OpenSSH ကို Windows 10 မှာဘယ်လိုထည့်သွင်းမလဲ

Windows 10 Fall Creator update မှာ OpenSSH client နဲ့ server ကို Windows ပေါ်မှာ အခြား third-party တွေမသုံးဘဲ တိုက်ရိုက်သုံးစွဲနိုင်ဖို့အတွက် ထည့်သွင်းပေးလာပါတယ်။

OpenSSH client နဲ့ server ကို Windows 10 မှာ ထည့်သွင်းအသုံးပြုချင်သူတွေအတွက် ဖော်ပြပါ နည်းလမ်းအတိုင်း အဆိုပါ feature တွေကိုထည့်သွင်းနိုင်ပါတယ်။

ပထမဆုံး Win + I key ကိုနှိပ်ပြီး Settings ကိုနှိပ်ကာ Apps ဆိုတာကိုရွေးချယ်ရမှာဖြစ်ပါတယ်။

ပြီးရင် Apps & Features ဆိုတာကိုရွေးချယ်ပေးပြီး Manage optional features ဆိုတာကို နှိပ်လိုက်ပါ။

Manage optional features ထဲကိုရောက်ရင် Add a feature ဆိုတာကို နှိပ်ပြီး OpenSSH Client (Beta) နဲ့ OpenSSH Sever (Beta) ဆိုတာတွေကိုထည့်သွင်းပေးလိုက်ပါ။

အဆိုပါ အဆင့်တွေပြီးသွားပြီဆိုရင် ကွန်ပျူတာကို restart လုပ်ပေးလိုက်တာနဲ့ Windows 10 မှာ OpenSSH feature ကို ထည့်သွင်းပြီးပြီဖြစ်ပါတယ်။

-သီဟ