OPPO Find X lamborghini Edition

[ Zawgyi ]

Price : 2,200,000

အားသာခ်က္

ဒီဖုန္းဟာ CPU ပိုင္းနဲ႔ ဖုန္းတြင္းမွတ္ဉာဏ္ပိုင္းေတြမွာ ေကာင္းမြန္တဲ့အျပင္ ဖုန္းရဲ႕ကင္မရာ ဖြဲ႕စည္းတည္ေဆာက္မႈအပိုင္း ဆန္းသစ္ထားတဲ့ ပံုစံနဲ႔ ကင္မရာေတြရဲ႕ စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိက အားသာခ်က္ေတြလို႔ ေျပာလို႔ရပါတယ္။ Screen ပိုင္းမွာလည္း ေကာင္းမြန္တဲ့ဖုန္းပါ။ ဘက္ထရီပိုင္းမွာလည္း ေကာင္းမြန္တဲ့အျပင္ ပံုမွန္ Find X ထက္ သာလြန္တဲ့အခ်က္ေတြကေတာ့ အားသြင္းစနစ္မွာ Super VOOC Charge စနစ္ျဖစ္သြားတဲ့အျပင္ မွတ္ဉာဏ္ပိုင္းမွာဆိုရင္လည္း ပံုမွန္ Find X ထပ္ႏွစ္ဆ ပိုမိုသာလြန္ေကာင္းမြန္တဲ့ အခ်က္ေတြရွိ ေနပါတယ္။

အားနည္းခ်က္

ဒီဖုန္းမွာေတာ့ Android ရဲ႕ပံုမွန္ Lock စနစ္ေတြနဲ႔ 3D Face Unlock စနစ္ကိုပဲ အသံုးျပဳရမွာျဖစ္ၿပီး Finger Print မပါဝင္ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ဒီဖုန္းမွာ FM Radio စနစ္မပါဝင္သလို Temperature Sensor နဲ႔ ေရစိုခံစနစ္လည္း ပါဝင္တာမေတြ႕ရပါဘူး။

ဒီဇိုင္း

မ်က္ႏွာျပင္က်ယ္ဝန္းတဲ့ ပံုစံဒီဇိုင္းမ်ိဳးလုပ္ထားၿပီး Screen ထိပ္ဘက္မွာလည္း Notch မပါဝင္ပါဘူး။ ေရွ႕ဘက္မွာ Panoramic Screen ကို အသံုးျပဳထားၿပီး Screen ေဘးနားႏွစ္ဘက္ ခံုးပံုစံနဲ႔ ေက်ာဘက္ကာဗာကလည္း ေဘးအနားႏွစ္ဘက္ ခံုးပံုစံမ်ိဳးလုပ္ထားတဲ့ ဖုန္းပါ။ ဒီဇိုင္းပိုင္း လွပေသသပ္တဲ့အျပင္ စြဲေဆာင္မႈရွိတဲ့ ပံုစံမ်ိဳးရွိတဲ့ဖုန္းပါ။ ဖုန္းရဲ႕အေပၚထိပ္ဘက္မွာ Slide နဲ႔ အတက္အဆင္းလုပ္ႏိုင္တဲ့ ကင္မရာကို ကိုယ္ထည္ထဲမွာ သိမ္းထားတဲ့ ပံုစံမ်ိဳးျပဳလုပ္ထားတာ ေတြ႕ရပါတယ္။ ေက်ာဘက္ကာဗာေပၚမွာ lamborghini Logo ပါဝင္ၿပီး ေက်ာဘက္ကာဗာကိုေတာ့ Sports Car ေတြမွာ အဓိကအသံုးျပဳတဲ့ Carbon fibrematerial ကို သံုးထားတာပါ။

ျမင္ကြင္း

Notch မပါတဲ့အတြက္ ျမင္ကြင္းကေတာ့ ရွင္းလင္းက်ယ္ဝန္းတဲ့ အရသာကိုေပးႏိုင္တဲ့ ဖုန္းပါ။ မ်က္ႏွာျပင္ အရြယ္အစားက ၆.၄ လက္မရွိတဲ့ AMOLED Screen ကို အသံုးျပဳထားၿပီး 1080 x 2340 pixels ရွိတဲ့ Full HD+ Screen အမ်ိဳးအစားပါ။

