September 20, 2018

OPPO F9

[ Zawgyi ]

Price : 399,900

အားသာခ်က္

OPPO ကေနထြက္ခဲ့တဲ့ F Series ဖုန္းေတြထဲမွာေတာ့ ေက်ာဘက္ ကင္မရာႏွစ္လံုး စတင္ပါဝင္လာတဲ့ ဖုန္းျဖစ္သလို ဖုန္းရဲ႕ Screen က်ယ္ဝန္းၿပီး Notch ပါဝင္မႈ ရာခိုင္ႏႈန္းကို ေလွ်ာ့ခ်ထားေပးတဲ့အတြက္ ျမင္ကြင္းပိုင္းေကာင္းမြန္ျခင္း၊ ဘက္ထရီ Capacity ေကာင္းမြန္ျခင္း၊ အားသြင္းျမန္ဆန္တဲ့ VOOC Charge စနစ္ပါဝင္လာျခင္း အစရွိတဲ့ အခ်က္ေတြက ဒီဖုန္းရဲ႕ အဓိကေကာင္းမြန္တဲ့ အခ်က္ေတြလို႔ ေျပာရမွာပါ။

အားနည္းခ်က္

ကိုယ္ထည္ဖြဲ႕စည္း တည္ေဆာက္မႈအပိုင္းနဲ႔ အေရာင္အေသြးပိုင္း ေကာင္းမြန္ေပမယ့္ လက္ရာေတြ အလြယ္တကူထင္ႏိုင္သလို ပြန္းရွမႈကိုလည္း ခံႏိုင္ရည္နည္းတာ ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ဒီဖုန္းမွာ O Cloud စနစ္ပါလည္း ပါလာေတာ့ပါဘူး။

CPU

Octa-core 2.0 GHz ၈ လံုးအသံုးျပဳထားၿပီး Mediatek MT6771 Helio P60 Chipset ကို သံုးထားတဲ့အတြက္ စြမ္းအင္ေခၽြတာႏိုင္မႈ အပိုင္းမွာေရာ ဖုန္းရဲ႕လုပ္ေဆာင္ခ်က္ အပိုင္းေတြမွာပါ ေကာင္းမြန္တဲ့ ဖုန္းျဖစ္ပါတယ္။ သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ဆိုရင္ေတာ့ သံုးထားတဲ့ CPU ေတြ Chip ေတြက ေကာင္းတယ္လို႔ ေျပာလို႔ရေနၿပီး benchmark ရလဒ္ပိုင္းမွာ GPU ရမွတ္ အနည္းငယ္နည္းေပမယ့္ Chipset ပိုင္းမွာေတာ့ ရလဒ္ေကာင္းပါတယ္။

ဒီဇိုင္း

ေရွ႕ဘက္မ်က္ႏွာျပင္အတြက္ အနားေဘာင္ေတြက ေသးငယ္ၿပီး မ်က္ႏွာျပင္အျပည့္ ဒီဇိုင္းမ်ိဳးျဖစ္ပါတယ္။ Notch ကလည္း ေရစက္ပံုစံ Water Drop Notch ျဖစ္တဲ့အတြက္ Screen ေပၚမွာ Notch ရဲ႕ပိတ္ကာေနမႈ ရာခိုင္ႏႈန္းအရမ္းနည္းသြားၿပီး Screen ပါဝင္မႈ ရာခိုင္ႏႈန္းပိုေကာင္း လာတာေတြ႕ရ ပါတယ္။ ေက်ာဘက္ကာဗာအေရာင္က အေရာင္ႏွစ္ ေရာင္ပါဝင္တဲ့ ေရာင္ေျပးပံုစံမ်ိဳးျဖစ္ၿပီး ကာဗာေပၚမွာ စိန္ကြက္ပံုစံမ်ိဳးအကြက္ေတြ ေဖာ္ထားတာကလည္း လွပတဲ့ဒီဇိုင္းတစ္ခုလို႔ ေျပာရမွာပါ။

