August 19, 2018

OPPO F5 Lite (A83)

Price : 229,000ks

အားသာခ်က္

ဖုန္းရဲ႕ CPU ပိုင္းနဲ႔ ဂရပ္ဖစ္ GPU ပိုင္းေတြမွာ ေကာင္းမြန္တဲ့အတြက္ ဖုန္းရဲ႕ လုပ္ေဆာင္ခ်က္အပိုင္းေတြမွာ ေခ်ာေမြ႕ျမန္ဆန္မႈ ရွိေနျခင္းက ဒီဖုန္းရဲ႕ အားသာခ်က္လို႔ ဆိုႏိုင္ပါတယ္။ မွတ္ဉာဏ္ပိုင္းမွာလည္း သင့္ တင့္ေကာင္းမြန္တဲ့အျပင္ ကင္မရာရဲ႕ Megapixels ပိုင္းေတြ သင့္တင့္ တာ၊ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏ ေကာင္းမြန္တာ စတဲ့အ ခ်က္ေတြကလည္း ဒီဖုန္းရဲ႕ ေကာင္းမြန္တဲ့အခ်က္ေတြလို႔ ဆိုႏိုင္ပါတယ္။ မ်က္ႏွာျပင္အျပည့္ပံုစံဒီဇိုင္းမ်ိဳးျဖစ္တဲ့အခ်က္နဲ႔ Sim Card ႏွစ္ကတ္နဲ႔ SD Card ကိုတစ္ၿပိဳင္တည္း သံုးႏိုင္တဲ့အခ်က္ကလည္း ဒီဖုန္းရဲ႕ေကာင္း မြန္တဲ့အခ်က္ေတြပါပဲ။

အားနည္းခ်က္

ဒီဖုန္းမွာေတာ့ Fingerprint Sensor မပါဝင္တဲ့အခ်က္က သိသာတဲ့ အခ်က္တစ္ခုလို ျဖစ္ေနေစပါတယ္။ Sensor ပိုင္းမွာဆိုရင္လည္း Temperature နဲ႔ Barometer လို Sensor ေတြပါဝင္တာမေတြ႕ရတဲ့အ ျပင္ ဘက္ထရီအားသြင္းျမန္ဆန္တဲ့ စနစ္လည္း ပါဝင္တာ မေတြ႕ရပါဘူး။

ဒီဇိုင္း

ပံုစံဒီဇိုင္းပိုင္း လွပတယ္လို႔ ဆိုရမယ့္ ဖုန္းျဖစ္ပါတယ္။ က်စ္က်စ္ လ်စ္လ်စ္ရွိၿပီး ကိုင္တြယ္အသံုးျပဳတဲ့အခ်ိန္မွာ လက္နဲ႔ အံဝင္ခြင္က်ရွိတဲ့ အျပင္ အေလးခ်ိန္ကလည္း သင့္တင့္တယ္လို႔ခံစားရမွာပါ။ေက်ာဘက္ ကာဗာအေပၚထိပ္ဘက္မွာ ကင္မရာကို တပ္ဆင္ ေပးထားၿပီး Fingerprint Sensor ေတာ့မပါဝင္ပါဘူး။ ေရွ႕ဘက္မ်က္ ႏွာျပင္အျပည့္ပံုစံမ်ိဳးျဖစ္ တဲ့အတြက္ ေဘးေဘာင္ေတြ ပါးလႊာၿပီးမ်က္ႏွာ ျပင္ေပၚမွာ ခလုတ္ေတြ တစ္ခုမွ မထည့္သြင္းထားပါဘူး။ အားလံုး ကို Touch စနစ္နဲ႔ပဲအသံုးျပဳရမွာပါ။ စပီကာ၊ USB Port နဲ႔ နားၾကပ္ေပါက္ေတြကိုေတာ့ ဖုန္းရဲ႕ေအာက္ေျခ ေဘာင္ေပၚမွာ တပ္ဆင္ ေပးထားပါတယ္။

ျမင္ကြင္း

၅.၇ လက္မရွိတဲ့ IPS LCD Screen ျဖစ္ၿပီး Screen Resolution ကေတာ့ 720 x 1440 Pixels ရွိတဲ့ HD+ Screen ပါ။

