OPPO A7

[ Zawgyi ]

Price : 299,900

အားသာခ်က္

ေစ်းႏႈန္းအလယ္အလတ္စား ဖုန္းအမ်ိဳးအစား တစ္ခုျဖစ္ေပမယ့္ ဖုန္းတစ္လံုးရဲ႕ First Impression ျဖစ္တဲ့ ဒီဇိုင္းပိုင္းမွာ လွပတဲ့ပံုစံရွိေန ပါတယ္။ ေက်ာဘက္ကင္မရာ ၂ လံုး အသံုးျပဳထားတဲ့အခ်က္၊ ေရွ႕ကင္မရာ Megapixels ေကာင္းမြန္တဲ့အခ်က္ေတြက ဒီဖုန္းရဲ႕ အားသာခ်က္ေတြလို႔ ေျပာရမွာပါ။ OPPO ကေန ျပည္တြင္းေစ်းကြက္ကိုဝင္တဲ့ A Series ဖုန္းေတြေတာ္ေတာ္မ်ားမ်ားမွာ Fingerprint Sensor မပါတာမ်ားေပမယ့္ ဒီဖုန္းမွာေတာ့ Fingerprint Sensor ကို ထည့္သြင္းထားတာေတြ႕ရပါတယ္။ ဖုန္းမွာပါတဲ့ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈ ပမာဏက တန္ဖိုးျမင့္ဖုန္းေတြေလာက္ကို ေကာင္းမြန္ေနတာ ေတြ႕ရပါတယ္။

အားနည္းခ်က္

ဖုန္းမွာပါတဲ့ ဘက္ထရီရဲ႕ Capicity က ေတာ္ေတာ္ေလးျမင့္မား ေကာင္းမြန္ေနေပမယ့္ အားသြင္းျမန္ဆန္တဲ့စနစ္ကို ထည့္သြင္းထားတာ မေတြ႕ရတဲ့အတြက္ အားသြင္းခ်ိန္ေတာ့ အနည္းငယ္ၾကာႏိုင္ပါတယ္။ ဒီ ဖုန္းမွာအရင္ OPPO ဖုန္းေတြလို O Cloud စနစ္လည္း ပါဝင္လာတာ မေတြ႕ရပါဘူး။

CPU

Octa-core 1.8 GHz Cortex-A53 ကို အသံုးျပဳထားၿပီး Chipset ကေတာ့ Qualcomm SDM450 Snapdragon 450 (14 nm) ကို သံုးထားတာေတြ႕ရပါတယ္။ ဒီ Chipset ရဲ႕ Combined Performance ကေတာ့ Techrank ရဲ႕ေဖာ္ျပခ်က္အရ ျမင့္မားတဲ့ Perfirmance အေျခအေနမွာ ရပ္တည္ေနတာမ်ိဳး မဟုတ္ေပမယ့္လည္း သူ႔ေစ်းနဲ႔ေတာ့ သင့္တင့္တဲ့ အေျခအေနမွာရွိပါတယ္။ ဒါေပမဲ့ ဒီထပ္နည္းနည္းပိုျမင့္တဲ့ 625 နဲ႔ဆိုရင္ သူ႔ေစ်းနဲ႔ တန္တယ္လုိ႔ ေျပာလို႔ရႏိုင္မွာပါ။

ဒီဇိုင္း

ေရွ႕ဘက္မ်က္ႏွာျပင္အတြက္ အနားေဘာင္ေတြက ေသးငယ္ၿပီး မ်က္ႏွာျပင္အျပည့္ ဒီဇိုင္းမ်ိဳးျဖစ္ပါတယ္။ Notch ကလည္း ေရစက္ပံုစံ Water Drop Notch ျဖစ္တဲ့အတြက္ Screen ေပၚမွာ Notch ရဲ႕ပိတ္ကာေနမႈ ရာခိုင္ႏႈန္း အရမ္းနည္းသြားၿပီး Screen ပါဝင္မႈ ရာခိုင္ႏႈန္းပိုေကာင္း လာတာေတြ႕ရပါတယ္။ ေက်ာဘက္ကာဗာက OPPO ရဲ႕ Find X လိုမ်ိဳး ေဘးေဘာင္အနားခံုး ပံုစံျဖစ္ၿပီး ေတာက္ေျပာင္လွပတဲ့ ကာဗာမ်ိဳးပါ။

