August 20, 2018

OPPO Find X

Price : 1,199,000

အားသာခ်က္

ဒီဖုန္းဟာ CPU ပိုင္းနဲ႔ ဖုန္းတြင္းမွတ္ဉာဏ္ပိုင္းေတြမွာေကာင္းမြန္တဲ့အျပင္ ဖုန္းရဲ႕ကင္မရာ ဖြဲ႕စည္းတည္ေဆာက္မႈအပိုင္း ဆန္းသစ္ထားတဲ့ပံုစံနဲ႔ ကင္မရာေတြရဲ႕ စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိက အားသာခ်က္ေတြလို႔ ေျပာလို႔ ရပါတယ္။ Screen ပိုင္း မွာလည္းေကာင္းမြန္တဲ့ဖုန္းပါ။ ဘက္ထရီပိုင္းမွာလည္းေကာင္းမြန္တဲ့အ ျပင္ အားသြင္းႏႈန္းျမန္ဆန္တဲ့ OPPO ရဲ႕ VOOC Charge စနစ္ပါဝင္တဲ့ အခ်က္နဲ႔ Music ပိုင္းေကာင္းမြန္တဲ့ ခ်က္ေတြကလည္း ေကာင္းမြန္တဲ့ အခ်က္ေတြပါပဲ။

အားနည္းခ်က္

ဒီဖုန္းမွာေတာ့ Android ရဲ႕ပံုမွန္ Lock စနစ္ေတြနဲ႔ Face Unlock စနစ္ကိုပဲ အသံုးျပဳရမွာျဖစ္ၿပီး Finger Print မပါဝင္ပါဘူး။ ေနာက္တစ္ခ်က္ကေတာ့ ဒီဖုန္းမွာ FM Radio စနစ္မပါဝင္သလို Temperature Sensor နဲ႔ ေရစိုခံစနစ္လည္းပါဝင္တာမေတြ႕ရပါဘူး။

ဒီဇိုင္း

မ်က္ႏွာျပင္က်ယ္ဝန္းတဲ့ ပံုစံဒီဇိုင္းမ်ိဳးလုပ္ထားၿပီး Screen ထိပ္ဘက္မွာလည္း Notch မပါဝင္ပါဘူး။ ေရွ႕ဘက္မွာ Panoramic Screen ကိုအသံုးျပဳထားၿပီး Screen ေဘးနားႏွစ္ဘက္ခံုးပံုစံနဲ႔ ေက်ာ ဘက္ကာဗာကလည္း ေဘးအနားႏွစ္ဘက္ခံုးပံုစံမ်ိဳးလုပ္ထားတဲ့ဖုန္းပါ။ ဒီဇိုင္းပိုင္း လွပေသသပ္တဲ့အျပင္ စြဲေဆာင္မႈရွိတဲ့ ပံုစံမ်ိဳးရွိတဲ့ဖုန္းပါ။ ေက်ာဘက္ကာဗာေပၚမွာ ဘာခလုတ္မွမပါသလို ေရွ႕ဘက္ျမင္ကြင္းမွာ လည္းခလုတ္ေတြ တစ္ခုမွမပါပါဘူး။ ဖုန္းရဲ႕အေပၚထိပ္ဘက္မွာ Slide နဲ႔ အတက္အဆင္းလုပ္ႏိုင္တဲ့ ကင္မရာကို ကိုယ္ထည္ထဲမွာ သိမ္းထားတဲ့ ပံုစံမ်ိဳးျပဳလုပ္ထားတာေတြ႕ရပါတယ္။

ျမင္ကြင္း

ျမင္ကြင္းအရြယ္အစားက ၆.၄ လက္မရွိတဲ့ AMOLED Screen ကိုအသံုးျပဳထားၿပီး 1080 x 2340 pixels ရွိတဲ့ Full HD+ Screen အမ်ိဳးအစားပါ။

