OPPO R17 Pro

[ Zawgyi ]

Price : 899,900

အားသာခ်က္

ဒီဖုန္းမွာ Super VOOC Charge စနစ္ပါဝင္ၿပီး ဒီစနစ္ရဲ႕အားသြင္းႏႈန္းက 50W ရွိတဲ့အတြက္ အားသြင္းႏႈန္းေတာ္ေတာ္ေလးျမန္တဲ့ဖုန္းလို႔ ေျပာလို႔ရပါတယ္။ ေက်ာဘက္မွာ ကင္မရာသံုးလံုး ပါဝင္လာတဲ့အခ်က္၊ Selfie ကင္မရာေကာင္းမြန္တဲ့အခ်က္၊ ဖုန္းမွာပါဝင္တဲ့ မွတ္ဉာဏ္ပမာဏ ျမင့္မားေကာင္းမြန္တဲ့အခ်က္၊ Indisplay Fingerprint စနစ္ကို အသံုးျပဳႏိုင္တဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိကအားသာခ်က္ေတြလို႔ ေျပာရမွာပါ။

အားနည္းခ်က္

ဒီဖုန္းမွာ ပါဝင္တဲ့ Face Unlock စနစ္က သိပ္ၿပီးတိက်မႈ မရွိေသးတာေတာ့ ေတြ႕ရပါတယ္။ မ်က္ႏွာကို မွတ္သားၿပီး ဖုန္းကို Lock ဖြင့္တဲ့အခ်ိန္မွာ အသံုးျပဳသူက မ်က္စိမွိတ္ထားတဲ့ အေျခအေနမွာေတာင္ Lock ကို ဖြင့္ေပးႏိုင္ေနတဲ့အတြက္ ကိုယ္ပိုင္အသံုးျပဳေနခ်ိန္ေတြေလာက္မွာပဲ အသံုးျပဳသင့္ၿပီး အိပ္မယ္ဆိုရင္ေတာ့ Face Unlock ကိုပိတ္ထားတာပိုၿပီး စိတ္ခ်ရႏိုင္ပါတယ္။

CPU

Octa-core 2.2 GHz Kryo 360 Gold ႏွစ္လံုး၊ 1.7 GHz Kryo 360 Silver ေျခာက္လံုး စုစုေပါင္း Core ၈ လံုးကို အသံုးျပဳထားၿပီး Chipset ကေတာ့ Qualcomm SDM710 Snapdragon 710 (10 nm) ကို သံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance ကေကာင္းမြန္တဲ့ အေျခအေနမွာရွိပါတယ္။ ဒါေပမဲ့သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဒီထပ္နည္းနည္းပိုျမင့္တဲ့ 835 Chipset မ်ိဳးကို သံုးမယ္ဆုိရင္ ပိုၿပီးလိုက္ဖက္မယ္လုိ႔ေတာ့ ခံစားရပါတယ္။

ဒီဇိုင္း

မ်က္ႏွာျပင္က်ယ္ဝန္းတဲ့ ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္အျပည့္ ပံုစံဖုန္းမ်ိဳးျဖစ္ၿပီး Notch ကလည္း ေသးငယ္ပါတယ္။ ဖုန္းမ်က္ႏွာျပင္ရဲ႕ေဘးေဘာင္ေတြနဲ႔ အထက္ေအာက္ေဘာင္ေတြကလည္း ေတာ္ေတာ္ေလး ေသးငယ္တဲ့အတြက္ ျမင္ကြင္းကၾကည့္ရတာ ေတာ္ေတာ္အဆင္ေျပပါတယ္။

ဘက္ထရီ

Li-Po 3700 mAh ဘက္ထရီကို သံုးထားတဲ့အတြက္ ဖုန္းကိုတစ္ေန႔တာ အသံုးျပဳဖို႔အတြက္ လံုေလာက္တဲ့ ဘက္ထရီပမာဏလို႔ ေျပာႏိုင္ပါတယ္။ အားသြင္းစနစ္မွာေတာ့ Super VOOC Charging စနစ္ပါဝင္ၿပီး အားသြင္းႏႈန္းက 50W ရွိတဲ့အတြက္ လက္ရွိအခ်ိန္မွာေတာ့ အားသြင္းႏႈန္းက ကမၻာ့အျမန္ဆံုးလို႔ေတာင္ ေျပာရမွာပါ။ ဒီဖုန္းရဲ႕အားသြင္းႏႈန္းက ဘက္ထရီ ၄၀ ရာခိုင္ႏႈန္းအတြက္ အားသြင္းခ်ိန္က ၁၀ မိနစ္ပဲၾကာျမင့္ပါလိမ့္မယ္။