နည္းပညာ

နည္းပညာပိုင္းမွာေတာ့ ကင္မရာကို ဖုန္းရဲ႕ကိုယ္ထည္ထဲမွာ ျမႇဳပ္ထားတဲ့ပံုစံမ်ိဳး လုပ္ထားတဲ့ Slide နည္းပညာအသစ္တစ္ခုကို ဒီဖုန္းမွာထိေတြ႕ ခံစားရမွာျဖစ္ပါတယ္။ ျမင့္မားတဲ့ CPU ရဲ႕ စြမ္းအင္ေခၽြတာေပးႏိုင္မႈ နည္းပညာ၊ ေရွ႕ကင္မရာမွာ ပါဝင္လာတဲ့ 3D AI Beauty နည္းပညာ HDR Sensor နည္းပညာ၊ RAW HDR နည္းပညာ၊ ျပည့္စံုေကာင္းမြန္တဲ့ Photo Edit Tool နည္းပညာေတြကိုလည္း ဒီဖုန္းမွာ ျမင္ေတြ႕ရပါလိမ့္မယ္။ ဒါ့အျပင္ ေရွ႕ကင္မရာမွာ 3D Structured Light Face  Recognition နည္းပညာလည္း ပါဝင္လာၿပီး Face Unlock စနစ္အတြက္ တိက်တဲ့ မ်က္ႏွာမွတ္သားမႈပံုစံနဲ႔ အေမွာင္ထဲမွာေတာင္ အသံုးျပဳသူရဲ႕ မ်က္ႏွာကို သိရွိႏိုင္တဲ့ နည္းပညာေတြ ပါဝင္လာပါတယ္။ အားသြင္းႏႈန္းျမန္ဆန္တဲ့ Super VOOC Charge စနစ္ကလည္း 3400mAh ဘက္ထရီကို ၃၅ မိနစ္အတြင္း ၁၀၀ ရာခိုင္ႏႈန္းအျပည့္ အားျပန္သြင္းေပးႏုိင္ပါတယ္။

သံုးသပ္ခ်က္

Find X lamborghini Edition ဟာ ဖုန္းရဲ႕ Performance ပိုင္းမွာ ျမင့္မားေကာင္းမြန္တဲ့ ဖုန္းျဖစ္တဲ့အျပင္ ဖုန္းရဲ႕ဒီဇိုင္းနဲ႔ အေရာင္အေသြးကလည္း လွပတဲ့ဖုန္းျဖစ္ပါတယ္။ CPU, GPU, Chipset ေတြ ျမင့္မားတဲ့အျပင္ မွတ္ဉာဏ္ပိုင္းမွာလည္း ျမင့္မားေကာင္းမြန္တဲ့ ဖုန္းပါ။ ကင္မရာပိုင္းမွာဆိုရင္လည္း ေရွ႕ကင္မရာနဲ႔ ေနာက္ဘက္ကင္မရာႏွစ္ခုစလံုးဟာ စြမ္းေဆာင္ရည္ပိုင္း ျမင့္မားေကာင္းမြန္တဲ့အတြက္ ဓာတ္ပံုသမားေတြအတြက္ အႀကိဳက္ေတြ႕ႏိုင္ပါတယ္။ နည္းပညာပိုင္း၊ ဖြဲ႕စည္းတည္ေဆာက္မႈ ဒီဇိုင္းပိုင္း၊ ဖုန္းရဲ႕ Performance ပိုင္းေတြမွာ ျပည့္စံုေကာင္းမြန္ေနတဲ့ ဖုန္းျဖစ္ပါတယ္။ ဒီဖုန္းက ေစ်းႏႈန္းျမင့္မားတဲ့ တန္ဖိုးျမင့္ ဖုန္းအမ်ိဳးအစား တစ္ခုျဖစ္ေနေပမယ့္ ေရစိုမခံတဲ့ အခ်က္တစ္ခ်က္ေတာ့ ရွိေနပါတယ္။ ေနာက္ပိုင္းထြက္ တန္ဖိုးျမင့္ ဖုန္းေတာ္ေတာ္မ်ားမ်ားဟာ ေရစိုခံႏုိင္လာၾကေပမယ့္ ဒီဖုန္းမွာေတာ့ ေရစိုခံနည္းပညာ မပါဝင္လာပါဘူး။

Network     GSM – 2G/ 3G/ 4G

SIM             Dual SIM (Nano Sim)

OS               Android 8.1 (Oreo)

CPU            Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver)

GPU            Adreno 630

Camera      Pop-up 16 MP, f/2.0, PDAF, OIS, 20 MP, f/2.0, LED flash, Auto-HDR, panorama

