OPPO F9 (Starry Purple) အရောင်ကိုစက်တင်ဘာလ ၂၈ ရက်မှစ၍ ကြိုတင်မှာယူနိုင်မည်

[ Zawgyi ]

၂ဝ၁၈ ခုနှစ်ရဲ့ ခေတ်ရေစီးကြောင်းကာလာတစ်ခုအဖြစ် Panton Color Institute က သတ်မှတ်ပေးခဲ့သည့် Gradien Color သစ်ဖြစ်တဲ့ Starry Purple ခရမ်းရောင်သစ်ကို OPPO F9 အတွက် အသစ်မိတ်ဆက်ပေးလိုက်ပါတယ်။ OPPO F9 (Starry Purple) ကို စက်တင်ဘာလ ၂၈ ရက်ကစပြီး သက်ဆိုင်ရာ OPPO အရောင်းဆိုင်တွေမှာ ကြိုတင်အမှာယူနိုင်ပြီလို့ သိရပါတယ်။ ဈေးနှုန်းကတော့ ၄၁၉,၉ဝဝ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်တဲ့အတွက် F9 ပုံမှန် အရောင်တွေထပ်တော့ နှစ်သောင်းကျပ် ပိုများမှာပါ။

OPPO F9 (Starry Purple) ကို ဝယ်ယူသူတွေအတွက် Telenor ကပေးမယ့် ဒေတာ Package ကိုရရှိမှာဖြစ်ပြီး တစ်လကို ဖုန်းဘေလ် ၅ဝဝဝ ကျပ်ဖြည့်သွင်းရုံနဲ့ ဒေတာ 1GB ခံစားခွင့်ရရှိမှာပါ။ တစ်လအတွင်းနောက်ထပ် ဖုန်းဘေလ် ၅,ဝဝဝ ကျပ်ထပ်မံဖြည့်သွင်းမယ် ဆိုရင်တော့ ဒုတိယမြောက် 1GB ကိုဆက်လက်ရရှိနိုင်မယ့်အပြင် ဒီ Package အတွက် အကျိုးခံစားခွင့်က ၁ နှစ်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၈ ရက်မှ ၃ဝ ရက်အတွင်း ကြိုတင်မှာယူသူတွေအတွက် OPPO အမှတ်တံဆိပ်ပါတဲ့ ကျောပိုးအိတ်တစ်လုံးကိုပါ အထူးလက်ဆောင်အဖြစ် ရရှိမယ်လို့ သိရပါတယ်။ OPPO F9 (Starry Purple) မှာတော့ 1080×2340 pixels ရုပ်ထွက်အရည်အသွေးရှိ ၆.၃ လက်မအရွယ် Display အမျိုးအစားကို အသုံးပြုထားပြီး Waterdrop Notch Design မျက်နှာပြင်ကို သုံးထားပါတယ်။ မျက်နှာပြင် 19.5:9 aspect ratio ရှိပြီး ကိုယ်ထည်ပေါ်မှာ Screen ပါဝင်မှု ရာခိုင်နှုန်းကတော့ ၉၀.၈ ရာခိုင်နှုန်းရှိပါတယ်။ ဘေးဘောင်တွေကျဉ်းမြောင်းတဲ့အတွက် မြင်ကွင်းကျယ်အတွေ့အကြုံကိုအပြည့်အဝရရှိစေမှာပါ။

အဆင့်မြင့် AI နည်းပညာပေါင်းစပ်ထားတဲ့ 25MP ရှေ့ကင်မရာ နဲ့အတူ 16MP+2MP နောက်ကင်မရာ၂ လုံးတို့ကို ထည့်သွင်းတပ်ဆင် ပေးထားတဲ့အတွက် သဘာဝကျတဲ့ Selfie ဓာတ်ပုံတွေနဲ့ Bokeh ဓာတ်ပုံတွေကို ဖန်တီးနိုင်ပါတယ်။ Helio P60 chipset, RAM 4GB, Internal Memory 64GB ပါဝင်ပြီး 4G ကွန်ရက်စနစ်သုံး SIM ကဒ်၂ ကဒ်ကိုပါတစ်ပြိုင်တည်းအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ battery က အချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် OPPO F9 (Starry Purple) မှာတော့ ၅ မိနစ်အားသွင်း၊ ၂ နာရီဖုန်းပြောဆိုနိုင်စေမည့် VOOC Flash Charge အမြန်အားသွင်းစနစ် ပါဝင်တဲ့အတွက် မိနစ် ၃ဝ အားသွင်းလိုက်ရုံ 3500mAh battery ကို ၅ဝ ရာခိုင်နှုန်းကျော်အထိ အားပြည့်စေမှာဖြစ်ပါတယ်။

[ Unicode ]