ဘက္ထရီ

ဘက္ထရီရဲ႕ ပါဝါသိုေလွာင္ႏိုင္မႈပမာဏက Li-Ion 4230 mAh ျဖစ္တဲ့အတြက္ ဖုန္းကို Standby အေျခအေနနဲ႔ ပံုမွန္အသံုးျပဳမယ္ ဆိုရင္ ႏွစ္ရက္ေလာက္ ေကာင္းေကာင္းသံုးႏိုင္တာ ေတြ႕ရပါတယ္။ ဘက္ထရီရဲ႕ ပါဝါသိုေလွာင္မႈ ပမာဏမ်ားေပမယ့္ အားသြင္းျမန္ဆန္တဲ့ စနစ္မပါတဲ့အတြက္ အားသြင္းခ်ိန္ေတာ့ အနည္းငယ္ၾကာႏိုင္ပါတယ္။

ကင္မရာ

ေက်ာဘက္ကင္မရာႏွစ္လံုး ပါဝင္လာတဲ့အတြက္ Portrait စနစ္နဲ႔ ေနာက္ခံအဝါး Bokeh စနစ္ေတြမွာ ပိုေကာင္းလာတာ ေတြ႕ရပါတယ္။ ေန႔ဘက္အလင္းေရာင္နဲ႔ ဓာတ္ပံု႐ိုက္ခ်ိန္မွာ ပံုထြက္ေကာင္းေပမယ့္ ေမွာင္တဲ့အခ်ိန္ေတြမွာေတာ့ ဓာတ္ပံုရဲ႕ ပံုရိပ္တိက်မႈ အနည္းငယ္ အားနည္းတာ ေတြ႕ရပါတယ္။ ေရွ႕ကင္မရာကေတာ့ OPPO ရဲ႕ ထံုးစံအတိုင္းပဲ AI စနစ္၊ HDR စနစ္ေတြနဲ႔ စြမ္းေဆာင္ရည္ေကာင္းတဲ့ Selfie စနစ္ကို အသံုးျပဳႏုိင္ပါလိမ့္မယ္။ ဒီဖုန္းမွာေတာ့ F Series ဖုန္းေတြလို Slowmotion စနစ္ပါဝင္တာ မေတြ႕ရပါဘူး။

သံုးသပ္ခ်က္

ဒီဇိုင္းလွပေသသပ္ၿပီး သူ႔ေစ်းႏႈန္းနဲ႔ယွဥ္ၾကည့္လိုက္ရင္ သံုးေပ်ာ္တဲ့အေျခအေနမွာ ရွိပါတယ္။ Performance အျမင့္ႀကီး မလိုအပ္ဘူး၊ ေစ်းသက္သက္သာသာနဲ႔ ကင္မရာအဆင္ေျပေျပ၊ ဘက္ထရီေကာင္းေကာင္း၊ ဒီဇိုင္းလွလွ၊ Memory ေကာင္းေကာင္း သံုးခ်င္တယ္ဆိုရင္ေတာ့ ဒီဖုန္းကလည္း ေရြးခ်ယ္လို႔ေကာင္းတဲ့ ဖုန္းတစ္ခုပါပဲ။ Color OS Version ျမင့္ၿပီး ဂိမ္းကစားခ်ိန္၊ ႐ုပ္ရွင္ၾကည့္ေနခ်ိန္ေတြမွာ ဖုန္းဝင္လာတာ၊ Notification ဝင္လာတာေတြအတြက္ အေႏွာက္အယွက္ မျဖစ္ေစႏိုင္သလို ဂိမ္းေတြ၊ ႐ုပ္ရွင္ေတြကို မပိတ္ပဲ အသံုးျပဳခ်င္တဲ့ သူေတြအတြက္လည္း Smart sidebar လို႔ေခၚတဲ့ စနစ္တစ္ခုကို ထည့္သြင္းေပးထားတာက ေကာင္းတဲ့အခ်က္ပါပဲ။ Face Unlock စနစ္နဲ႔ အျခား Gesture ေတြလည္း စံုစံုလင္လင္ပါဝင္တဲ့ဖုန္းပါ။

