OpenShot Video Editor ကို Ubuntu OS တွင် ထည့်သွင်းခြင်း

[ Zawgyi ]






sudo apt-get update




-သီဟ

[ Unicode ]

OpenShot ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် video editor ဆော့ဖ်ဝဲ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ Linux platform ပေါ်ကနေ video edit ကို လုပ်ချင်သူတွေအတွက် အသုံးပြုသင့်တဲ့ ဆော့ဖ်ဝဲအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

Ubuntu OS မှာ OpenShot ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

OpenShot ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:openshot.developers/ppa

sudo apt-get update

sudo apt-get install openshot-qt libopenshot*

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားပါလိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ OpenShot ဆော့ဖ်ဝဲကို ထည့်သွင်းတဲ့အဆင့် ပြီးဆုံးပြီ ဖြစ်ပါတယ်။

တကယ်လို့ အသုံးမပြုချင် တော့ဘူးဆိုရင် sudo apt-get remove – autoremoveopen-shot -qt ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။