နည္းပညာ

နည္းပညာပိုင္းမွာေတာ့ ကင္မရာကို ဖုန္းရဲ႕ ကိုယ္ထည္ထဲမွာျမႇဳတ္ ထားတဲ့ပံုစံမ်ိဳး လုပ္ထားတဲ့ Slide နည္းပညာအသစ္တစ္ခုကို ဒီဖုန္းမွာထိ ေတြ႕ခံစားရမွာ ျဖစ္ပါတယ္။ ျမင့္မားတဲ့ CPU ရဲ႕စြမ္းအင္ေခၽြတာေပးႏိုင္မႈ နည္းပညာ၊ ေရွ႕ကင္မရာမွာပါဝင္လာတဲ့ 3D AI Beauty နည္းပညာ HDR Sensor နည္းပညာ၊ RAW HDR နည္းပညာ၊ ျပည့္စံုေကာင္းမြန္တဲ့ Photo Edit Tool နည္းပညာေတြကိုလည္း ဒီဖုန္းမွာျမင္ေတြ႕ရပါလိမ့္မယ္။ ဒါ့အျပင္ ေရွ႕ကင္မရာမွာ 3D Structured Light Face Recognition နည္းပညာလည္းပါဝင္လာၿပီး Face Unlock စနစ္အတြက္ပိုၿပီးေကာင္း မြန္တိက်တဲ့ မ်က္ႏွာမွတ္သားမႈ ပံုစံနဲ႔ အေမွာင္ထဲမွာေတာင္ အသံုးျပဳသူ ရဲ႕ မ်က္ႏွာကို သိရွိႏိုင္တဲ့ နည္းပညာေတြပါဝင္လာပါတယ္။ ဒါ့အျပင္ Color OS 5.1 မွာအသစ္တိုး လာတဲ့ Settings အသံုးျပဳစနစ္ေတြကို လည္းျမင္ေတြ႕ရမွာျဖစ္ပါတယ္။

သံုးသပ္ခ်က္

Find X ဟာ ဖုန္းရဲ႕ Performance ပိုင္းမွာ ေတာ္ေတာ္ေလးျမင့္မား ေကာင္းမြန္တဲ့ ဖုန္းျဖစ္တဲ့အျပင္ ဖုန္းရဲ႕ ဒီဇိုင္းနဲ႔ အေရာင္အေသြးကလည္း လွပတဲ့ဖုန္းျဖစ္ပါတယ္။ CPU, GPU, Chipset ေတြျမင့္မားတဲ့အျပင္ မွတ္ဉာဏ္ပိုင္းမွာလည္း ျမင့္မားေကာင္းမြန္တဲ့ ဖုန္းပါ။ ကင္မရာပိုင္းမွာဆိုရင္လည္း ေရွ႕ကင္မရာနဲ႔ ေနာက္ဘက္ ကင္မရာႏွစ္ခုစလံုးဟာ စြမ္းေဆာင္ရည္ ပိုင္းျမင့္မားေကာင္းမြန္တဲ့အတြက္ ဓာတ္ပံုသမားေတြအတြက္ အႀကိဳက္ေတြ႕ႏိုင္တဲ့ ဖုန္းပါပဲ။ နည္းပညာပိုင္း၊ ဖြဲ႕စည္းတည္ေဆာက္မႈ ဒီဇိုင္းပိုင္း၊ ဖုန္းရဲ႕ Performance ပိုင္းေတြမွာ ျပည့္စံုေကာင္းမြန္ေနတဲ့ ဖုန္းျဖစ္ပါတယ္။ ဒီဖုန္းက ေစ်းႏႈန္းျမင့္မားတဲ့ တန္ဖိုးျမင့္ ဖုန္းအမ်ိဳးအစားတစ္ခု ျဖစ္ေနေပမယ့္ ေရစိုမခံတဲ့ အခ်က္တစ္ခ်က္ေတာ့ ရွိေနပါတယ္။ ေနာက္ပိုင္းထြက္ တန္ဖိုးျမင့္ ဖုန္းေတာ္ေတာ္မ်ားမ်ားဟာ ေရစိုခံႏုိင္လာၾကေပမယ့္ ဒီဖုန္းမွာေတာ့ ေရစိုခံနည္းပညာ မပါဝင္လာပါဘူး။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim Dual Standby)
OS Android 8.1 (Oreo)
CPU Octa-core (4×2.8GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver)
GPU Adreno 630
Memory Internal 256GB, 8GB RAM , Micro SD No
Camera Pop-up 16 MP, f/2.0, 1/2.6″, PDAF, OIS
20 MP, f/2.0, 1/2.8″, LED flash, HDR, panorama, Video, Front Pop-up 25 MP, f/2.0
Wi-Fi 802.11 a/b/g/n/ac, dual-band, WiFi Direct Bluetooth 5.0, A2DP, LE
Battery Li-Ion 3730 mAh Battery