ကင္မရာ

ေက်ာဘက္မွာကင္မရာ ၃ လံုး တပ္ဆင္ထားတဲ့အတြက္ ဓာတ္ပံုပိုင္းအတြက္ေတာ့ စိတ္ဝင္စားစရာပါပဲ။ 12 MegapixelsWide ကင္မရာတစ္လံုး၊ 20 Megapixels ကင္မရာတစ္လံုးနဲ႔ TOF 3D stereo camera ကင္မရာတစ္လံုးကို Triple ပံုစံမ်ိဳးနဲ႔ သံုးထားတာေတြ႕ရပါတယ္။ TOF ကင္မရာဆိုတာကေတာ့ Time-of-Flight လို႔ေခၚတဲ့ ကင္မရာစနစ္ျဖစ္ၿပီး ဒီကင္မရာစနစ္ဟာ အလင္းသိရွိႏိုင္မႈႏႈန္းကို အလိုအေလ်ာက္ တြက္ခ်က္ေပးႏိုင္သလို ကင္မရာနဲ႔ ဓာတ္ပံု႐ုိက္တဲ့ ျမင္ကြင္းေတြရဲ႕ အကြာအေဝးနဲ႔ အလင္းႏႈန္းကိုလည္း ေသခ်ာတြက္ခ်က္ေဖာ္ျပႏိုင္ၿပီး ဓာတ္ပံုေတြကို အေကာင္းဆံုး ထုတ္ေပးႏိုင္တဲ့ စနစ္တစ္ခုလို႔ အၾကမ္းဖ်င္းအားျဖင့္ ေျပာလို႔ရပါတယ္။ R17 Pro မွာ TOF ကင္မရာ စနစ္ကို သံုးထားတဲ့အတြက္ ဒီဖုန္းမွာပါတဲ့ Night Mode ဟာေတာ္ေတာ္ေလး ေကာင္းမြန္လွၿပီး အလင္းေရာင္ေတာ္ေတာ္နည္းတဲ့ အခ်ိန္ေတြမွာေတာင္ ပံုေတြကို Detail ေကာင္းေကာင္းနဲ႔ ထုတ္ေပးႏိုင္တာေတြ႕ရပါတယ္။ ဓာတ္ပံုသမားေတြအတြက္ေတာ့ R17 Pro ကစိတ္ဝင္စားစရာပါ။

သံုးသပ္ခ်က္

ဒီဖုန္းဟာ ေစ်းႏႈန္းအရ Highend အမ်ိဳးအစားမ်ိဳးျဖစ္ၿပီး Memory ပိုင္း၊ ကင္မရာပိုင္း၊ ဖုန္းမွာအသံုးျပဳရမယ့္ Feture စနစ္ပိုင္းေတြမွာ ေတာ္ေတာ္ေလး ေကာင္းမြန္တဲ့ဖုန္းလို႔ ေျပာရမွာပါ။ ေနာက္တစ္ခ်က္က ဘက္ထရီပိုင္းက သင့္တင့္ေကာင္းမြန္သလို အားသြင္းႏႈန္းကေတာ့ ကမၻာ့အေကာင္းဆံုး အားသြင္းစနစ္တစ္ခုလို႔ေတာင္ ေျပာလို႔ရတဲ့အခ်က္လည္း ရွိေနပါတယ္။ Performance အျမင့္ႀကီးမလိုအပ္ပဲ ကင္မရာနဲ႔ Memory ပိုင္း၊ ဘက္ထရီပိုင္းေကာင္းေကာင္း သံုးခ်င္သူေတြဆိုရင္ေတာ့ ဒီဖုန္းကေတာ္ေတာ္ေလး ေရြးခ်ယ္လို႔ေကာင္းတဲ့ ဖုန္းပါ။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim) Dual Standby
Screen AMOLED, 6.4 Inch, 1080 x 2340 pixels
OS Android 8.1
CPU Octa-core (2×2.2 GHz Kryo 360 Gold & 6×1.7 GHz Kryo 360 Silver)
GPU Adreno 616
Camera 12 MP, f/1.5-2.4, 26mm (wide), Dual Pixel PDAF, OIS, 20 MP, f/2.6, AF, TOF 3D stereo camera, Front 25 MP, f/2.0
Memory Internal 128GB, RAM 8GB
Battery Li-Po 3700 mAh
Screen
Memory
Hands On
Feature
Battery