ဘက္ထရီ

၅ မိနစ္အားသြင္း ၂ နာရီဖုန္းေျပာဆိုတဲ့ ေဆာင္ပုဒ္နဲ႔ ထြက္လာခဲ့တဲ့ ဒီဖုန္းဟာ ဘက္ထရီပိုင္းမွာ ေတာ္ေတာ္ေလး ေကာင္းမြန္တာကို ေတြ႕ရပါ တယ္။ ဖုန္းမွာပါတဲ့ VOOC Charger ရဲ႕အားသြင္းႏႈန္းဟာ ဖုန္းရဲ႕ ဘက္ထရီရာခိုင္ႏႈန္း ၁၀ အေျခအေနက အားသြင္းမယ္ဆုိရင္ ၅ မိနစ္အတြင္းမွာ ရာခိုင္ႏႈန္း ၄၀ အထိ ေရာက္ရွိႏိုင္တဲ့ စမ္းသပ္ခ်က္ရွိပါတယ္။ Li-Po 3500 mAh ဘက္ထရီ ပါဝင္ၿပီး ဘက္ထရီရဲ႕ အသံုးခံႏုိင္မႈ အခ်ိန္ကလည္း ေတာ္ေတာ္ေလး ေကာင္းမြန္တာေတြ႕ရပါတယ္။

ကင္မရာ

ေက်ာဘက္ကင္မရာႏွစ္လံုး ပါဝင္လာတဲ့အတြက္ Portrait စနစ္နဲ႔ ေနာက္ခံအဝါး Bokeh စနစ္ေတြမွာ ပိုေကာင္းလာတာေတြ႕ရပါတယ္။ ေန႔ဘက္အလင္းေရာင္နဲ႔ ဓာတ္ပံု႐ိုက္ခ်ိန္မွာ ပံုထြက္ေကာင္းေပမယ့္ ေမွာင္တဲ့အခ်ိန္ေတြမွာေတာ့ ဓာတ္ပံုရဲ႕ပံုရိပ္တိက်မႈ အနည္းငယ္ အားနည္းတာေတြ႕ရပါတယ္။ Slow Motion စနစ္ပါဝင္လာၿပီး ကင္မရာ မွာအသံုးျပဳႏိုင္တဲ့ Mode ေတြနဲ႔ Effect စနစ္ေတြ ေတာ္ေတာ္ေလး စံုစံုလင္လင္ ပါဝင္တာ ေတြ႕ရပါတယ္။ ေရွ႕ကင္မရာကေတာ့ OPPO ရဲ႕ ထံုးစံအတိုင္းပဲ AI စနစ္၊ HDR စနစ္ေတြနဲ႔ စြမ္းေဆာင္ရည္ေကာင္းတဲ့ Selfie စနစ္ကို အသံုးျပဳႏုိင္ပါလိမ့္မယ္။

