OPPO R17 Pro စမတ်ဖုန်း ပြည်တွင်းဈေးကွက် ဝင်ရောက်

[ Zawgyi ]

ကင်မရာ ၃ ခုပါဝင်တဲ့ OPPO R17 စမတ်ဖုန်းကို ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာ ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။



-အောင်သက်ကို

[ Unicode ]

ကင်မရာ ၃ ခုပါဝင်တဲ့ OPPO R17 စမတ်ဖုန်းကို ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာ ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

OPPO ရဲ့ High- end စမတ်ဖုန်း အမျိုးအစားဖြစ်ပြီး တန်ဖိုးက ၈၉၉,၉၀၀ ကျပ်ဖြစ်ပါတယ်။ ရေစက်ပုံစံ Notch ပါဝင်ပြီး မျက်နှာပြင်အရွယ်အစားက ၆.၄ လက်မဖြစ်ပါတယ်။ AMOLED Display ကိုအသုံးပြုထားပြီး Resolution က 1080×2340 ဖြစ်ပါတယ်။ ကျောဘက်မှာ 12MP , 20MP Tele Camera နဲ့ TOF ကင်မရာ စုစုပေါင်း ကင်မရာသုံးခုပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 25MP နဲ့ဖြစ်ပြီး HDR စနစ်နဲ့ ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ Octa Core 1.7GHz CPU နဲ့ RAM 8GB ထည့်သွင်းအသုံးပြုထားပါတယ်။

အချက်အလက် သိုလှောင်ဖို့အတွက် 128GB ပါဝင်ပါတယ်။ Graphic ပိုင်းအတွက် Qualcomm Snapdragon 710 အသုံးပြုထားပါတယ်။ Indisplay လက်ဗွေလုံခြုံရေးစနစ် ပါ၀င်ပါတယ်။ Android 8.1 (Oreo) အခြေခံ Color OS 5.2 ထည့်သွင်း အသုံးပြုထားပါတယ်။ Non-removable Li-Po 3700mAh ဘက်ထရီ အသုံးပြုထားပြီး 50W Super VOOC စနစ်ပါဝင်တဲ့ အတွက် ၁၀ မိနစ် အားသွင်းရုံနဲ့ ၄၀ ရာခိုင်နှုန်း အားပြန်သွင်းနိုင်ပါတယ်။