Video, Selfie 25 MP, f/2.0

Memory    Internal 512GB, RAM 8GB

Bluetooth 5.0, A2DP, LE

သူတို႔အျမင္

ကိုထြဋ္လင္းေအာင္

ဒီဖုန္းကိုေတာ့ မသံုးၾကည့္ဘူးေသးဘူး။ ဒါေပမယ့္ Find X ကိုေတာ့ သံုးဘူးတယ္။ Find X နဲ႔ အျပင္အဆင္ဒီဇိုင္းပိုင္းမွာ တူတယ္ဆို တဲ့အတြက္ လွတယ္လို႔ ေျပာရမွာပဲ။ အြန္လိုင္းမွာ ၾကည့္လိုက္တာေတာ့ lamborghini Logo ေက်ာဘက္မွာ ထည့္ထားတာက တကယ့္ တန္ဖိုးရွိ ဖုန္းအမ်ိဳးအစားတစ္ခုဆိုတာကို ျပေနတဲ့ပံုမ်ိဳးရွိတယ္။ ေနာက္တစ္ခ်က္က သူကအနက္ေရာင္ပဲထြက္ၿပီး ၿပိဳင္ကားေတြရဲ႕ Carbon fibrematerial ကို သံုးထားတာဆိုေတာ့ ကိုင္ရတာလက္ထဲမွာ ေတာ္ေတာ္ေကာင္းမယ့္ပံု ရွိပါတယ္။ မွတ္ဉာဏ္နဲ႔ အားသြင္းစနစ္ မွာ ႐ိုး႐ိုး Find X ထပ္ပိုေကာင္းသြားတယ္လို႔ ဆိုေပမယ့္ဘက္ထရီ ပိုင္းမွာေတာ့ သိပ္မထူးလာဘူးလို႔ ခံစားရတယ္။ ေနာက္တစ္ခ်က္က ေစ်းႏႈန္းမွာ ထက္ဝက္နီးပါးကြာေနတဲ့ အခ်က္လည္းရွိတယ္။

ကိုစိုင္းဝင္းလြင္

လက္ရွိေတာ့ Find X ကိုင္ထားတယ္။ lamborghini Edition ကေတာ့သူက Luxury Series ပံုစံနဲ႔ ဒီဇိုင္းမ်ိဳးဆိုေတာ့ တန္ဖိုးရွိတဲ့ ဒီဇိုင္းလုပ္ထားတာေတြ႕ရတယ္။ Review ေတြၾကည့္တယ္၊ ဓာတ္ပံုေတြၾကည့္တဲ့ အခ်ိန္မွာလည္း ေတာ္ေတာ္ေလးလွပါတယ္။ Find X နဲ႔ ပံုစံတူတယ္ဆုိေပမယ့္ ေက်ာဘက္ကာဗာေပၚမွာ lamborghini Logo ထည့္ထားတာ၊ ဖုန္းကို Carbon fibrematerial သံုးထားတဲ့အ ခ်က္ေတြကေတာ့ ေကာင္းတဲ့အခ်က္ေတြလို႔ ေျပာရမွာပဲ။ သံုးရတာကလည္း ႐ိုး႐ိုး Find X ထက္ ဘာေတြပိုေကာင္းမလဲဆိုတာေတာ့ မသိရေသးဘူးေပါ့။ ဒါေပမဲ့ Memory ပိုင္းနဲ႔ အားသြင္းစနစ္ပိုင္းမွာေတာ့ Find X ထက္ ႏွစ္ဆပိုေကာင္းေနၿပီး ေစ်းႏႈန္းမွာလည္း သံုးပံု တစ္ပံုေလာက္ ပိုမ်ားေနတာေတာ့ ေတြ႕ရတယ္။