သူတို႔အျမင္

ကိုထူးထူး (စမ္းသပ္အသံုးျပဳသူ)

ဒီဖုန္းမွာ ကင္မရာပိုင္းကို စိတ္ဝင္စားတယ္။ ေက်ာဘက္ကင္မရာက ၃ လံုးသံုးထားၿပီး တစ္လံုးက TOF 3D stereo camera ကိုသံုး ထားတဲ့အခ်က္ကို ႀကိဳက္တယ္။ TOF ကင္မရာနည္းပညာက ဖုန္းရဲ႕ကင္မရာေတြအတြက္ အလင္းေရာင္ႏႈန္းကို ေသခ်ာတြက္ခ်က္ ေဖာ္ျပႏုိင္တဲ့အခ်က္က ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာ အေကာင္းဆံုးအ ေရာင္အေသြးပံုေတြကို ေဖာ္ျပႏိုင္တဲ့အခ်က္က သေဘာက်စရာ ေကာင္းတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဘက္ထရီနဲ႔ အားသြင္းစနစ္ ပဲ။ အားသြင္းစနစ္က ခုလက္ရွိအားသြင္းျမန္တယ္ဆိုတဲ့ Huawei Mate 20 Pro မွာေတာင္ 40 Watt ပဲရွိေသးတဲ့အခ်ိန္မွာ Super VOOC က 50 Watt ဆိုေတာ့ ဒါကအျမန္ဆံုး အားသြင္းစနစ္တစ္ခုပဲ။

ကိုျမတ္မ်ိဳးသြင္ (စမ္းသပ္အသံုးျပဳသူ)

ဘက္ထရီပိုင္းက သိပ္အျမင့္ႀကီး မဟုတ္ေပမယ့္လည္း အားသြင္းစနစ္က ေတာ္ေတာ္ေလးေကာင္းေနတဲ့အတြက္ ဖုန္းကိုအားသြင္းရတဲ့အခ်ိန္ ေတာ္ေတာ္သက္သာတဲ့ဖုန္းလို႔ေျပာလို႔ ရတယ္။ ဒီေလာက္ျမန္တဲ့ အားသြင္းစနစ္နဲ႔ဆိုရင္ ဘက္ထရီကို ဒီထပ္ပိုျမင့္တဲ့ ပမာဏထည့္မယ္ဆိုရင္ ပိုေတာင္ေကာင္းအံုးမယ္လို႔ ျမင္ မိတယ္။ ေနာက္တစ္ခ်က္ကေတာ့ ကင္မရာပိုင္းေတြ ေတာ္ေတာ္ေလး သေဘာက်ပါတယ္။ ဓာတ္ပံု႐ိုက္ရတာ ေတာ္ေတာ္ေလးေကာင္းပါတယ္။ Performance ပိုင္းမွာလည္းေကာင္းတယ္လို႔ ေျပာလို႔ ရေပမယ့္ သူ႔ေစ်းနဲ႔ ယွဥ္ၾကည့္မယ္ဆုိရင္ေတာ့ သံုးထားတဲ့ Chip ကို ဒီထပ္နည္းနည္းပိုျမင့္တာပါမယ္ဆိုရင္ ပိုတန္မယ္လုိ႔ ျမင္မိ တယ္။

ကိုသန္းလြင္ (စမ္းသပ္အသံုးျပဳသူ)

