OPPO F11 Pro စမတ်ဖုန်း ကို မတ်လကုန်ပိုင်းတွင်ဝယ်ယူနိုင်မည်

[Zawgyi]

OPPO F11 Pro စမတ်ဖုန်းကို မတ်လ ၃၀ ရက်ကနေစတင်ပြီး ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင် တော့မှာဖြစ်ပါတယ်။



[Unicode]

OPPO F11 Pro စမတ်ဖုန်းကို မတ်လ ၃၀ ရက်ကနေစတင်ပြီး ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင် တော့မှာဖြစ်ပါတယ်။

မျက်နှာပြင်က ၆.၅ လက်မ Display အပြည့်ပါဝင်ပြီး Screen Resolution က 1080×2340 နဲ့ဖြစ်ပါတယ်။မြန် နှုန်းမြင့် Octa Core 2.0 Cortex-A53 Mediatek Helio P70 CPU နဲ့ဂရပ်ဖစ်ပိုင်းအတွက် Mali-G72MP3 ထည့်သွင်းအသုံးပြု ထားပါတယ်။ RAM 6GB နဲ့ဖြစ်ပြီး အချက်အလက်သို လှောင်သိမ်း ဆည်းဖို့အတွက် 128GB ပါ ဝင်ပါတယ်။ ကျောဘက်မှာ Apature 1.8 ရှိတဲ့ 48MP ကင်မ ရာနဲ့ 5MP Depth ကင်မရာတွေ ပါဝင်ပါတယ်။ရှေ့ ဘက်ကင်မရာကတော့ 16MP အမျိုးအစား တပ်ဆင်ပေးထား ပြီး Motorized Pop Up စနစ်နဲ့ ဖုန်းကိုယ်ထည်မှာမြှုပ်နှံ ထားတာ ဖြစ်ပါတယ်။ Android 9.0 စနစ်အခြေခံ OPPO Color OS ကို အသုံးပြုထားပါတယ်။ Vooc စနစ်နဲ့အားအမြန်သွင်းနိုင် မှာဖြစ်ပြီး Micro USB 2.0 အမျိုးအစားကိုအသုံးပြု ထားပါတယ်။ 4000mAh Non Removable Li-po ဘက် ထရီကို အသုံးပြုထားပါတယ်။ Bluetooth 5.0, Wifi, FM စတဲ့ စနစ်တွေလည်းပါဝင်ပါ တယ်။

အရောင်အနေနဲ့ Thunder Black နဲ့ Aurora Green ဆိုပြီးအ ရောင်နှစ်မျိုးရှိမှာဖြစ်တဲ့ အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။တန်ဖိုး က ၄၉၉,၉၀၀ ကျပ်ဖြစ်ပါတယ်။