သူတို႔အျမင္

မႏွင္းစႏၵီ (စမ္းသပ္အသံုးျပဳသူ)

ကင္မရာအရမ္းေကာင္းတယ္။ ဓာတ္ပံု႐ိုက္တဲ့အခ်ိန္မွာ ထြက္လာတဲ့ပံုေတြက အရမ္းမိုက္ပါတယ္။ ေရွ႕ကင္မရာက ပံုထြက္ေတာ္ ေတာ္ေလးလွၿပီး ၾကည္တယ္။ Selfie အတြက္ သံုးရမယ့္စနစ္ေတြကလည္း ေတာ္ေတာ္ေလးစံုတယ္။ ေနာက္တစ္ခ်က္က လူပံုေတြကိုျပင္ဖို႔အတြက္ Beauty ဆိုတဲ့ Edit Tool ေလးကို အရမ္းသေဘာက်တယ္။ ပံုျပင္ရတာ ေတာ္ေတာ္ေကာင္းတယ္။ ေနာက္ႀကိဳက္တဲ့ တစ္ခ်က္က Memory ေပါ့။ မွတ္ဉာဏ္မ်ားေတာ့ ဖုန္းထဲမွာ ဓာတ္ပံုေတြေရာ အျခားအခ်က္ေတြပါ မ်ားမ်ားထည့္လို႔ရတယ္။ ဖုန္းကသံုးရတာလည္း ေတာ္ေတာ္ေပါ့ေပါ့ပါးပါးနဲ႔ သြက္သြက္လက္လက္ရွိတယ္။ ေနာက္ၿပီးေတာ့ ဒီဇိုင္းေတာ္ေတာ္လွတယ္။ အေရာင္ႏွစ္ခုပဲ ေရြးလို႔ရတာကိုေတာ့ သိပ္မႀကိဳက္ဘူး။

ကိုျမတ္ကိုဦး (စမ္းသပ္အသံုးျပဳသူ)

ဒီဖုန္းက Performance ပိုင္းနဲ႔ ဖုန္းရဲ႕ တည္ေဆာက္မႈ ဒီဇိုင္းပိုင္းေတြကို အဓိကထား တည္ေဆာက္ထားတဲ့ တန္ဖိုးျမင့္ဖုန္းတစ္လံုးလို႔ ျမင္ပါတယ္။ CPU ပိုင္းကို ျမင့္မားတဲ့ Hardware သံုးထားတဲ့အျပင္ RAM ကိုလည္း အျမင့္ႀကီးထည့္ေပးထားတဲ့အတြက္ ဖုန္းရဲ႕ CPU နဲ႔ RAM နဲ႔တြဲဖက္လုပ္ေဆာင္မႈက ေတာ္ေတာ္ေလးေကာင္းတယ္လို႔ ေျပာရမယ္။ ဖုန္းတည္ေဆာက္တဲ့ ဒီဇိုင္းပိုင္းမွာဆိုရင္လည္း တန္ဖိုးျမင့္ ဖုန္းတစ္လံုးနဲ႔တူေအာင္ လုပ္ထားေပးတာေတြ႕ရတယ္။ နည္းပညာ အသစ္အဆန္းအေနနဲ႔ ဒီဇိုင္းပိုင္းမွာ ကင္မရာကို Slide နဲ႔ အတက္အဆင္း လုပ္ေပးထားတဲ့ ပံုစံကလည္း ဆန္းသစ္တယ္လုိ႔ ဆိုေပမယ့္လည္း ဒီလိုအတက္အဆင္းက ဘာျဖစ္လာႏိုင္မလဲ ဆုိတာကိုေတာ့ ေသခ်ာမသိေသးဘူး။

ကိုေဝလြင္ (စမ္းသပ္အသံုးျပဳသူ)