သံုးသပ္ခ်က္

ေရွ႕ကထြက္ခဲ့တဲ့ F7 နဲ႔ ေစ်းႏႈန္းသိပ္မကြာလွေပမယ့္ F7 မွာမပါဝင္တဲ့ VOOC Charger စနစ္၊ ေနာက္ဘက္ကင္မရာႏွစ္လံုး ပါဝင္တဲ့အခ်က္၊ ေရွ႕ဘက္ျမင္ကြင္းမွာ Notch ကေသးငယ္သြားတဲ့ အခ်က္ေတြ ျဖည့္စြက္ထားတာက ဒီဖုန္းရဲ႕ အဓိကေကာင္းမြန္တဲ့ အခ်က္ေတြလို႔ေျပာရမွာပါ။ ဂိမ္းကစားခ်ိန္၊ ႐ုပ္ရွင္ၾကည့္ေနခ်ိန္ေတြမွာ ဖုန္းဝင္လာတာ၊ Notification ဝင္လာတာေတြအတြက္ အေႏွာက္အယွက္ မျဖစ္ေစႏိုင္သလို ဂိမ္းေတြ၊ ႐ုပ္ရွင္ေတြကို မပိတ္ပဲ အသံုးျပဳခ်င္တဲ့ သူေတြအတြက္လည္း Smart sidebar လို႔ ေခၚတဲ့ စနစ္တစ္ခုကို ထည့္သြင္းေပးထားတာက ေကာင္းတဲ့အခ်က္ပါပဲ။ Color OS ဗားရွင္းျမင့္မားသလို ဖုန္းရဲ႕စြမ္း ေဆာင္ရည္ကလည္း ေကာင္းမြန္တာ ေတြ႕ရပါတယ္။ ေစ်းႏႈန္းနဲ႔ ဖုန္းရဲ႕ အသံုးျပဳႏိုင္မႈစြမ္းေဆာင္ရည္ကို ႏိႈင္းယွဥ္ၾကည့္မယ္ဆုိရင္ေတာ့ ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လံုးလို႔ ေျပာလို႔ ရပါတယ္။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.1 (Oreo)
CPU Octa-core (4×2.0 GHz Cortex-A73 & 4×2.0 GHz Cortex-A53)
GPU Mali-G72 MP3
Camera 16 MP, f/1.8, 1/3.1, 1.0µm, PDAF, 2 MP, f/2.4, depth sensor, LED flash, HDR, panorama
Video, Front 25 MP, f/2.0
Memory Internal 64GB, RAM 4GB
Bluetooth 4.2, A2DP, LE

သူတို႔အျမင္

မျမတ္ႏိုးမြန္ (စမ္းသပ္အသံုးျပဳသူ)

F7 ထပ္ ပိုေကာင္းလာတာေတာ့ ေသခ်ာတယ္။ ေနာက္ဘက္ကင္မရာႏွစ္လံုး ျဖစ္သြားတဲ့အခ်က္နဲ႔ ဖုန္းရဲ႕ အေရာင္ပိုင္း ဒီဇိုင္းပိုင္း ပိုလွလာတဲ့ အခ်က္ကိုေတာ့ အရမ္းသေဘာက်တယ္။ ေနာက္တစ္ခ်က္က ေရွ႕ Screen မွာ Notch ကိုေသးေသးေလး လုပ္ေပးလိုက္တဲ့ အခ်က္ကလည္း ေတာ္ေတာ္ေလးေကာင္းတယ္။ Notch အႀကီးေတြပါတဲ့ ဖုန္းေတြမွာ Facebook တို႔ ဘာတို႔သံုးရင္ အဲ့ဒီ Notch ေနရာမွာရွိေနတဲ့ Icon ေတြဆို ပိတ္ေနၿပီး မျမင္ရတာမ်ိဳးေတြရွိတယ္။ ႐ုပ္ရွင္ေတြၾကည့္တာ၊ ဂိမ္းေတြကစားတဲ့အခ်ိန္မွာလည္း Notch က အကြက္ ႀကီးျဖစ္ေနတာမ်ိဳးေတြ ဒီဖုန္းမွာ မရွိေတာ့ဘူး။ ၿပီးေတာ့ဖုန္းရဲ႕ Performance ပိုင္း၊ Memory ပိုင္းေတြအားလံုး အဆင္ေျပပါတယ္ သံုးရတာ။

ကိုစိုးမိုးေအာင္ (စမ္းသပ္အသံုးျပဳသူ)