ကိုရန္ႏိုင္ေမာင္

ဒီဖုန္းကို မသံုးရေသးဘူးဆိုေပမယ့္ အႀကိဳသံုးသပ္ရမယ္ဆိုရင္ေတာ့ ႐ိုး႐ိုး Find X ထပ္ Memory ပိုမ်ားတယ္၊ အားသြင္းစနစ္ပို ေကာင္းတယ္လို႔ ဆိုေပမယ့္လည္း ေစ်းကလည္း အမ်ားႀကီးကြာတဲ့အတြက္ ကၽြန္ေတာ့္အတြက္ေတာ့ နည္းနည္းစဥ္းစားစရာျဖစ္တယ္။ တန္ဖိုးျမင့္ Luxury ဖုန္းျဖစ္တဲ့အတြက္ေတာ့ Luxury ႀကိဳက္တဲ့သူေတြ အတြက္ေတာ့ ေရြးခ်ယ္ခ်င္စရာပဲ။ lamborghini Edition ျဖစ္ တဲ့အတြက္ ကားနဲ႔ ခ်ိတ္သံုးႏိုင္တဲ့ စနစ္တြပါလာမလားဆိုတာကလည္း စဥ္းစားစရာတစ္ခုေပါ့။ ေထြေထြထူးထူးဘာမွမပါပဲ Memory ပိုင္းနဲ႔ အားသြင္းစနစ္ပိုင္း၊ ကိုယ္ထည္တည္ေဆာက္မႈ အပိုင္းေလာက္ပဲ ကြာတာဆိုရင္ေတာ့ ႐ိုး႐ိုး Find X လည္း ေကာင္းေနတာပဲလို႔ေတာ့ ေျပာခ်င္တယ္။

-ကိုသက္

[ Unicode ]

Price : 2,200,000

အားသာချက်

ဒီဖုန်းဟာ CPU ပိုင်းနဲ့ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းတွေမှာ ကောင်းမွန်တဲ့အပြင် ဖုန်းရဲ့ကင်မရာ ဖွဲ့စည်းတည်ဆောက်မှုအပိုင်း ဆန်းသစ်ထားတဲ့ ပုံစံနဲ့ ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ပြောလို့ရပါတယ်။ Screen ပိုင်းမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ဘက်ထရီပိုင်းမှာလည်း ကောင်းမွန်တဲ့အပြင် ပုံမှန် Find X ထက် သာလွန်တဲ့အချက်တွေကတော့ အားသွင်းစနစ်မှာ Super VOOC Charge စနစ်ဖြစ်သွားတဲ့အပြင် မှတ်ဉာဏ်ပိုင်းမှာဆိုရင်လည်း ပုံမှန် Find X ထပ်နှစ်ဆ ပိုမိုသာလွန်ကောင်းမွန်တဲ့ အချက်တွေရှိ နေပါတယ်။

အားနည်းချက်

ဒီဖုန်းမှာတော့ Android ရဲ့ပုံမှန် Lock စနစ်တွေနဲ့ 3D Face Unlock စနစ်ကိုပဲ အသုံးပြုရမှာဖြစ်ပြီး Finger Print မပါဝင်ပါဘူး။ နောက်တစ်ချက်ကတော့ ဒီဖုန်းမှာ FM Radio စနစ်မပါဝင်သလို Temperature Sensor နဲ့ ရေစိုခံစနစ်လည်း ပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း

မျက်နှာပြင်ကျယ်ဝန်းတဲ့ ပုံစံဒီဇိုင်းမျိုးလုပ်ထားပြီး Screen ထိပ်ဘက်မှာလည်း Notch မပါဝင်ပါဘူး။ ရှေ့ဘက်မှာ Panoramic Screen ကို အသုံးပြုထားပြီး Screen ဘေးနားနှစ်ဘက် ခုံးပုံစံနဲ့ ကျောဘက်ကာဗာကလည်း ဘေးအနားနှစ်ဘက် ခုံးပုံစံမျိုးလုပ်ထားတဲ့ ဖုန်းပါ။ ဒီဇိုင်းပိုင်း လှပသေသပ်တဲ့အပြင် စွဲဆောင်မှုရှိတဲ့ ပုံစံမျိုးရှိတဲ့ဖုန်းပါ။ ဖုန်းရဲ့အပေါ်ထိပ်ဘက်မှာ Slide နဲ့ အတက်အဆင်းလုပ်နိုင်တဲ့ ကင်မရာကို ကိုယ်ထည်ထဲမှာ သိမ်းထားတဲ့ ပုံစံမျိုးပြုလုပ်ထားတာ တွေ့ရပါတယ်။ ကျောဘက်ကာဗာပေါ်မှာ lamborghini Logo ပါဝင်ပြီး ကျောဘက်ကာဗာကိုတော့ Sports Car တွေမှာ အဓိကအသုံးပြုတဲ့ Carbon fibrematerial ကို သုံးထားတာပါ။