ဖုန္းရဲ႕ Performance ပိုင္း ေတာ္ေတာ္ေလးေကာင္းတယ္။ CPU ကလည္းေကာင္းတယ္။ မွတ္ဉာဏ္ပိုင္းကလည္း ေတာ္ေတာ္ေလး ေကာင္းပါတယ္။ ေနာက္တစ္ခ်က္က ဒီဇိုင္းပိုင္းေပါ့။ ဒီဇိုင္းက အသစ္အဆန္းပံုစံမ်ိဳးနဲ႔ ကင္မရာကို ကိုယ္ထည္ထဲမွာသိမ္းထားတဲ့ ပံုစံမ်ိဳး လုပ္ထားတာကလည္း ထူးထူးျခားျခား ပံုစံေလးပါပဲ။ ဓာတ္ပံု႐ိုက္ရတဲ့ ေနရာမွာလည္း ေကာင္းပါတယ္။ Fingerprint မပါတာကိုေတာ့ သိပ္မႀကိဳက္ဘူး။ Face ကိုပဲ တစ္ခ်ိန္လံုး သံုးေနရတဲ့အတြက္ ကင္မရာကတစ္ခ်ိန္လံုး ပြင့္လိုက္ပိတ္ေနတာကို သိပ္သေဘာမက်ဘူး။

 

 

 

-ကိုသက္

[ Unicode ]

Price : 1,199,000

အားသာချက်

ဒီဖုန်းဟာ CPU ပိုင်းနဲ့ ဖုန်းတွင်းမှတ်ဉာဏ်ပိုင်းတွေမှာကောင်းမွန်တဲ့အပြင် ဖုန်းရဲ့ကင်မရာ ဖွဲ့စည်းတည်ဆောက်မှုအပိုင်း ဆန်းသစ်ထားတဲ့ပုံစံနဲ့ ကင်မရာတွေရဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိက အားသာချက်တွေလို့ ပြောလို့ ရပါတယ်။ Screen ပိုင်း မှာလည်းကောင်းမွန်တဲ့ဖုန်းပါ။ ဘက်ထရီပိုင်းမှာလည်းကောင်းမွန်တဲ့အ ပြင် အားသွင်းနှုန်းမြန်ဆန်တဲ့ OPPO ရဲ့ VOOC Charge စနစ်ပါဝင်တဲ့ အချက်နဲ့ Music ပိုင်းကောင်းမွန်တဲ့ ချက်တွေကလည်း ကောင်းမွန်တဲ့ အချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းမှာတော့ Android ရဲ့ပုံမှန် Lock စနစ်တွေနဲ့ Face Unlock စနစ်ကိုပဲ အသုံးပြုရမှာဖြစ်ပြီး Finger Print မပါဝင်ပါဘူး။ နောက်တစ်ချက်ကတော့ ဒီဖုန်းမှာ FM Radio စနစ်မပါဝင်သလို Temperature Sensor နဲ့ ရေစိုခံစနစ်လည်းပါဝင်တာမတွေ့ရပါဘူး။

ဒီဇိုင်း

မျက်နှာပြင်ကျယ်ဝန်းတဲ့ ပုံစံဒီဇိုင်းမျိုးလုပ်ထားပြီး Screen ထိပ်ဘက်မှာလည်း Notch မပါဝင်ပါဘူး။ ရှေ့ဘက်မှာ Panoramic Screen ကိုအသုံးပြုထားပြီး Screen ဘေးနားနှစ်ဘက်ခုံးပုံစံနဲ့ ကျော ဘက်ကာဗာကလည်း ဘေးအနားနှစ်ဘက်ခုံးပုံစံမျိုးလုပ်ထားတဲ့ဖုန်းပါ။ ဒီဇိုင်းပိုင်း လှပသေသပ်တဲ့အပြင် စွဲဆောင်မှုရှိတဲ့ ပုံစံမျိုးရှိတဲ့ဖုန်းပါ။ ကျောဘက်ကာဗာပေါ်မှာ ဘာခလုတ်မှမပါသလို ရှေ့ဘက်မြင်ကွင်းမှာ လည်းခလုတ်တွေ တစ်ခုမှမပါပါဘူး။ ဖုန်းရဲ့အပေါ်ထိပ်ဘက်မှာ Slide နဲ့ အတက်အဆင်းလုပ်နိုင်တဲ့ ကင်မရာကို ကိုယ်ထည်ထဲမှာ သိမ်းထားတဲ့ ပုံစံမျိုးပြုလုပ်ထားတာတွေ့ရပါတယ်။

မြင်ကွင်း

မြင်ကွင်းအရွယ်အစားက ၆.၄ လက်မရှိတဲ့ AMOLED Screen ကိုအသုံးပြုထားပြီး 1080 x 2340 pixels ရှိတဲ့ Full HD+ Screen အမျိုးအစားပါ။

