြီးဖြစ်ပါတယ်။ Android OS 8.1 ကိုအခြေခံထားတဲ့ OPPO ရဲ့ကိုယ်ပိုင် User Interface ဖြစ်တဲ့ ColorOS 5.1 နဲ့တွဲဖက်သုံးစွဲရမှာဖြစ်လို့ battery ပိုင်းသက်သာစေသလို ဖုန်းရဲ့စွမ်းဆောင်မှုအပိုင်းကိုပါ ပိုမိုကောင်းမွန်စေပါလိမ့်မယ်။