F7 ထြက္ထားၿပီး သိပ္မၾကာခင္မွာပဲ F7 ထပ္ပိုေကာင္းတဲ့ ပိုၿပီးအားသာခ်က္ေတြရွိေနတဲ့ F9 ကို ထုတ္လိုက္တာ အံၾသမိတယ္။ F9 မွာ အဓိကပိုေကာင္းလာတဲ့ အခ်က္ဆိုရင္ေတာ့ VOOC Charge ကိုပဲ ေျပာရမယ္ထင္တယ္။ ဖုန္းမွာပါတဲ့ ဘက္ထရီရဲ႕ Capacity ကလည္း ေတာ္ေတာ္ေလး ေကာင္းတဲ့အတြက္ ဖုန္းကအခ်ိန္ၾကာၾကာ သံုးႏိုင္တဲ့အျပင္ အားသြင္းႏႈန္းကလည္း ေတာ္ေတာ္ေလးျမန္ဆန္တဲ့ အခ်က္က စမတ္ဖုန္းတစ္လံုးအတြက္ အရမ္းကိုအဆင္ေျပတဲ့အခ်က္ တစ္ခုလို႔ ေျပာရမယ္။ ၿပီးေတာ့ Notch ေသးသြားတဲ့ အခ်က္ကလည္း ေတာ္ေတာ္ေလးေကာင္းပါတယ္။ အခ်ိဳ႕ေတြကေတာ့ Notch ကို ႀကိဳက္ၾကေပမယ့္ Notch မႀကိဳက္တဲ့သူေတြ အတြက္ေတာ့ Notch ေသးေသးေလး ျဖစ္သြားတာက ပိုေကာင္းပါတယ္။

ကိုအံ့ဘုန္းႏိုင္ (စမ္းသပ္အသံုးျပဳသူ)

ေစ်းႏႈန္းနဲ႔ ဖုန္းမွာပါလာတဲ့ အခ်က္အလက္ေတြကေတာ့ ေတာ္ေတာ္ေလးကိုက္ညီမႈရွိတဲ့ ဖုန္းလုိ႔ေျပာရမယ္။ အားသြင္းျမန္တဲ့ စနစ္ပါလာတယ္။ ေနာက္ဘက္ကင္မရာ ႏွစ္လံုးျဖစ္သြားတယ္ဆိုတဲ့ အခ်က္ေတြရွိတယ္။ ေနာက္ၿပီးေတာ့ Memory ကလည္း 64GB ဆိုေတာ့ မဆိုးဘူးလို႔ပဲေျပာရမယ္။ ဒါေပမဲ့ ႏိုင္ငံတစ္ကာမွာ RAM ကို 6GB နဲ႔ ေရာင္းၾကၿပီး ျမန္မာႏိုင္ငံမွာ 4GB ျဖစ္သြားတဲ့ အခ်က္ကို ေတာ့မႀကိဳက္ဘူး။ 6GB RAM နဲ႔ဆို ဒီဖုန္းက ေစ်းနဲ႔ပိုတန္တယ္လို႔ ေျပာလုိ႔ရတဲ့ အေျခအေနျဖစ္သြားႏိုင္တယ္။ ေနာက္ဘက္ကင္မရာ ႏွစ္လံုးျဖစ္သြားတဲ့အခ်က္မွာ Portrait စနစ္ေတာ့ ပိုေကာင္းလာတာ ေတြ႕ရတယ္။

 

 

 

[ Unicode ]

Price : 399,900

အားသာချက်

OPPO ကနေထွက်ခဲ့တဲ့ F Series ဖုန်းတွေထဲမှာတော့ ကျောဘက် ကင်မရာနှစ်လုံး စတင်ပါဝင်လာတဲ့ ဖုန်းဖြစ်သလို ဖုန်းရဲ့ Screen ကျယ်ဝန်းပြီး Notch ပါဝင်မှု ရာခိုင်နှုန်းကို လျှော့ချထားပေးတဲ့အတွက် မြင်ကွင်းပိုင်းကောင်းမွန်ခြင်း၊ ဘက်ထရီ Capacity ကောင်းမွန်ခြင်း၊ အားသွင်းမြန်ဆန်တဲ့ VOOC Charge စနစ်ပါဝင်လာခြင်း အစရှိတဲ့ အချက်တွေက ဒီဖုန်းရဲ့ အဓိကကောင်းမွန်တဲ့ အချက်တွေလို့ ပြောရမှာပါ။