နည်းပညာ

နည်းပညာပိုင်းမှာတော့ ကင်မရာကို ဖုန်းရဲ့ ကိုယ်ထည်ထဲမှာမြှုတ် ထားတဲ့ပုံစံမျိုး လုပ်ထားတဲ့ Slide နည်းပညာအသစ်တစ်ခုကို ဒီဖုန်းမှာထိ တွေ့ခံစားရမှာ ဖြစ်ပါတယ်။ မြင့်မားတဲ့ CPU ရဲ့စွမ်းအင်ချွေတာပေးနိုင်မှု နည်းပညာ၊ ရှေ့ကင်မရာမှာပါဝင်လာတဲ့ 3D AI Beauty နည်းပညာ HDR Sensor နည်းပညာ၊ RAW HDR နည်းပညာ၊ ပြည့်စုံကောင်းမွန်တဲ့ Photo Edit Tool နည်းပညာတွေကိုလည်း ဒီဖုန်းမှာမြင်တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် ရှေ့ကင်မရာမှာ 3D Structured Light Face Recognition နည်းပညာလည်းပါဝင်လာပြီး Face Unlock စနစ်အတွက်ပိုပြီးကောင်း မွန်တိကျတဲ့ မျက်နှာမှတ်သားမှု ပုံစံနဲ့ အမှောင်ထဲမှာတောင် အသုံးပြုသူ ရဲ့ မျက်နှာကို သိရှိနိုင်တဲ့ နည်းပညာတွေပါဝင်လာပါတယ်။ ဒါ့အပြင် Color OS 5.1 မှာအသစ်တိုး လာတဲ့ Settings အသုံးပြုစနစ်တွေကို လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Find X ဟာ ဖုန်းရဲ့ Performance ပိုင်းမှာ တော်တော်လေးမြင့်မား ကောင်းမွန်တဲ့ ဖုန်းဖြစ်တဲ့အပြင် ဖုန်းရဲ့ ဒီဇိုင်းနဲ့ အရောင်အသွေးကလည်း လှပတဲ့ဖုန်းဖြစ်ပါတယ်။ CPU, GPU, Chipset တွေမြင့်မားတဲ့အပြင် မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်တဲ့ ဖုန်းပါ။ ကင်မရာပိုင်းမှာဆိုရင်လည်း ရှေ့ကင်မရာနဲ့ နောက်ဘက် ကင်မရာနှစ်ခုစလုံးဟာ စွမ်းဆောင်ရည် ပိုင်းမြင့်မားကောင်းမွန်တဲ့အတွက် ဓာတ်ပုံသမားတွေအတွက် အကြိုက်တွေ့နိုင်တဲ့ ဖုန်းပါပဲ။ နည်းပညာပိုင်း၊ ဖွဲ့စည်းတည်ဆောက်မှု ဒီဇိုင်းပိုင်း၊ ဖုန်းရဲ့ Performance ပိုင်းတွေမှာ ပြည့်စုံကောင်းမွန်နေတဲ့ ဖုန်းဖြစ်ပါတယ်။ ဒီဖုန်းက စျေးနှုန်းမြင့်မားတဲ့ တန်ဖိုးမြင့် ဖုန်းအမျိုးအစားတစ်ခု ဖြစ်နေပေမယ့် ရေစိုမခံတဲ့ အချက်တစ်ချက်တော့ ရှိနေပါတယ်။ နောက်ပိုင်းထွက် တန်ဖိုးမြင့် ဖုန်းတော်တော်များများဟာ ရေစိုခံနိုင်လာကြပေမယ့် ဒီဖုန်းမှာတော့ ရေစိုခံနည်းပညာ မပါဝင်လာပါဘူး။

star

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim Dual Standby)
OS Android 8.1 (Oreo)
CPU Octa-core (4×2.8GHz Kryo 385 Gold & 4×1.7 GHz Kryo 385 Silver)
GPU Adreno 630
Memory Internal 256GB, 8GB RAM , Micro SD No
Camera Pop-up 16 MP, f/2.0, 1/2.6″, PDAF, OIS
20 MP, f/2.0, 1/2.8″, LED flash, HDR, panorama, Video, Front Pop-up 25 MP, f/2.0
Wi-Fi 802.11 a/b/g/n/ac, dual-band, WiFi Direct Bluetooth 5.0, A2DP, LE
Battery Li-Ion 3730 mAh Battery