မြင်ကွင်း

Notch မပါတဲ့အတွက် မြင်ကွင်းကတော့ ရှင်းလင်းကျယ်ဝန်းတဲ့ အရသာကိုပေးနိုင်တဲ့ ဖုန်းပါ။ မျက်နှာပြင် အရွယ်အစားက ၆.၄ လက်မရှိတဲ့ AMOLED Screen ကို အသုံးပြုထားပြီး 1080 x 2340 pixels ရှိတဲ့ Full HD+ Screen အမျိုးအစားပါ။

နည်းပညာ

နည်းပညာပိုင်းမှာတော့ ကင်မရာကို ဖုန်းရဲ့ကိုယ်ထည်ထဲမှာ မြှုပ်ထားတဲ့ပုံစံမျိုး လုပ်ထားတဲ့ Slide နည်းပညာအသစ်တစ်ခုကို ဒီဖုန်းမှာထိတွေ့ ခံစားရမှာဖြစ်ပါတယ်။ မြင့်မားတဲ့ CPU ရဲ့ စွမ်းအင်ချွေတာပေးနိုင်မှု နည်းပညာ၊ ရှေ့ကင်မရာမှာ ပါဝင်လာတဲ့ 3D AI Beauty နည်းပညာ HDR Sensor နည်းပညာ၊ RAW HDR နည်းပညာ၊ ပြည့်စုံကောင်းမွန်တဲ့ Photo Edit Tool နည်းပညာတွေကိုလည်း ဒီဖုန်းမှာ မြင်တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် ရှေ့ကင်မရာမှာ 3D Structured Light Face Recognition နည်းပညာလည်း ပါဝင်လာပြီး Face Unlock စနစ်အတွက် တိကျတဲ့ မျက်နှာမှတ်သားမှုပုံစံနဲ့ အမှောင်ထဲမှာတောင် အသုံးပြုသူရဲ့ မျက်နှာကို သိရှိနိုင်တဲ့ နည်းပညာတွေ ပါဝင်လာပါတယ်။ အားသွင်းနှုန်းမြန်ဆန်တဲ့ Super VOOC Charge စနစ်ကလည်း 3400mAh ဘက်ထရီကို ၃၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်းအပြည့် အားပြန်သွင်းပေးနိုင်ပါတယ်။

သုံးသပ်ချက်

Find X lamborghini Edition ဟာ ဖုန်းရဲ့ Performance ပိုင်းမှာ မြင့်မားကောင်းမွန်တဲ့ ဖုန်းဖြစ်တဲ့အပြင် ဖုန်းရဲ့ဒီဇိုင်းနဲ့ အရောင်အသွေးကလည်း လှပတဲ့ဖုန်းဖြစ်ပါတယ်။ CPU, GPU, Chipset တွေ မြင့်မားတဲ့အပြင် မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။ ကင်မရာပိုင်းမှာဆိုရင်လည်း ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာနှစ်ခုစလုံးဟာ စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တဲ့အတွက် ဓာတ်ပုံသမားတွေအတွက် အကြိုက်တွေ့နိုင်ပါတယ်။ နည်းပညာပိုင်း၊ ဖွဲ့စည်းတည်ဆောက်မှု ဒီဇိုင်းပိုင်း၊ ဖုန်းရဲ့ Performance ပိုင်းတွေမှာ ပြည့်စုံကောင်းမွန်နေတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းက စျေးနှုန်းမြင့်မားတဲ့ တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်နေပေမယ့် ရေစိုမခံတဲ့ အချက်တစ်ချက်တော့ ရှိနေပါတယ်။ နောက်ပိုင်းထွက် တန်ဖိုးမြင့် ဖုန်းတော်တော်များများဟာ ရေစိုခံနိုင်လာကြပေမယ့် ဒီဖုန်းမှာတော့ ရေစိုခံနည်းပညာ မပါဝင်လာပါဘူး။

Network GSM – 2G/ 3G/ 4G

SIM Dual SIM (Nano Sim)

OS Android 8.1 (Oreo)

CPU Octa-core (4×2.8 GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver)

GPU Adreno 630

Camera Pop-up 16 MP, f/2.0, PDAF, OIS, 20 MP, f/2.0, LED flash, Auto-HDR, panorama