အားနည်းချက်

ကိုယ်ထည်ဖွဲ့စည်း တည်ဆောက်မှုအပိုင်းနဲ့ အရောင်အသွေးပိုင်း ကောင်းမွန်ပေမယ့် လက်ရာတွေ အလွယ်တကူထင်နိုင်သလို ပွန်းရှမှုကိုလည်း ခံနိုင်ရည်နည်းတာ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ဒီဖုန်းမှာ O Cloud စနစ်ပါလည်း ပါလာတော့ပါဘူး။

CPU

Octa-core 2.0 GHz ၈ လုံးအသုံးပြုထားပြီး Mediatek MT6771 Helio P60 Chipset ကို သုံးထားတဲ့အတွက် စွမ်းအင်ချွေတာနိုင်မှု အပိုင်းမှာရော ဖုန်းရဲ့လုပ်ဆောင်ချက် အပိုင်းတွေမှာပါ ကောင်းမွန်တဲ့ ဖုန်းဖြစ်ပါတယ်။ သူ့ရဲ့စျေးနှုန်းနဲ့ဆိုရင်တော့ သုံးထားတဲ့ CPU တွေ Chip တွေက ကောင်းတယ်လို့ ပြောလို့ရနေပြီး benchmark ရလဒ်ပိုင်းမှာ GPU ရမှတ် အနည်းငယ်နည်းပေမယ့် Chipset ပိုင်းမှာတော့ ရလဒ်ကောင်းပါတယ်။

ဒီဇိုင်း

ရှေ့ဘက်မျက်နှာပြင်အတွက် အနားဘောင်တွေက သေးငယ်ပြီး မျက်နှာပြင်အပြည့် ဒီဇိုင်းမျိုးဖြစ်ပါတယ်။ Notch ကလည်း ရေစက်ပုံစံ Water Drop Notch ဖြစ်တဲ့အတွက် Screen ပေါ်မှာ Notch ရဲ့ပိတ်ကာနေမှု ရာခိုင်နှုန်းအရမ်းနည်းသွားပြီး Screen ပါဝင်မှု ရာခိုင်နှုန်းပိုကောင်း လာတာတွေ့ရ ပါတယ်။ ကျောဘက်ကာဗာအရောင်က အရောင်နှစ် ရောင်ပါဝင်တဲ့ ရောင်ပြေးပုံစံမျိုးဖြစ်ပြီး ကာဗာပေါ်မှာ စိန်ကွက်ပုံစံမျိုးအကွက်တွေ ဖော်ထားတာကလည်း လှပတဲ့ဒီဇိုင်းတစ်ခုလို့ ပြောရမှာပါ။

ဘက်ထရီ

၅ မိနစ်အားသွင်း ၂ နာရီဖုန်းပြောဆိုတဲ့ ဆောင်ပုဒ်နဲ့ ထွက်လာခဲ့တဲ့ ဒီဖုန်းဟာ ဘက်ထရီပိုင်းမှာ တော်တော်လေး ကောင်းမွန်တာကို တွေ့ရပါ တယ်။ ဖုန်းမှာပါတဲ့ VOOC Charger ရဲ့အားသွင်းနှုန်းဟာ ဖုန်းရဲ့ ဘက်ထရီရာခိုင်နှုန်း ၁၀ အခြေအနေက အားသွင်းမယ်ဆိုရင် ၅ မိနစ်အတွင်းမှာ ရာခိုင်နှုန်း ၄၀ အထိ ရောက်ရှိနိုင်တဲ့ စမ်းသပ်ချက်ရှိပါတယ်။ Li-Po 3500 mAh ဘက်ထရီ ပါဝင်ပြီး ဘက်ထရီရဲ့ အသုံးခံနိုင်မှု အချိန်ကလည်း တော်တော်လေး ကောင်းမွန်တာတွေ့ရပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာတဲ့အတွက် Portrait စနစ်နဲ့ နောက်ခံအဝါး Bokeh စနစ်တွေမှာ ပိုကောင်းလာတာတွေ့ရပါတယ်။ နေ့ဘက်အလင်းရောင်နဲ့ ဓာတ်ပုံရိုက်ချိန်မှာ ပုံထွက်ကောင်းပေမယ့် မှောင်တဲ့အချိန်တွေမှာတော့ ဓာတ်ပုံရဲ့ပုံရိပ်တိကျမှု အနည်းငယ် အားနည်းတာတွေ့ရပါတယ်။ Slow Motion စနစ်ပါဝင်လာပြီး ကင်မရာ မှာအသုံးပြုနိုင်တဲ့ Mode တွေနဲ့ Effect စနစ်တွေ တော်တော်လေး စုံစုံလင်လင် ပါဝင်တာ တွေ့ရပါတယ်။ ရှေ့ကင်မရာကတော့ OPPO ရဲ့ ထုံးစံအတိုင်းပဲ AI စနစ်၊ HDR စနစ်တွေနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ Selfie စနစ်ကို အသုံးပြုနိုင်ပါလိမ့်မယ်။