Network GSM – 2G/ 3G/ 4G
SIM Dual SIM (Nano Sim) Dual Standby
Screen IPS LCD, 6.2 Inch, 720 x 1520 pixels, 88.39% Screen to body ratio
OS Android 8.1
CPU Octa-core 1.8 GHz Cortex-A53
GPU Adreno 506
Camera 13 MP, f/2.2, AF, 2 MP, f/2.4, depth sensor LED flash, HDR, panorama,Video, Selfie 16 MP, f/2.0
Memory Internal 64GB, RAM 3GB
Battery Li-Ion 4230 mAh

သူတို႔အျမင္

ကိုဝဏၰထြန္း (စမ္းသပ္အသံုးျပဳသူ)

ေစ်းႏႈန္းႏွစ္သိန္းေက်ာ္ သံုးသိန္းဝန္းက်င္နဲ႔ မ်က္ႏွာျပင္က်ယ္ က်ယ္သံုးရတဲ့ အခ်က္တစ္ခ်က္ရွိတယ္။ CPU နဲ႔ Chipset ကေတာ့ သိပ္မျမင့္ဘူး။ ဒါေပမဲ့ Memory ပိုင္းကသူ႔ေစ်းနဲ႔သူဆို ေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ ကင္မရာကလည္း ေတာ္ေတာ္ေလးအဆင္ေျပ ပါတယ္။ အႀကိဳက္ဆံုးကေတာ့ ဘက္ထရီပဲ။ ဘက္ထရီရဲ႕ Capicity က ေတာ္ေတာ္ေလးျမင့္တယ္။ High end ဖုန္းေတြမွာပါတဲ့ ဘက္ထရီပမာဏေလာက္ကို ထည့္ေပးထားတာေတြ႕ရတယ္။ ေနာက္တစ္ခ်က္က A Series ဖုန္းမွာ Fingerprint ပါလာတာကိုေတာ့ ဒီဖုန္းမွာ စေတြ႕ရတယ္။ ဒီဇိုင္းကလည္း လွပါတယ္။ Color OS Version အ ျမင့္သံုးထားတဲ့အတြက္ ဖုန္းထဲမွာသံုးရတဲ့ Settings စနစ္ေတြကလည္း ေကာင္းပါတယ္။

ကိုေနဦးေမာင္ (စမ္းသပ္အသံုးျပဳသူ)

ေစ်းႏႈန္းသင့္တင့္တဲ့ အခ်က္ကေတာ့ စိတ္ဝင္စားစရာေကာင္းပါတယ္။ Screen က်ယ္တယ္။ Notch ကလည္းေသးေတာ့ Notch မႀကိဳက္တဲ့သူေတြအတြက္လည္း အဆင္ေျပႏိုင္တယ္။ မွတ္ဉာဏ္ပိုင္းကလည္း ေကာင္းပါတယ္။ Memory ပိုင္းေတြ၊ ကင္မရာပိုင္းေတြက သူ႔ေစ်းနဲ႔သူ တန္တယ္လို႔ ေျပာလို႔ရတဲ့ အေျခအေနမွာရွိတယ္။ Chipset နဲ႔ CPU ေလး နည္းနည္းေလး နိမ့္တယ္လို႔ ေတာ့ျမင္မိတယ္။ ဒီထပ္နည္းနည္းေလးျမင့္တဲ့ CPU နဲ႔ဆိုရင္ ဒီဖုန္းက ပိုၿပီးသံုးေပ်ာ္သြားမွာ။ ကင္မရာကေတာ့ ေကာင္းပါတယ္။ AI စနစ္ေတြလည္း ေကာင္းတယ္။

မခင္သူဇာ (စမ္းသပ္အသံုးျပဳသူ)