နည္းပညာ

ဒီဖုန္းမွာ Fingerprint Sensor ကိုမထည့္သြင္းထားေပမယ့္လည္း အသံုးျပဳတဲ့သူရဲ႕မ်က္ႏွာနဲ႔ မွတ္သားၿပီးဖုန္းကို Lock ဖြင့္ႏိုင္မယ့္ Face Recognition စနစ္ကိုထည့္သြင္းေပးထားတာေတ႕ရပါတယ္။ ေက်ာဘက္ကင္မရာမွာ 2X Optical Zoom စနစ္ကို ထည့္သြင္းေပးထားၿပီး ေကာင္းမြန္တဲ့ Zoom စနစ္ကို အသံုးျပဳႏိုင္တာေတြ႕ရပါတယ္။ ေရွ႕ဘက္ကင္မရာမွာေတာ့ AI Beauty Technology ကိုထည့္သြင္းေပးထားတဲ့အတြက္ Selfie ႐ိုက္တဲ့ အခ်ိန္မွာ ဓာတ္ပံု႐ိုက္တဲ့သူရဲ႕ မိန္းကေလး၊ ေယာက္်ားေလး အသားအေရာင္ေတြကိုလည္း ခြဲျခားႏိုင္ပါတယ္။ Color OS Version အသစ္ကို အသံုးျပဳထားတဲ့အတြက္ OPPO Share ဆိုတဲ့စနစ္နဲ႔ Night Shield ဆိုတဲ့ စနစ္ေတြပါဝင္လာပါတယ္။ OPPO Share ကေတာ့ ဒီစနစ္ပါဝင္တဲ့ ဖုန္းအခ်င္းခ်င္းေတြမွာပဲ အသံုးျပဳလို႔ ရမွာပါ။

သံုးသပ္ခ်က္

ဖုန္းတစ္ခုလံုးကို ၿခံဳၿပီး ၾကည့္မယ္ဆိုရင္ေတာ့ ဒီဖုန္းဟာ ေစ်းႏႈန္းအ လယ္အလတ္စားဖုန္းျဖစ္ေပမယ့္ ဖုန္းမွာသံုးထားတဲ့ CPU နဲ႔ GPU, RAM ေတြက သူ႔ထက္ေစ်းျမင့္တဲ့ F5 Youth မွာသံုးထားတဲ့ CPU ေတြ RAM ေတြနဲ႔ တူေနတဲ့အတြက္ ဒီဖုန္းက ဖုန္းလုပ္ေဆာင္ခ်က္ ျမန္ဆန္မႈ Performance ပိုင္းကို အဓိကထား ထုတ္ထားတယ္ဆိုတာ ေသခ်ာပါ တယ္။ Fingerprint မပါတဲ့အခ်က္ကို ႀကိဳက္တယ္ မႀကိဳက္ဘူးဆိုတာက ေတာ့ အသံုးျပဳသူကေရြးခ်ယ္ရမယ့္အခ်က္ပါ။ Face Recoginition စနစ္ကိုအသံုးျပဳမယ္ဆိုရင္ေတာ့ အသံုးျပဳသူက ဖုန္းကို ျမန္ျမန္ဆန္ဆန္ နဲ႔ Lock ဖြင့္ခ်င္တဲ့ ကိုယ္ပိုင္အခ်ိန္ေတြမွာပဲအသံုးျပဳသင့္ၿပီး က်န္တဲ့အ ခ်န္ေတြမွာေတာ့ ပိတ္ထားတာ ပိုေကာင္းပါတယ္။ ကင္မရာပိုင္းမွာ လည္း ဓာတ္ပံု႐ုပ္ထြက္ပိုင္းေတြက အဆင္ေျပတာေတြ႕ရပါတယ္။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Micro Sim Dual Standby)
OS – Android 7.1 (Nougat)
CPU – Octa-core 2.5 GHz Cortex-A53
GPU – Mali-G71 MP2
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – 13 MP, f/2.2, autofocus, LED flash, Features Geo-tagging, touch focus, face detection, HDR, panorama, Secondary 8 MP, f/2.2
Wi-Fi – 802.11 a/b/g/n, dual-band, WiFi Direct
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3180 mAh Battery

သူတို႔အျမင္

ကိုဆန္းထြန္းပိုင္ (စမ္းသပ္အသံုးျပဳသူ)