ကင္မရာပိုင္းကို သေဘာက်တယ္။ ကင္မရာမွာပါတဲ့ Zoom စနစ္ကသိပ္မမ်ားေပမယ့္လည္း သူ႔မွာပါတဲ့ 2X Zoom ကေတာ္ ေတာ္ေလးၿငိမ္ၿပီး ႐ိုက္လို႔ေကာင္းတာေတြ႕ရတယ္။ အလင္းအေမွာင္ကလည္း ေတာ္ေတာ္ေလးၿငိမ္တယ္။ Night ဆိုတဲ့ Mode ကို ေတာ္ေတာ္ေလးသေဘာက်တယ္။ Tripod ကိုသာ သံုးမယ္ဆုိရင္ ဒီဖုန္းရဲက Night Mode က ေတာ္ေတာ္ေလးေကာင္းတဲ့ပံုေတြကို ထုတ္ေပးႏိုင္တာေတြ႕ရတယ္။ ေနာက္တစ္ခ်က္ကေတာ့ Super VOOC ေပါ့။ အားသြင္းႏႈန္းေတာ္ေတာ္ေလးျမန္တဲ့အတြက္ အခ်ိန္ကုန္ ေတာ္ေတာ္သက္သာတယ္။ ဖုန္းရဲ႕ ဒီဇိုင္းကလည္းလွၿပီး ကိုင္ရတာလည္း ေတာ္ေတာ္ေလးေကာင္းပါတယ္။

Features

[ Unicode ]

Price : 899,900

အားသာချက်

ဒီဖုန်းမှာ Super VOOC Charge စနစ်ပါဝင်ပြီး ဒီစနစ်ရဲ့အားသွင်းနှုန်းက 50W ရှိတဲ့အတွက် အားသွင်းနှုန်းတော်တော်လေးမြန်တဲ့ဖုန်းလို့ ပြောလို့ရပါတယ်။ ကျောဘက်မှာ ကင်မရာသုံးလုံး ပါဝင်လာတဲ့အချက်၊ Selfie ကင်မရာကောင်းမွန်တဲ့အချက်၊ ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်ပမာဏ မြင့်မားကောင်းမွန်တဲ့အချက်၊ Indisplay Fingerprint စနစ်ကို အသုံးပြုနိုင်တဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိကအားသာချက်တွေလို့ ပြောရမှာပါ။

အားနည်းချက်

ဒီဖုန်းမှာ ပါဝင်တဲ့ Face Unlock စနစ်က သိပ်ပြီးတိကျမှု မရှိသေးတာတော့ တွေ့ရပါတယ်။ မျက်နှာကို မှတ်သားပြီး ဖုန်းကို Lock ဖွင့်တဲ့အချိန်မှာ အသုံးပြုသူက မျက်စိမှိတ်ထားတဲ့ အခြေအနေမှာတောင် Lock ကို ဖွင့်ပေးနိုင်နေတဲ့အတွက် ကိုယ်ပိုင်အသုံးပြုနေချိန်တွေလောက်မှာပဲ အသုံးပြုသင့်ပြီး အိပ်မယ်ဆိုရင်တော့ Face Unlock ကိုပိတ်ထားတာပိုပြီး စိတ်ချရနိုင်ပါတယ်။

CPU

Octa-core 2.2 GHz Kryo 360 Gold နှစ်လုံး၊ 1.7 GHz Kryo 360 Silver ခြောက်လုံး စုစုပေါင်း Core ၈ လုံးကို အသုံးပြုထားပြီး Chipset ကတော့ Qualcomm SDM710 Snapdragon 710 (10 nm) ကို သုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance ကကောင်းမွန်တဲ့ အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့သူ့ရဲ့စျေးနှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီထပ်နည်းနည်းပိုမြင့်တဲ့ 835 Chipset မျိုးကို သုံးမယ်ဆိုရင် ပိုပြီးလိုက်ဖက်မယ်လို့တော့ ခံစားရပါတယ်။

ဒီဇိုင်း

မျက်နှာပြင်ကျယ်ဝန်းတဲ့ ဒီဇိုင်းနဲ့ မျက်နှာပြင်အပြည့် ပုံစံဖုန်းမျိုးဖြစ်ပြီး Notch ကလည်း သေးငယ်ပါတယ်။ ဖုန်းမျက်နှာပြင်ရဲ့ဘေးဘောင်တွေနဲ့ အထက်အောက်ဘောင်တွေကလည်း တော်တော်လေး သေးငယ်တဲ့အတွက် မြင်ကွင်းကကြည့်ရတာ တော်တော်အဆင်ပြေပါတယ်။