Video, Selfie 25 MP, f/2.0

Memory Internal 512GB, RAM 8GB

Bluetooth 5.0, A2DP, LE

သူတို့အမြင်

ကိုထွဋ်လင်းအောင်

ဒီဖုန်းကိုတော့ မသုံးကြည့်ဘူးသေးဘူး။ ဒါပေမယ့် Find X ကိုတော့ သုံးဘူးတယ်။ Find X နဲ့ အပြင်အဆင်ဒီဇိုင်းပိုင်းမှာ တူတယ်ဆို တဲ့အတွက် လှတယ်လို့ ပြောရမှာပဲ။ အွန်လိုင်းမှာ ကြည့်လိုက်တာတော့ lamborghini Logo ကျောဘက်မှာ ထည့်ထားတာက တကယ့် တန်ဖိုးရှိ ဖုန်းအမျိုးအစားတစ်ခုဆိုတာကို ပြနေတဲ့ပုံမျိုးရှိတယ်။ နောက်တစ်ချက်က သူကအနက်ရောင်ပဲထွက်ပြီး ပြိုင်ကားတွေရဲ့ Carbon fibrematerial ကို သုံးထားတာဆိုတော့ ကိုင်ရတာလက်ထဲမှာ တော်တော်ကောင်းမယ့်ပုံ ရှိပါတယ်။ မှတ်ဉာဏ်နဲ့ အားသွင်းစနစ် မှာ ရိုးရိုး Find X ထပ်ပိုကောင်းသွားတယ်လို့ ဆိုပေမယ့်ဘက်ထရီ ပိုင်းမှာတော့ သိပ်မထူးလာဘူးလို့ ခံစားရတယ်။ နောက်တစ်ချက်က စျေးနှုန်းမှာ ထက်ဝက်နီးပါးကွာနေတဲ့ အချက်လည်းရှိတယ်။

ကိုစိုင်းဝင်းလွင်

လက်ရှိတော့ Find X ကိုင်ထားတယ်။ lamborghini Edition ကတော့သူက Luxury Series ပုံစံနဲ့ ဒီဇိုင်းမျိုးဆိုတော့ တန်ဖိုးရှိတဲ့ ဒီဇိုင်းလုပ်ထားတာတွေ့ရတယ်။ Review တွေကြည့်တယ်၊ ဓာတ်ပုံတွေကြည့်တဲ့ အချိန်မှာလည်း တော်တော်လေးလှပါတယ်။ Find X နဲ့ ပုံစံတူတယ်ဆိုပေမယ့် ကျောဘက်ကာဗာပေါ်မှာ lamborghini Logo ထည့်ထားတာ၊ ဖုန်းကို Carbon fibrematerial သုံးထားတဲ့အ ချက်တွေကတော့ ကောင်းတဲ့အချက်တွေလို့ ပြောရမှာပဲ။ သုံးရတာကလည်း ရိုးရိုး Find X ထက် ဘာတွေပိုကောင်းမလဲဆိုတာတော့ မသိရသေးဘူးပေါ့။ ဒါပေမဲ့ Memory ပိုင်းနဲ့ အားသွင်းစနစ်ပိုင်းမှာတော့ Find X ထက် နှစ်ဆပိုကောင်းနေပြီး စျေးနှုန်းမှာလည်း သုံးပုံ တစ်ပုံလောက် ပိုများနေတာတော့ တွေ့ရတယ်။

ကိုရန်နိုင်မောင်

ဒီဖုန်းကို မသုံးရသေးဘူးဆိုပေမယ့် အကြိုသုံးသပ်ရမယ်ဆိုရင်တော့ ရိုးရိုး Find X ထပ် Memory ပိုများတယ်၊ အားသွင်းစနစ်ပို ကောင်းတယ်လို့ ဆိုပေမယ့်လည်း စျေးကလည်း အများကြီးကွာတဲ့အတွက် ကျွန်တော့်အတွက်တော့ နည်းနည်းစဉ်းစားစရာဖြစ်တယ်။ တန်ဖိုးမြင့် Luxury ဖုန်းဖြစ်တဲ့အတွက်တော့ Luxury ကြိုက်တဲ့သူတွေ အတွက်တော့ ရွေးချယ်ချင်စရာပဲ။ lamborghini Edition ဖြစ် တဲ့အတွက် ကားနဲ့ ချိတ်သုံးနိုင်တဲ့ စနစ်တွပါလာမလားဆိုတာကလည်း စဉ်းစားစရာတစ်ခုပေါ့။ ထွေထွေထူးထူးဘာမှမပါပဲ Memory ပိုင်းနဲ့ အားသွင်းစနစ်ပိုင်း၊ ကိုယ်ထည်တည်ဆောက်မှု အပိုင်းလောက်ပဲ ကွာတာဆိုရင်တော့ ရိုးရိုး Find X လည်း ကောင်းနေတာပဲလို့တော့ ပြောချင်တယ်။