ဒီဖုန္းက F5 Youth ထက္အရြယ္အစားနည္းနည္းေသးတယ္ ကင္မရာပိုင္းမွာလည္း F5 Youth ထက္ နည္းနည္းနိမ့္တယ္လို႔ဆိုေပ မယ့္လည္း ဖုန္းမွာသံုးထားတဲ့ CPU, GPU, Memory ေတြက F5 Youth နဲ႔ တူတူပဲျဖစ္ေနတာေတြ႕ရတယ္။ ေစ်းကလည္း F5 Youth နဲ႔ ယွဥ္လိုက္ရင္ ေစ်းက တစ္သိန္း နီးပါးေလာက္သက္သာတယ္ဆို ေတာ့ F5 Youth ကိုလည္းႀကိဳက္တယ္၊ ေစ်းလည္းသက္သာခ်င္တယ္ ဆိုရင္ေတာ့ ဒီဖုန္းက ေရြးခ်ယ္ခ်င္စရာပါပဲ။ Fingerprint မပါတဲ့အ ခ်က္တစ္ခုေတာ့ရွိတယ္။ ကင္မရာပိုင္းမွာ F5 Youth ထက္နည္း နည္းနိမ့္ေနတာ၊ အရြယ္နည္းနည္း ေသးသြားတာက သိပ္မသိသာေပ မယ့္ Fingerprint မပါတဲ့အခ်က္ကေတာ့ ဒီဖုန္းကို ေရြးခ်ယ္ဖို႔အတြက္ နည္းနည္းသိသာတဲ့ ကြဲလြဲမႈ တစ္ခုလိုေတာ့ျဖစ္ ေနတယ္။

မေအမီကို (စမ္းသပ္အသံုးျပဳသူ)

ဖုန္းမွာသံုးထားတဲ့ CPU, GPU နဲ႔ Memory ပိုင္းေတြေကာင္းပါ တယ္။ ဂိမ္းကစားရတာနဲ႔ အင္တာနက္သံုးရတာလည္းအဆင္ေျပ ပါတယ္။ ဘက္ထရီကလည္း ၾကာၾကာခံတယ္။ အားသြင္းရတာေတာ့ သိပ္မျမန္ဘူး။ ဖုန္း Lock ကို ကိုယ့္ရဲ႕ မ်က္ႏွာနဲ႔ မွတ္သားၿပီး ဖြင့္လို႔ရတဲ့ အခ်က္ကလည္း ေကာင္းပါတယ္။ ဖုန္းကိုသံုးရတာ ဖြင့္ရတာ ျမန္ျမန္ဆန္ဆန္ရွိတယ္။ ဒါေပမယ့္ Fingerprint Sensor မပါတာက ေတာ့သိပ္မႀကိဳက္ဘူး။ ခုေနာက္ပိုင္းဖုန္းေတြ ေတာ္ေတာ္မ်ားမ်ား အားလံုးနီးပါးက Fingerprint ပါၾကတာမ်ားတယ္။ ဒီဖုန္းမွာမပါ ေတာ့ တစ္ခုခုလိုေနသလိုထင္ရတယ္။ ကင္မရာကလည္းေကာင္းပါ တယ္။

ကိုစိုးေဇယ်ာ (စမ္းသပ္အသံုးျပဳသူ)

CPU ပိုင္းေတြ GPU, Memory ပိုင္းေတြ ေကာင္းပါတယ္။ CPU ေကာင္းေကာင္းနဲ႔ RAM ကလည္း သင့္တင့္တဲ့ RAM နဲ႔ဆို ေတာ့ ဖုန္းရဲ႕လုပ္ေဆာင္ခ်က္ေတြက ျမန္ျမန္ဆန္ရွိတယ္။ ေစ်းက လည္းဖုန္းမွာသံုးထားတဲ့ CPU နဲ႔ Memory ကိုၾကည့္မယ္ဆိုရင္ သံုးေပ်ာ္ပါတယ္။ ကင္မရာပိုင္းမွာလည္း Megapixels ေတြက F5 Youth ထက္ နိမ့္တယ္လို႔ ဆိုေပမယ့္လည္း ဓာတ္ပံု ပံုထြက္ေကာင္း ပါတယ္။ ေရွ႕ကင္မရာမွာ AI စနစ္ပါတာ၊ မ်က္ႏွာျပင္အျပည့္ျဖစ္ တဲ့အခ်က္ေတြကလည္း ဒီဖုန္းကိုေရြးခ်ယ္ခ်င္စရာအခ်က္ေတြပါပဲ။ ဒါေပမဲ့ Face Recognition စနစ္က သိပ္ၿပီး မတိက်ေသးတဲ့အခ်ိန္ မွာ Fingerprint ကလည္းျဖဳတ္ထားတဲ့အခ်က္ကိုေတာ့ သိပ္မႀကိဳက္ ခ်င္ဘူး။