ဘက်ထရီ

Li-Po 3700 mAh ဘက်ထရီကို သုံးထားတဲ့အတွက် ဖုန်းကိုတစ်နေ့တာ အသုံးပြုဖို့အတွက် လုံလောက်တဲ့ ဘက်ထရီပမာဏလို့ ပြောနိုင်ပါတယ်။ အားသွင်းစနစ်မှာတော့ Super VOOC Charging စနစ်ပါဝင်ပြီး အားသွင်းနှုန်းက 50W ရှိတဲ့အတွက် လက်ရှိအချိန်မှာတော့ အားသွင်းနှုန်းက ကမ္ဘာ့အမြန်ဆုံးလို့တောင် ပြောရမှာပါ။ ဒီဖုန်းရဲ့အားသွင်းနှုန်းက ဘက်ထရီ ၄၀ ရာခိုင်နှုန်းအတွက် အားသွင်းချိန်က ၁၀ မိနစ်ပဲကြာမြင့်ပါလိမ့်မယ်။

ကင်မရာ

ကျောဘက်မှာကင်မရာ ၃ လုံး တပ်ဆင်ထားတဲ့အတွက် ဓာတ်ပုံပိုင်းအတွက်တော့ စိတ်ဝင်စားစရာပါပဲ။ 12 MegapixelsWide ကင်မရာတစ်လုံး၊ 20 Megapixels ကင်မရာတစ်လုံးနဲ့ TOF 3D stereo camera ကင်မရာတစ်လုံးကို Triple ပုံစံမျိုးနဲ့ သုံးထားတာတွေ့ရပါတယ်။ TOF ကင်မရာဆိုတာကတော့ Time-of-Flight လို့ခေါ်တဲ့ ကင်မရာစနစ်ဖြစ်ပြီး ဒီကင်မရာစနစ်ဟာ အလင်းသိရှိနိုင်မှုနှုန်းကို အလိုအလျောက် တွက်ချက်ပေးနိုင်သလို ကင်မရာနဲ့ ဓာတ်ပုံရိုက်တဲ့ မြင်ကွင်းတွေရဲ့ အကွာအဝေးနဲ့ အလင်းနှုန်းကိုလည်း သေချာတွက်ချက်ဖော်ပြနိုင်ပြီး ဓာတ်ပုံတွေကို အကောင်းဆုံး ထုတ်ပေးနိုင်တဲ့ စနစ်တစ်ခုလို့ အကြမ်းဖျင်းအားဖြင့် ပြောလို့ရပါတယ်။ R17 Pro မှာ TOF ကင်မရာ စနစ်ကို သုံးထားတဲ့အတွက် ဒီဖုန်းမှာပါတဲ့ Night Mode ဟာတော်တော်လေး ကောင်းမွန်လှပြီး အလင်းရောင်တော်တော်နည်းတဲ့ အချိန်တွေမှာတောင် ပုံတွေကို Detail ကောင်းကောင်းနဲ့ ထုတ်ပေးနိုင်တာတွေ့ရပါတယ်။ ဓာတ်ပုံသမားတွေအတွက်တော့ R17 Pro ကစိတ်ဝင်စားစရာပါ။