OPPO ရဲ႕ထံုးစံအတိုင္း Selfie ကင္မရာကေတာ္ေတာ္ေလး ေကာင္းတာေတြ႕ရတယ္။ ဒီေစ်းနဲ႔ ေရွ႕ကင္မရာ 16 Megapixels ဆိုေတာ့ ႀကိဳက္တယ္။ ေနာက္တစ္ခ်က္က Memory ေပါ့။ Internal Memory ကလည္း ျမင့္ေတာ့ ဖုန္းထဲမွာ သိမ္းခ်င္တဲ့ဖိုင္ေလးေတြ သိမ္းဖို႔ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။ ဒီေစ်းနဲ႔ ဒီေလာက္ရတာ ကေက်နပ္စရာေကာင္းပါတယ္။ ဘက္ထရီကလည္း ေတာ္ေတာ္ ေလးျမင့္ေတာ့ ဖုန္းကိုဘယ္လိုသံုးသံုး တစ္ေန႔စာအတြက္ကေတာ့ ေကာင္းေကာင္းအသံုးခံတယ္။ ေနာက္တစ္ခ်က္က A Series ဖုန္း ေတြမွာ Fingerprint မပါတက္ေပမယ့္ ဒီဖုန္းမွာေတာ့ Fingerprint ပါ ထည့္ေပးထားတာက ပိုျပည့္စံုလာတယ္လုိ႔ ျမင္ပါတယ္။

Features

[ Unicode ]

Price : 299,900

အားသာချက်

စျေးနှုန်းအလယ်အလတ်စား ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းတစ်လုံးရဲ့ First Impression ဖြစ်တဲ့ ဒီဇိုင်းပိုင်းမှာ လှပတဲ့ပုံစံရှိနေ ပါတယ်။ ကျောဘက်ကင်မရာ ၂ လုံး အသုံးပြုထားတဲ့အချက်၊ ရှေ့ကင်မရာ Megapixels ကောင်းမွန်တဲ့အချက်တွေက ဒီဖုန်းရဲ့ အားသာချက်တွေလို့ ပြောရမှာပါ။ OPPO ကနေ ပြည်တွင်းစျေးကွက်ကိုဝင်တဲ့ A Series ဖုန်းတွေတော်တော်များများမှာ Fingerprint Sensor မပါတာများပေမယ့် ဒီဖုန်းမှာတော့ Fingerprint Sensor ကို ထည့်သွင်းထားတာတွေ့ရပါတယ်။ ဖုန်းမှာပါတဲ့ ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှု ပမာဏက တန်ဖိုးမြင့်ဖုန်းတွေလောက်ကို ကောင်းမွန်နေတာ တွေ့ရပါတယ်။

အားနည်းချက်

ဖုန်းမှာပါတဲ့ ဘက်ထရီရဲ့ Capicity က တော်တော်လေးမြင့်မား ကောင်းမွန်နေပေမယ့် အားသွင်းမြန်ဆန်တဲ့စနစ်ကို ထည့်သွင်းထားတာ မတွေ့ရတဲ့အတွက် အားသွင်းချိန်တော့ အနည်းငယ်ကြာနိုင်ပါတယ်။ ဒီ ဖုန်းမှာအရင် OPPO ဖုန်းတွေလို O Cloud စနစ်လည်း ပါဝင်လာတာ မတွေ့ရပါဘူး။

CPU

Octa-core 1.8 GHz Cortex-A53 ကို အသုံးပြုထားပြီး Chipset ကတော့ Qualcomm SDM450 Snapdragon 450 (14 nm) ကို သုံးထားတာတွေ့ရပါတယ်။ ဒီ Chipset ရဲ့ Combined Performance ကတော့ Techrank ရဲ့ဖော်ပြချက်အရ မြင့်မားတဲ့ Perfirmance အခြေအနေမှာ ရပ်တည်နေတာမျိုး မဟုတ်ပေမယ့်လည်း သူ့စျေးနဲ့တော့ သင့်တင့်တဲ့ အခြေအနေမှာရှိပါတယ်။ ဒါပေမဲ့ ဒီထပ်နည်းနည်းပိုမြင့်တဲ့ 625 နဲ့ဆိုရင် သူ့စျေးနဲ့ တန်တယ်လို့ ပြောလို့ရနိုင်မှာပါ။