 

 

-ကိုသက္

OPPO F5 Lite (A83)

Price : 229,000ks

အားသာချက်

ဖုန်းရဲ့ CPU ပိုင်းနဲ့ ဂရပ်ဖစ် GPU ပိုင်းတွေမှာ ကောင်းမွန်တဲ့အတွက် ဖုန်းရဲ့ လုပ်ဆောင်ချက်အပိုင်းတွေမှာ ချောမွေ့မြန်ဆန်မှု ရှိနေခြင်းက ဒီဖုန်းရဲ့ အားသာချက်လို့ ဆိုနိုင်ပါတယ်။ မှတ်ဉာဏ်ပိုင်းမှာလည်း သင့် တင့်ကောင်းမွန်တဲ့အပြင် ကင်မရာရဲ့ Megapixels ပိုင်းတွေ သင့်တင့် တာ၊ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏ ကောင်းမွန်တာ စတဲ့အ ချက်တွေကလည်း ဒီဖုန်းရဲ့ ကောင်းမွန်တဲ့အချက်တွေလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်အပြည့်ပုံစံဒီဇိုင်းမျိုးဖြစ်တဲ့အချက်နဲ့ Sim Card နှစ်ကတ်နဲ့ SD Card ကိုတစ်ပြိုင်တည်း သုံးနိုင်တဲ့အချက်ကလည်း ဒီဖုန်းရဲ့ကောင်း မွန်တဲ့အချက်တွေပါပဲ။

အားနည်းချက်

ဒီဖုန်းမှာတော့ Fingerprint Sensor မပါဝင်တဲ့အချက်က သိသာတဲ့ အချက်တစ်ခုလို ဖြစ်နေစေပါတယ်။ Sensor ပိုင်းမှာဆိုရင်လည်း Temperature နဲ့ Barometer လို Sensor တွေပါဝင်တာမတွေ့ရတဲ့အ ပြင် ဘက်ထရီအားသွင်းမြန်ဆန်တဲ့ စနစ်လည်း ပါဝင်တာ မတွေ့ရပါဘူး။

ဒီဇိုင်း

ပုံစံဒီဇိုင်းပိုင်း လှပတယ်လို့ ဆိုရမယ့် ဖုန်းဖြစ်ပါတယ်။ ကျစ်ကျစ် လျစ်လျစ်ရှိပြီး ကိုင်တွယ်အသုံးပြုတဲ့အချိန်မှာ လက်နဲ့ အံဝင်ခွင်ကျရှိတဲ့ အပြင် အလေးချိန်ကလည်း သင့်တင့်တယ်လို့ခံစားရမှာပါ။ကျောဘက် ကာဗာအပေါ်ထိပ်ဘက်မှာ ကင်မရာကို တပ်ဆင် ပေးထားပြီး Fingerprint Sensor တော့မပါဝင်ပါဘူး။ ရှေ့ဘက်မျက် နှာပြင်အပြည့်ပုံစံမျိုးဖြစ် တဲ့အတွက် ဘေးဘောင်တွေ ပါးလွှာပြီးမျက်နှာ ပြင်ပေါ်မှာ ခလုတ်တွေ တစ်ခုမှ မထည့်သွင်းထားပါဘူး။ အားလုံး ကို Touch စနစ်နဲ့ပဲအသုံးပြုရမှာပါ။ စပီကာ၊ USB Port နဲ့ နားကြပ်ပေါက်တွေကိုတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာ တပ်ဆင် ပေးထားပါတယ်။

မြင်ကွင်း

၅.၇ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 720 x 1440 Pixels ရှိတဲ့ HD+ Screen ပါ။