သုံးသပ်ချက်

ဒီဖုန်းဟာ စျေးနှုန်းအရ Highend အမျိုးအစားမျိုးဖြစ်ပြီး Memory ပိုင်း၊ ကင်မရာပိုင်း၊ ဖုန်းမှာအသုံးပြုရမယ့် Feture စနစ်ပိုင်းတွေမှာ တော်တော်လေး ကောင်းမွန်တဲ့ဖုန်းလို့ ပြောရမှာပါ။ နောက်တစ်ချက်က ဘက်ထရီပိုင်းက သင့်တင့်ကောင်းမွန်သလို အားသွင်းနှုန်းကတော့ ကမ္ဘာ့အကောင်းဆုံး အားသွင်းစနစ်တစ်ခုလို့တောင် ပြောလို့ရတဲ့အချက်လည်း ရှိနေပါတယ်။ Performance အမြင့်ကြီးမလိုအပ်ပဲ ကင်မရာနဲ့ Memory ပိုင်း၊ ဘက်ထရီပိုင်းကောင်းကောင်း သုံးချင်သူတွေဆိုရင်တော့ ဒီဖုန်းကတော်တော်လေး ရွေးချယ်လို့ကောင်းတဲ့ ဖုန်းပါ။
ကိုထူးထူး (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းမှာ ကင်မရာပိုင်းကို စိတ်ဝင်စားတယ်။ ကျောဘက်ကင်မရာက ၃ လုံးသုံးထားပြီး တစ်လုံးက TOF 3D stereo camera ကိုသုံး ထားတဲ့အချက်ကို ကြိုက်တယ်။ TOF ကင်မရာနည်းပညာက ဖုန်းရဲ့ကင်မရာတွေအတွက် အလင်းရောင်နှုန်းကို သေချာတွက်ချက် ဖော်ပြနိုင်တဲ့အချက်က ဓာတ်ပုံရိုက်တဲ့အချိန်မှာ အကောင်းဆုံးအ ရောင်အသွေးပုံတွေကို ဖော်ပြနိုင်တဲ့အချက်က သဘောကျစရာ ကောင်းတယ်။ နောက်တစ်ချက်ကတော့ ဘက်ထရီနဲ့ အားသွင်းစနစ် ပဲ။ အားသွင်းစနစ်က ခုလက်ရှိအားသွင်းမြန်တယ်ဆိုတဲ့ Huawei Mate 20 Pro မှာတောင် 40 Watt ပဲရှိသေးတဲ့အချိန်မှာ Super VOOC က 50 Watt ဆိုတော့ ဒါကအမြန်ဆုံး အားသွင်းစနစ်တစ်ခုပဲ။

ကိုမြတ်မျိုးသွင် (စမ်းသပ်အသုံးပြုသူ)

ဘက်ထရီပိုင်းက သိပ်အမြင့်ကြီး မဟုတ်ပေမယ့်လည်း အားသွင်းစနစ်က တော်တော်လေးကောင်းနေတဲ့အတွက် ဖုန်းကိုအားသွင်းရတဲ့အချိန် တော်တော်သက်သာတဲ့ဖုန်းလို့ပြောလို့ ရတယ်။ ဒီလောက်မြန်တဲ့ အားသွင်းစနစ်နဲ့ဆိုရင် ဘက်ထရီကို ဒီထပ်ပိုမြင့်တဲ့ ပမာဏထည့်မယ်ဆိုရင် ပိုတောင်ကောင်းအုံးမယ်လို့ မြင် မိတယ်။ နောက်တစ်ချက်ကတော့ ကင်မရာပိုင်းတွေ တော်တော်လေး သဘောကျပါတယ်။ ဓာတ်ပုံရိုက်ရတာ တော်တော်လေးကောင်းပါတယ်။ Performance ပိုင်းမှာလည်းကောင်းတယ်လို့ ပြောလို့ ရပေမယ့် သူ့စျေးနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ သုံးထားတဲ့ Chip ကို ဒီထပ်နည်းနည်းပိုမြင့်တာပါမယ်ဆိုရင် ပိုတန်မယ်လို့ မြင်မိ တယ်။

ကိုသန်းလွင် (စမ်းသပ်အသုံးပြုသူ)

ကင်မရာပိုင်းကို သဘောကျတယ်။ ကင်မရာမှာပါတဲ့ Zoom စနစ်ကသိပ်မများပေမယ့်လည်း သူ့မှာပါတဲ့ 2X Zoom ကတော် တော်လေးငြိမ်ပြီး ရိုက်လို့ကောင်းတာတွေ့ရတယ်။ အလင်းအမှောင်ကလည်း တော်တော်လေးငြိမ်တယ်။ Night ဆိုတဲ့ Mode ကို တော်တော်လေးသဘောကျတယ်။ Tripod ကိုသာ သုံးမယ်ဆိုရင် ဒီဖုန်းရဲက Night Mode က တော်တော်လေးကောင်းတဲ့ပုံတွေကို ထုတ်ပေးနိုင်တာတွေ့ရတယ်။ နောက်တစ်ချက်ကတော့ Super VOOC ပေါ့။ အားသွင်းနှုန်းတော်တော်လေးမြန်တဲ့အတွက် အချိန်ကုန် တော်တော်သက်သာတယ်။ ဖုန်းရဲ့ ဒီဇိုင်းကလည်းလှပြီး ကိုင်ရတာလည်း တော်တော်လေးကောင်းပါတယ်။