သုံးသပ်ချက်

ရှေ့ကထွက်ခဲ့တဲ့ F7 နဲ့ စျေးနှုန်းသိပ်မကွာလှပေမယ့် F7 မှာမပါဝင် တဲ့ VOOC Charger စနစ်၊ နောက်ဘက်ကင်မရာနှစ်လုံး ပါဝင်တဲ့အချက်၊ ရှေ့ဘက်မြင်ကွင်းမှာ Notch ကသေးငယ်သွားတဲ့ အချက်တွေ ဖြည့်စွက်ထားတာက ဒီဖုန်းရဲ့ အဓိကကောင်းမွန်တဲ့ အချက်တွေလို့ပြောရမှာပါ။ ဂိမ်းကစားချိန်၊ ရုပ်ရှင်ကြည့်နေချိန်တွေမှာ ဖုန်းဝင်လာတာ၊ Notification ဝင်လာတာတွေအတွက် အနှောက်အယှက် မဖြစ်စေနိုင်သလို ဂိမ်းတွေ၊ ရုပ်ရှင်တွေကို မပိတ်ပဲ အသုံးပြုချင်တဲ့ သူတွေအတွက်လည်း Smart sidebar လို့ ခေါ်တဲ့ စနစ်တစ်ခုကို ထည့်သွင်းပေးထားတာက ကောင်းတဲ့အချက်ပါပဲ။ Color OS ဗားရှင်းမြင့်မားသလို ဖုန်းရဲ့စွမ်း ဆောင်ရည်ကလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ စျေးနှုန်းနဲ့ ဖုန်းရဲ့ အသုံးပြုနိုင်မှုစွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ ရပါတယ်။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim)
OS Android 8.1 (Oreo)
CPU Octa-core (4×2.0 GHz Cortex-A73 & 4×2.0 GHz Cortex-A53)
GPU Mali-G72 MP3
Camera 16 MP, f/1.8, 1/3.1, 1.0µm, PDAF, 2 MP, f/2.4, depth sensor, LED flash, HDR, panorama
Video, Front 25 MP, f/2.0
Memory Internal 64GB, RAM 4GB
Bluetooth 4.2, A2DP, LE

သူတို့အမြင်

မမြတ်နိုးမွန် (စမ်းသပ်အသုံးပြုသူ)

