OPPO Find X Automobili Lamborghini Edition နှင့် OPPO Find X ထုတ်ကုန် ၂ မျိုးစလုံးကို မြန်မာပြည်မိုဘိုင်းဈေးကွက် တွင်ဝယ်ယူနိုင်ပြီ
[ Zawgyi ]
ပုံမှန် OPPO Find X ကို လက်ရှိတွင် ဈေးနှုန်း၁,၂၉၉,ဝဝဝကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး Bordeaux Red နှင့် Glacier Blue ၂ မျိုးကိုရွေးချယ်နိုင်မည် ဖြစ်သည်။
Key Spec Find X Automobili Lamborghini Edition Find X
Display 6.4 inches (AMOLED) 6.4 inches (AMOLED)
Resolution and
Aspect ratio
1080×2340 pixels
(19.5:9)
1080×2340 pixels
(19.5:9)
Screen-to-body ratio 93.8% 93.8%
Front Camera Pop-up 25MP (AI) Pop-up 25MP (AI)
Back Camera Pop-up 20MP+16MP (AI) Pop-up 20MP+16MP (AI)
RAM 8GB 8GB
ROM 512GB 256GB
Chipset/ CPU Snapdragon 845
Octa-core 2.8GHz
Snapdragon 845
Octa-core 2.8GHz
OS/UI Android 8.1/ ColorOS 5.1 Android 8.1/ ColorOS 5.1
Battery 3400mAh 3730mAh
Charging Technology SuperVOOC Flash Charge
(35 Mins for 100%)
VOOC Flash Charge
Color Black (Carbon fiber texture back) Bordeaux Red and Glacier Blue
Price in (MM Kyat) 2,200,000 MMK 1,299,000 MMK
[ Unicode ]
OPPO ၏အဆင့်မြင့် Flagship series ထုတ်ကုန်ဖြစ်သော OPPO Find X Automobili Lamborghini Edition စမတ်ဖုန်းကို မြန်မာပြည်မိုဘိုင်းစျေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်ပြီး ၂,၂ဝဝ,ဝဝဝ (၂၂သိန်း) ကျပ် ကျသင့်မည်ဖြစ်သည်။ အီတလီနိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း Luxury Sports Car ကုမ္ပဏီနှင့် လက်တွဲပူးပေါင်းကာ ထူးခြားဆန်းသစ်သည့် Luxury ခံစားမှုကို ပေးစွမ်းနိုင်စေရန်အတွက် Find X Automobili Lamborghini Edition စမတ်ဖုန်းကို မိတ်ဆက်ထုတ်လုပ်ခြင်းဖြစ်သည်။ Find X Automobili Lamborghini Edition တွင် Lamborghini အမှတ်တံဆိပ် logo ကို ဖုန်း၏နောက်ကျောတွင် ထည့်သွင်းပေးထားသည့်အပြင် Sports Car များတွင် အဓိကအသုံးပြုသည့် Carbon fibrematerial ကိုဖုန်း၏ကျောဘက်တွင် အသုံးပြုထားသည့်အတွက် ကိုင်တွယ်ထိတွေ့မှု အပိုင်းတွင် ထူးခြားသည့် အထိအတွေ့ကို ရရှိိစေမည်ဖြစ်သည်။ လျှို့ဝှက်နက်နဲသည့် အနက်ရောင်အသွင်မျိုးအဖြစ် Find X Automobili Lamborghini Edition ကို ထိတွေ့သုံးစွဲနိုင်စေမည်ဖြစ်သည်။
OPPO Find X Automobili Lamborghini Edition တွင် ပုံမှန် OPPO Find X နှင့်မတူညီသည့် အချက်မှာ OPPO ၏ကမ္ဘာ့ အမြန်ဆုံး အားသွင်းစနစ်ဖြစ်သည့် SuperVOOC Flash Charge နည်းပညာ ထည့်သွင်းပေးထားခြင်းဖြစ်ပြီး ဖုန်းတွင်ပါဝင်သည့် 3400mAh battery ကို ၃၅ မိနစ်အတွင်း ၁ဝဝ ရာခိုင်းနှုန်းအပြည့် အားသွင်းပေးနိုင်မည်ဖြစ်သည်။ Internal Storage ပိုင်းတွင် 512GB ဖြင့် ထုတ်လုပ်ပေးထားသည့်အတွက် အချက်လက်သိမ်းဆည်းမှု အပိုင်းတွင် ပုံမှန် OPPO Find X ထက် ၂ ဆသာလွန်စေမည်ဖြစ်သည်။
ပုံမှန် OPPO Find X ကို လက်ရှိတွင် စျေးနှုန်း၁,၂၉၉,ဝဝဝကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး Bordeaux Red နှင့် Glacier Blue ၂ မျိုးကိုရွေးချယ်နိုင်မည် ဖြစ်သည်။