ဒီဇိုင်း

ရှေ့ဘက်မျက်နှာပြင်အတွက် အနားဘောင်တွေက သေးငယ်ပြီး မျက်နှာပြင်အပြည့် ဒီဇိုင်းမျိုးဖြစ်ပါတယ်။ Notch ကလည်း ရေစက်ပုံစံ Water Drop Notch ဖြစ်တဲ့အတွက် Screen ပေါ်မှာ Notch ရဲ့ပိတ်ကာနေမှု ရာခိုင်နှုန်း အရမ်းနည်းသွားပြီး Screen ပါဝင်မှု ရာခိုင်နှုန်းပိုကောင်း လာတာတွေ့ရပါတယ်။ ကျောဘက်ကာဗာက OPPO ရဲ့ Find X လိုမျိုး ဘေးဘောင်အနားခုံး ပုံစံဖြစ်ပြီး တောက်ပြောင်လှပတဲ့ ကာဗာမျိုးပါ။

ဘက်ထရီ

ဘက်ထရီရဲ့ ပါဝါသိုလှောင်နိုင်မှုပမာဏက Li-Ion 4230 mAh ဖြစ်တဲ့အတွက် ဖုန်းကို Standby အခြေအနေနဲ့ ပုံမှန်အသုံးပြုမယ် ဆိုရင် နှစ်ရက်လောက် ကောင်းကောင်းသုံးနိုင်တာ တွေ့ရပါတယ်။ ဘက်ထရီရဲ့ ပါဝါသိုလှောင်မှု ပမာဏများပေမယ့် အားသွင်းမြန်ဆန်တဲ့ စနစ်မပါတဲ့အတွက် အားသွင်းချိန်တော့ အနည်းငယ်ကြာနိုင်ပါတယ်။

ကင်မရာ

ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာတဲ့အတွက် Portrait စနစ်နဲ့ နောက်ခံအဝါး Bokeh စနစ်တွေမှာ ပိုကောင်းလာတာ တွေ့ရပါတယ်။ နေ့ဘက်အလင်းရောင်နဲ့ ဓာတ်ပုံရိုက်ချိန်မှာ ပုံထွက်ကောင်းပေမယ့် မှောင်တဲ့အချိန်တွေမှာတော့ ဓာတ်ပုံရဲ့ ပုံရိပ်တိကျမှု အနည်းငယ် အားနည်းတာ တွေ့ရပါတယ်။ ရှေ့ကင်မရာကတော့ OPPO ရဲ့ ထုံးစံအတိုင်းပဲ AI စနစ်၊ HDR စနစ်တွေနဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ Selfie စနစ်ကို အသုံးပြုနိုင်ပါလိမ့်မယ်။ ဒီဖုန်းမှာတော့ F Series ဖုန်းတွေလို Slowmotion စနစ်ပါဝင်တာ မတွေ့ရပါဘူး။

သုံးသပ်ချက်

ဒီဇိုင်းလှပသေသပ် ပြီး သူ့စျေးနှုန်းနဲ့ယှဉ်ကြည့်လိုက်ရင် သုံးပျော်တဲ့အခြေအနေမှာ ရှိပါတယ်။ Performance အမြင့်ကြီး မလိုအပ်ဘူး၊ စျေးသက်သက်သာသာနဲ့ ကင်မရာအဆင်ပြေပြေ၊ ဘက်ထရီကောင်းကောင်း၊ ဒီဇိုင်းလှလှ၊ Memory ကောင်းကောင်း သုံးချင်တယ်ဆိုရင်တော့ ဒီဖုန်းကလည်း ရွေးချယ်လို့ကောင်းတဲ့ ဖုန်းတစ်ခုပါပဲ။ Color OS Version မြင့်ပြီး ဂိမ်းကစားချိန်၊ ရုပ်ရှင်ကြည့်နေချိန်တွေမှာ ဖုန်းဝင်လာတာ၊ Notification ဝင်လာတာတွေအတွက် အနှောက်အယှက် မဖြစ်စေနိုင်သလို ဂိမ်းတွေ၊ ရုပ်ရှင်တွေကို မပိတ်ပဲ အသုံးပြုချင်တဲ့ သူတွေအတွက်လည်း Smart sidebar လို့ခေါ်တဲ့ စနစ်တစ်ခုကို ထည့်သွင်းပေးထားတာက ကောင်းတဲ့အချက်ပါပဲ။ Face Unlock စနစ်နဲ့ အခြား Gesture တွေလည်း စုံစုံလင်လင်ပါဝင်တဲ့ဖုန်းပါ။

