OPPO A7 စမတ္ဖုန္း ႀကိဳတင္မွာယူႏိုင္

[ Zawgyi [

3D မွန္သားပံုစံမ်က္ႏွာျပင္ဒီဇိုင္းျဖစ္တဲ့ OPPO A7 စမတ္ဖုန္းကို ျပည္တြင္းေစ်းကြက္မွာ ႏိုဝင္ဘာ ၁၇ ရက္နဲ႔ ၂၂ ရက္အထိ OPPO အေရာင္းဆိုင္ေတြမွာ ႀကိဳတင္မွာယူမႈ ျပဳလုပ္ႏိုင္မယ္လို႔ သိရပါတယ္။

ႀကိဳတင္မွာယူသူေတြအေနနဲ႔ ေဘးလြယ္အိတ္တစ္လံုးနဲ႔ Telenor အင္တာနက္ေဒတာ 24GB ရရွိမွာျဖစ္တယ္လုိ႔ သိရပါတယ္။ စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္အရြယ္အစားက ၆.၂ လက္မျဖစ္ၿပီး Resolution က 1520×720 ျဖစ္ပါတယ္။ AI ဘက္ထရီစနစ္ ပါဝင္တဲ့အတြက္ အသံုးမျပဳတဲ့ Application ေတြရဲ႕ Cache ေတြကို ရပ္ဆိုင္းေပးမွာျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာ 13+2MP ကင္မရာႏွစ္လံုးပါဝင္ၿပီး စကရင္ဘက္အျခမ္းမွာ ေတာ့ AI Beauty 2.0 Mode နဲ႔ 16MP ကင္မရာပါဝင္ပါတယ္။ အခ်က္အလက္ သိမ္းဆည္းဖို႔အတြက္ 64GB နဲ႔ RAM ပိုင္းအတြက္ 4GB ေထာက္ပံ့ေပးထားပါတယ္။ 4230mAh ဘက္ထရီကို Non-removable အေနနဲ႔ ထည့္သြင္းအသံုးျပဳထားပါတယ္။

တန္ဖိုးက ၂၉၉,၀၀၀ က်ပ္ျဖစ္ၿပီး Glaze Blue နဲ႔ Glaring Gold အေရာင္ဆိုၿပီးႏွစ္မ်ိဳးနဲ႔ရရွိႏိုင္ပါတယ္။

-ေအာင္သက္ကို

[ Unicode ]

3D မှန်သားပုံစံမျက်နှာပြင်ဒီဇိုင်းဖြစ်တဲ့ OPPO A7 စမတ်ဖုန်းကို ပြည်တွင်းစျေးကွက်မှာ နိုဝင်ဘာ ၁၇ ရက်နဲ့ ၂၂ ရက်အထိ OPPO အရောင်းဆိုင်တွေမှာ ကြိုတင်မှာယူမှု ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ကြိုတင်မှာယူသူတွေအနေနဲ့ ဘေးလွယ်အိတ်တစ်လုံးနဲ့ Telenor အင်တာနက်ဒေတာ 24GB ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ စမတ်ဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားက ၆.၂ လက်မဖြစ်ပြီး Resolution က 1520×720 ဖြစ်ပါတယ်။ AI ဘက်ထရီစနစ် ပါဝင်တဲ့အတွက် အသုံးမပြုတဲ့ Application တွေရဲ့ Cache တွေကို ရပ်ဆိုင်းပေးမှာဖြစ်ပါတယ်။ နောက်ကျောဘက်မှာ 13+2MP ကင်မရာနှစ်လုံးပါ၀င်ပြီး စကရင်ဘက်အခြမ်းမှာ တော့ AI Beauty 2.0 Mode နဲ့ 16MP ကင်မရာပါဝင်ပါတယ်။ အချက်အလက် သိမ်းဆည်းဖို့အတွက် 64GB နဲ့ RAM ပိုင်းအတွက် 4GB ထောက်ပံ့ပေးထားပါတယ်။ 4230mAh ဘက်ထရီကို Non-removable အနေနဲ့ ထည့်သွင်းအသုံးပြုထားပါတယ်။

တန်ဖိုးက ၂၉၉,၀၀၀ ကျပ်ဖြစ်ပြီး Glaze Blue နဲ့ Glaring Gold အရောင်ဆိုပြီးနှစ်မျိုးနဲ့ရရှိနိုင်ပါတယ်။