F7 ထပ် ပိုကောင်းလာတာတော့ သေချာတယ်။ နောက်ဘက်ကင်မရာနှစ်လုံး ဖြစ်သွားတဲ့အချက်နဲ့ ဖုန်းရဲ့ အရောင်ပိုင်း ဒီဇိုင်းပိုင်း ပိုလှလာတဲ့ အချက်ကိုတော့ အရမ်းသဘောကျတယ်။ နောက်တစ်ချက်က ရှေ့ Screen မှာ Notch ကိုသေးသေးလေး လုပ်ပေးလိုက်တဲ့ အချက်ကလည်း တော်တော်လေးကောင်းတယ်။ Notch အကြီးတွေပါတဲ့ ဖုန်းတွေမှာ Facebook တို့ ဘာတို့သုံးရင် အဲ့ဒီ Notch နေရာမှာရှိနေတဲ့ Icon တွေဆို ပိတ်နေပြီး မမြင်ရတာမျိုးတွေရှိတယ်။ ရုပ်ရှင်တွေကြည့်တာ၊ ဂိမ်းတွေကစားတဲ့အချိန်မှာလည်း Notch က အကွက် ကြီးဖြစ်နေတာမျိုးတွေ ဒီဖုန်းမှာ မရှိတော့ဘူး။ ပြီးတော့ဖုန်းရဲ့ Performance ပိုင်း၊ Memory ပိုင်းတွေအားလုံး အဆင်ပြေပါတယ် သုံးရတာ။

ကိုစိုးမိုးအောင် (စမ်းသပ်အသုံးပြုသူ)

F7 ထွက်ထားပြီး သိပ်မကြာခင်မှာပဲ F7 ထပ်ပိုကောင်းတဲ့ ပိုပြီးအားသာချက်တွေရှိနေတဲ့ F9 ကို ထုတ်လိုက်တာ အံသြမိတယ်။ F9 မှာ အဓိကပိုကောင်းလာတဲ့ အချက်ဆိုရင်တော့ VOOC Charge ကိုပဲ ပြောရမယ်ထင်တယ်။ ဖုန်းမှာပါတဲ့ ဘက်ထရီရဲ့ Capacity ကလည်း တော်တော်လေး ကောင်းတဲ့အတွက် ဖုန်းကအချိန်ကြာကြာ သုံးနိုင်တဲ့အပြင် အားသွင်းနှုန်းကလည်း တော်တော်လေးမြန်ဆန်တဲ့ အချက်က စမတ်ဖုန်းတစ်လုံးအတွက် အရမ်းကိုအဆင်ပြေတဲ့အချက် တစ်ခုလို့ ပြောရမယ်။ ပြီးတော့ Notch သေးသွားတဲ့ အချက်ကလည်း တော်တော်လေးကောင်းပါတယ်။ အချို့တွေကတော့ Notch ကို ကြိုက်ကြပေမယ့် Notch မကြိုက်တဲ့သူတွေ အတွက်တော့ Notch သေးသေးလေး ဖြစ်သွားတာက ပိုကောင်းပါတယ်။

ကိုအံ့ဘုန်းနိုင် (စမ်းသပ်အသုံးပြုသူ)

စျေးနှုန်းနဲ့ ဖုန်းမှာပါလာတဲ့ အချက်အလက်တွေကတော့ တော်တော်လေးကိုက်ညီမှုရှိတဲ့ ဖုန်းလို့ပြောရမယ်။ အားသွင်းမြန်တဲ့ စနစ်ပါလာတယ်။ နောက်ဘက်ကင်မရာ နှစ်လုံးဖြစ်သွားတယ်ဆိုတဲ့ အချက်တွေရှိတယ်။ နောက်ပြီးတော့ Memory ကလည်း 64GB ဆိုတော့ မဆိုးဘူးလို့ပဲပြောရမယ်။ ဒါပေမဲ့ နိုင်ငံတစ်ကာမှာ RAM ကို 6GB နဲ့ ရောင်းကြပြီး မြန်မာနိုင်ငံမှာ 4GB ဖြစ်သွားတဲ့ အချက်ကို တော့မကြိုက်ဘူး။ 6GB RAM နဲ့ဆို ဒီဖုန်းက စျေးနဲ့ပိုတန်တယ်လို့ ပြောလို့ရတဲ့ အခြေအနေဖြစ်သွားနိုင်တယ်။ နောက်ဘက်ကင်မရာ နှစ်လုံးဖြစ်သွားတဲ့အချက်မှာ Portrait စနစ်တော့ ပိုကောင်းလာတာ တွေ့ရတယ်။