သူတို့အမြင်

မနှင်းစန္ဒီ (စမ်းသပ်အသုံးပြုသူ)

ကင်မရာအရမ်းကောင်းတယ်။ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ထွက်လာတဲ့ပုံတွေက အရမ်းမိုက်ပါတယ်။ ရှေ့ကင်မရာက ပုံထွက်တော် တော်လေးလှပြီး ကြည်တယ်။ Selfie အတွက် သုံးရမယ့်စနစ်တွေကလည်း တော်တော်လေးစုံတယ်။ နောက်တစ်ချက်က လူပုံတွေကိုပြင်ဖို့အတွက် Beauty ဆိုတဲ့ Edit Tool လေးကို အရမ်းသဘောကျတယ်။ ပုံပြင်ရတာ တော်တော်ကောင်းတယ်။ နောက်ကြိုက်တဲ့ တစ်ချက်က Memory ပေါ့။ မှတ်ဉာဏ်များတော့ ဖုန်းထဲမှာ ဓာတ်ပုံတွေရော အခြားအချက်တွေပါ များများထည့်လို့ရတယ်။ ဖုန်းကသုံးရတာလည်း တော်တော်ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်ရှိတယ်။ နောက်ပြီးတော့ ဒီဇိုင်းတော်တော်လှတယ်။ အရောင်နှစ်ခုပဲ ရွေးလို့ရတာကိုတော့ သိပ်မကြိုက်ဘူး။

ကိုမြတ်ကိုဦး (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းက Performance ပိုင်းနဲ့ ဖုန်းရဲ့ တည်ဆောက်မှု ဒီဇိုင်းပိုင်းတွေကို အဓိကထား တည်ဆောက်ထားတဲ့ တန်ဖိုးမြင့်ဖုန်းတစ်လုံးလို့ မြင်ပါတယ်။ CPU ပိုင်းကို မြင့်မားတဲ့ Hardware သုံးထားတဲ့အပြင် RAM ကိုလည်း အမြင့်ကြီးထည့်ပေးထားတဲ့အတွက် ဖုန်းရဲ့ CPU နဲ့ RAM နဲ့တွဲဖက်လုပ်ဆောင်မှုက တော်တော်လေးကောင်းတယ်လို့ ပြောရမယ်။ ဖုန်းတည်ဆောက်တဲ့ ဒီဇိုင်းပိုင်းမှာဆိုရင်လည်း တန်ဖိုးမြင့် ဖုန်းတစ်လုံးနဲ့တူအောင် လုပ်ထားပေးတာတွေ့ရတယ်။ နည်းပညာ အသစ်အဆန်းအနေနဲ့ ဒီဇိုင်းပိုင်းမှာ ကင်မရာကို Slide နဲ့ အတက်အဆင်း လုပ်ပေးထားတဲ့ ပုံစံကလည်း ဆန်းသစ်တယ်လို့ ဆိုပေမယ့်လည်း ဒီလိုအတက်အဆင်းက ဘာဖြစ်လာနိုင်မလဲ ဆိုတာကိုတော့ သေချာမသိသေးဘူး။

ကိုဝေလွင် (စမ်းသပ်အသုံးပြုသူ)

ဖုန်းရဲ့ Performance ပိုင်း တော်တော်လေးကောင်းတယ်။ CPU ကလည်းကောင်းတယ်။ မှတ်ဉာဏ်ပိုင်းကလည်း တော်တော်လေး ကောင်းပါတယ်။ နောက်တစ်ချက်က ဒီဇိုင်းပိုင်းပေါ့။ ဒီဇိုင်းက အသစ်အဆန်းပုံစံမျိုးနဲ့ ကင်မရာကို ကိုယ်ထည်ထဲမှာသိမ်းထားတဲ့ ပုံစံမျိုး လုပ်ထားတာကလည်း ထူးထူးခြားခြား ပုံစံလေးပါပဲ။ ဓာတ်ပုံရိုက်ရတဲ့ နေရာမှာလည်း ကောင်းပါတယ်။ Fingerprint မပါတာကိုတော့ သိပ်မကြိုက်ဘူး။ Face ကိုပဲ တစ်ချိန်လုံး သုံးနေရတဲ့အတွက် ကင်မရာကတစ်ချိန်လုံး ပွင့်လိုက်ပိတ်နေတာကို သိပ်သဘောမကျဘူး။