နည်းပညာ

ဒီဖုန်းမှာ Fingerprint Sensor ကိုမထည့်သွင်းထားပေမယ့်လည်း အသုံးပြုတဲ့သူရဲ့မျက်နှာနဲ့ မှတ်သားပြီးဖုန်းကို Lock ဖွင့်နိုင်မယ့် Face Recognition စနစ်ကိုထည့်သွင်းပေးထားတာတေ့ရပါတယ်။ ကျောဘက်ကင်မရာမှာ 2X Optical Zoom စနစ်ကို ထည့်သွင်းပေးထားပြီး ကောင်းမွန်တဲ့ Zoom စနစ်ကို အသုံးပြုနိုင်တာတွေ့ရပါတယ်။ ရှေ့ဘက်ကင်မရာမှာတော့ AI Beauty Technology ကိုထည့်သွင်းပေးထားတဲ့အတွက် Selfie ရိုက်တဲ့ အချိန်မှာ ဓာတ်ပုံရိုက်တဲ့သူရဲ့ မိန်းကလေး၊ ယောက်ျားလေး အသားအရောင်တွေကိုလည်း ခွဲခြားနိုင်ပါတယ်။ Color OS Version အသစ်ကို အသုံးပြုထားတဲ့အတွက် OPPO Share ဆိုတဲ့စနစ်နဲ့ Night Shield ဆိုတဲ့ စနစ်တွေပါဝင်လာပါတယ်။ OPPO Share ကတော့ ဒီစနစ်ပါဝင်တဲ့ ဖုန်းအချင်းချင်းတွေမှာပဲ အသုံးပြုလို့ ရမှာပါ။

သုံးသပ်ချက်

ဖုန်းတစ်ခုလုံးကို ခြုံပြီး ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ စျေးနှုန်းအ လယ်အလတ်စားဖုန်းဖြစ်ပေမယ့် ဖုန်းမှာသုံးထားတဲ့ CPU နဲ့ GPU, RAM တွေက သူ့ထက်စျေးမြင့်တဲ့ F5 Youth မှာသုံးထားတဲ့ CPU တွေ RAM တွေနဲ့ တူနေတဲ့အတွက် ဒီဖုန်းက ဖုန်းလုပ်ဆောင်ချက် မြန်ဆန်မှု Performance ပိုင်းကို အဓိကထား ထုတ်ထားတယ်ဆိုတာ သေချာပါ တယ်။ Fingerprint မပါတဲ့အချက်ကို ကြိုက်တယ် မကြိုက်ဘူးဆိုတာက တော့ အသုံးပြုသူကရွေးချယ်ရမယ့်အချက်ပါ။ Face Recoginition စနစ်ကိုအသုံးပြုမယ်ဆိုရင်တော့ အသုံးပြုသူက ဖုန်းကို မြန်မြန်ဆန်ဆန် နဲ့ Lock ဖွင့်ချင်တဲ့ ကိုယ်ပိုင်အချိန်တွေမှာပဲအသုံးပြုသင့်ပြီး ကျန်တဲ့အ ချန်တွေမှာတော့ ပိတ်ထားတာ ပိုကောင်းပါတယ်။ ကင်မရာပိုင်းမှာ လည်း ဓာတ်ပုံရုပ်ထွက်ပိုင်းတွေက အဆင်ပြေတာတွေ့ရပါတယ်။

Network – GSM – 2G/ 3G/ 4G
SIM – Dual SIM (Micro Sim Dual Standby)
OS – Android 7.1 (Nougat)
CPU – Octa-core 2.5 GHz Cortex-A53
GPU – Mali-G71 MP2
Memory – Internal 32GB, 3GB RAM , Micro SD 256GB
Camera – 13 MP, f/2.2, autofocus, LED flash, Features Geo-tagging, touch focus, face detection, HDR, panorama, Secondary 8 MP, f/2.2
Wi-Fi – 802.11 a/b/g/n, dual-band, WiFi Direct
Bluetooth – 4.2, A2DP, LE
Battery – Li-Ion 3180 mAh Battery

သူတို့အမြင်

ကိုဆန်းထွန်းပိုင် (စမ်းသပ်အသုံးပြုသူ)