သူတို့အမြင်

ကိုဝဏ္ဏထွန်း (စမ်းသပ်အသုံးပြုသူ)

စျေးနှုန်းနှစ်သိန်းကျော် သုံးသိန်းဝန်းကျင်နဲ့ မျက်နှာပြင်ကျယ် ကျယ်သုံးရတဲ့ အချက်တစ်ချက်ရှိတယ်။ CPU နဲ့ Chipset ကတော့ သိပ်မမြင့်ဘူး။ ဒါပေမဲ့ Memory ပိုင်းကသူ့စျေးနဲ့သူဆို ကောင်းတယ်လို့ ပြောလို့ရတယ်။ ကင်မရာကလည်း တော်တော်လေးအဆင်ပြေ ပါတယ်။ အကြိုက်ဆုံးကတော့ ဘက်ထရီပဲ။ ဘက်ထရီရဲ့ Capicity က တော်တော်လေးမြင့်တယ်။ High end ဖုန်းတွေမှာပါတဲ့ ဘက်ထရီပမာဏလောက်ကို ထည့်ပေးထားတာတွေ့ရတယ်။ နောက်တစ်ချက်က A Series ဖုန်းမှာ Fingerprint ပါလာတာကိုတော့ ဒီဖုန်းမှာ စတွေ့ရတယ်။ ဒီဇိုင်းကလည်း လှပါတယ်။ Color OS Version အ မြင့်သုံးထားတဲ့အတွက် ဖုန်းထဲမှာသုံးရတဲ့ Settings စနစ်တွေကလည်း ကောင်းပါတယ်။

ကိုနေဦးမောင် (စမ်းသပ်အသုံးပြုသူ)

စျေးနှုန်းသင့်တင့်တဲ့ အချက်ကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ Screen ကျယ်တယ်။ Notch ကလည်းသေးတော့ Notch မကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေနိုင်တယ်။ မှတ်ဉာဏ်ပိုင်းကလည်း ကောင်းပါတယ်။ Memory ပိုင်းတွေ၊ ကင်မရာပိုင်းတွေက သူ့စျေးနဲ့သူ တန်တယ်လို့ ပြောလို့ရတဲ့ အခြေအနေမှာရှိတယ်။ Chipset နဲ့ CPU လေး နည်းနည်းလေး နိမ့်တယ်လို့ တော့မြင်မိတယ်။ ဒီထပ်နည်းနည်းလေးမြင့်တဲ့ CPU နဲ့ဆိုရင် ဒီဖုန်းက ပိုပြီးသုံးပျော်သွားမှာ။ ကင်မရာကတော့ ကောင်းပါတယ်။ AI စနစ်တွေလည်း ကောင်းတယ်။

မခင်သူဇာ (စမ်းသပ်အသုံးပြုသူ)

OPPO ရဲ့ထုံးစံအတိုင်း Selfie ကင်မရာကတော်တော်လေး ကောင်းတာတွေ့ရတယ်။ ဒီစျေးနဲ့ ရှေ့ကင်မရာ 16 Megapixels ဆိုတော့ ကြိုက်တယ်။ နောက်တစ်ချက်က Memory ပေါ့။ Internal Memory ကလည်း မြင့်တော့ ဖုန်းထဲမှာ သိမ်းချင်တဲ့ဖိုင်လေးတွေ သိမ်းဖို့ တော်တော်လေး အဆင်ပြေပါတယ်။ ဒီစျေးနဲ့ ဒီလောက်ရတာ ကကျေနပ်စရာကောင်းပါတယ်။ ဘက်ထရီကလည်း တော်တော် လေးမြင့်တော့ ဖုန်းကိုဘယ်လိုသုံးသုံး တစ်နေ့စာအတွက်ကတော့ ကောင်းကောင်းအသုံးခံတယ်။ နောက်တစ်ချက်က A Series ဖုန်း တွေမှာ Fingerprint မပါတက်ပေမယ့် ဒီဖုန်းမှာတော့ Fingerprint ပါ ထည့်ပေးထားတာက ပိုပြည့်စုံလာတယ်လို့ မြင်ပါတယ်။