ဒီဖုန်းက F5 Youth ထက်အရွယ်အစားနည်းနည်းသေးတယ် ကင်မရာပိုင်းမှာလည်း F5 Youth ထက် နည်းနည်းနိမ့်တယ်လို့ဆိုပေ မယ့်လည်း ဖုန်းမှာသုံးထားတဲ့ CPU, GPU, Memory တွေက F5 Youth နဲ့ တူတူပဲဖြစ်နေတာတွေ့ရတယ်။ စျေးကလည်း F5 Youth နဲ့ ယှဉ်လိုက်ရင် စျေးက တစ်သိန်း နီးပါးလောက်သက်သာတယ်ဆို တော့ F5 Youth ကိုလည်းကြိုက်တယ်၊ စျေးလည်းသက်သာချင်တယ် ဆိုရင်တော့ ဒီဖုန်းက ရွေးချယ်ချင်စရာပါပဲ။ Fingerprint မပါတဲ့အ ချက်တစ်ခုတော့ရှိတယ်။ ကင်မရာပိုင်းမှာ F5 Youth ထက်နည်း နည်းနိမ့်နေတာ၊ အရွယ်နည်းနည်း သေးသွားတာက သိပ်မသိသာပေ မယ့် Fingerprint မပါတဲ့အချက်ကတော့ ဒီဖုန်းကို ရွေးချယ်ဖို့အတွက် နည်းနည်းသိသာတဲ့ ကွဲလွဲမှု တစ်ခုလိုတော့ဖြစ် နေတယ်။

မအေမီကို (စမ်းသပ်အသုံးပြုသူ)

ဖုန်းမှာသုံးထားတဲ့ CPU, GPU နဲ့ Memory ပိုင်းတွေကောင်းပါ တယ်။ ဂိမ်းကစားရတာနဲ့ အင်တာနက်သုံးရတာလည်းအဆင်ပြေ ပါတယ်။ ဘက်ထရီကလည်း ကြာကြာခံတယ်။ အားသွင်းရတာတော့ သိပ်မမြန်ဘူး။ ဖုန်း Lock ကို ကိုယ့်ရဲ့ မျက်နှာနဲ့ မှတ်သားပြီး ဖွင့်လို့ရတဲ့ အချက်ကလည်း ကောင်းပါတယ်။ ဖုန်းကိုသုံးရတာ ဖွင့်ရတာ မြန်မြန်ဆန်ဆန်ရှိတယ်။ ဒါပေမယ့် Fingerprint Sensor မပါတာက တော့သိပ်မကြိုက်ဘူး။ ခုနောက်ပိုင်းဖုန်းတွေ တော်တော်များများ အားလုံးနီးပါးက Fingerprint ပါကြတာများတယ်။ ဒီဖုန်းမှာမပါ တော့ တစ်ခုခုလိုနေသလိုထင်ရတယ်။ ကင်မရာကလည်းကောင်းပါ တယ်။

ကိုစိုးဇေယျာ (စမ်းသပ်အသုံးပြုသူ)

CPU ပိုင်းတွေ GPU, Memory ပိုင်းတွေ ကောင်းပါတယ်။ CPU ကောင်းကောင်းနဲ့ RAM ကလည်း သင့်တင့်တဲ့ RAM နဲ့ဆို တော့ ဖုန်းရဲ့လုပ်ဆောင်ချက်တွေက မြန်မြန်ဆန်ရှိတယ်။ စျေးက လည်းဖုန်းမှာသုံးထားတဲ့ CPU နဲ့ Memory ကိုကြည့်မယ်ဆိုရင် သုံးပျော်ပါတယ်။ ကင်မရာပိုင်းမှာလည်း Megapixels တွေက F5 Youth ထက် နိမ့်တယ်လို့ ဆိုပေမယ့်လည်း ဓာတ်ပုံ ပုံထွက်ကောင်း ပါတယ်။ ရှေ့ကင်မရာမှာ AI စနစ်ပါတာ၊ မျက်နှာပြင်အပြည့်ဖြစ် တဲ့အချက်တွေကလည်း ဒီဖုန်းကိုရွေးချယ်ချင်စရာအချက်တွေပါပဲ။ ဒါပေမဲ့ Face Recognition စနစ်က သိပ်ပြီး မတိကျသေးတဲ့အချိန် မှာ Fingerprint ကလည်းဖြုတ်ထားတဲ့အချက်ကိုတော့ သိပ်မကြိုက် ချင်ဘူး။

-ကိုသက်