Onimusha: Warlords

[ Zawgyi ]

ၿပီးခဲ့တဲ့ ရက္ပို္င္းကမွ Version အသစ္ထြက္ရွိလာတဲ့ ဂ်ပန္ဆာမူ႐ိုင္း ဂိမ္းသစ္ေလးနဲ႔ အခုတစ္ပတ္ မိတ္ဆက္ေပးခ်င္ပါတယ္။ ဇာတ္ေကာင္က Samanosuke ဆာမူ႐ိုင္းတစ္ေယာက္၊ မ်ားေသာအားျဖင့္ ပံုမွန္ဆာမူ႐ိုင္းဂိမ္းေတြက အခ်င္းခ်င္းတိုက္ခိုက္တာေတြ၊ နင္ဂ်ာေတြနဲ႔ တိုက္ခုိက္ျခင္းေတြ ျဖစ္ေပမယ့္ အခုေတာ့ မိစာၦေတြနဲ႔ တိုက္ခုိက္ရမယ့္ ဂိမ္းပါ။

PS2 ေတြနဲ႔ ကစားႏုိင္ေအာင္ ၂၀၀၁ ခုႏွစ္ကတည္းက ထြက္ရွိခဲ့တဲ့ ဂိမ္းျဖစ္ၿပီး တျဖည္းျဖည္းနဲ႔ Upgrade လုပ္လာခဲ့တာ အခုေတာ့ Wins စနစ္အျပင္ Console ေတြနဲ႔ဆိုရင္ Nintendo Switch, PS4နဲ႔ Xbox One ေတြနဲ႔ပါ ကစားလာႏုိင္ၿပီလည္း ျဖစ္ပါတယ္။ တိုက္ခုိက္ေရးဂိမ္းလည္းျဖစ္ၿပီး စြန္႔စားခန္း ဇာတ္လမ္းသြားအေနန႔ဲ ကစားရမွာပါ။

ဇာတ္ေကာင္အေနနဲ႔ တြဲဖက္ကစားရမယ့္ အေဖာ္လည္း ပါရွိပါတယ္။ သူကေတာ့ နင္ဂ်ာမေလး Kaede ျဖစ္ပါတယ္။ Single အေနနဲ႔ပဲ ကစားႏုိင္မယ့္ အခုဂိမ္းမွာ ကစားသူက နင္ဂ်ာမေလး
Kaede နဲ႔ အတူမိစာၦေတြကို တိုက္ ခုိက္ရမွာပါ။ Kaede ကေတာ့ AI စနစ္ အကူအညီနဲ႔ လုိက္ကစားေပးမွာလည္း ျဖစ္ပါတယ္။ Resident Evil ဂိမ္းနဲ႔ နည္းနည္းဆင္ခ်င္ေပမယ့္ ပေဟဠိ္ ေျဖရွင္းရမႈအခန္းေတြ ပိုပါလာတယ္၊ တုိက္ခုိက္ခန္းေတြကို ပုိမ်ားလာတယ္။ ႐ုပ္ထြက္ ပိုေကာင္းတယ္၊ ေခတ္မီလက္နက္ အသံုးျပဳမႈထက္ ဆာမူ႐ိုင္းတို႔ရဲ႕ ထံုးစံအတုိင္း ဓါးကိုပဲ အဓိကထားၿပီး အသံုးျပဳ တိုက္ခုိက္ရမႈေတြ ထည့္သြင္းဖန္တီးထားတာ ေတြ႕ရပါတယ္။

ဇာတ္လမ္းသြားအတြင္း တိုက္ခုိက္မႈေတြကေန Ability ေတြ တက္လာမယ္၊ Item ေတြစပ္ႏုိင္မယ္၊ မိမိကုိယ္ကို အဆင့္ျမႇင့္ႏုိ္င္မယ္။ တိုက္ခိုက္ႏုိင္စြမ္း အားေတြတက္လာမွာ ျဖစ္ပါတယ္။ ကစားသူရဲ႕ အဓိကလက္နက္ကေတာ့ Katana ဓါးျဖစ္ၿပီး ဇာတ္လမ္းသြား တစ္ေလွ်ာက္ သူတစ္ခုတည္းကို အဓိကသံုးရမွာပါ။ အေဝးပစ္ လက္နက္ေတြ တခ်ိဳ႕အခန္းေတြမွာ သံုးႏုိင္ေပမယ့္ အတိုင္း အတာတစ္ခု အကြာအေဝးအထိပဲ သံုးႏုိင္လုိ႔ အဓိကအေနနဲ႔ ဓါးကိုပဲသံုးရမွာပါ။

ၿပီးေတာ့ ေနာက္ဆံုးထြက္ Version မွာ ေမွာ္ဆန္ဆန္ စြမ္းအင္အသံုးျပဳႏုိင္မႈ ၃ ခု ထပ္ထည့္ထားပါတယ္။ Raizan, Enryuuနဲ႔ Shippuu ေတြ ျဖစ္ၿပီး မိမိႏွစ္သက္ရာစြမ္းအင္ကို မကစားခင္ကတည္းက ေရြးခ်ယ္ကာ အခ်ိန္ပမာဏတစ္ခု ျပည့္ေျမာက္တိုင္းသံုးႏုိင္မွာပါ။ မိစာၦေတြကို သတ္ျဖတ္ၿပီးတိုင္း ေရာင္စံုဝိဉာဥ္ေတြ ထြက္လာပါလိမ့္မယ္။ ဒီဝိဉာဥ္ေတြကို စုထားၿပီး ကစားသူက မိမိကိုယ္ကို အဆင့္ျမႇင့္ႏိုင္မွာပါ။ တျခားဂိမ္းေတြမွာ ရန္သူကိုသတ္ျဖတ္ၿပီးတိုင္း ပိုက္ဆံ၊ အမွတ္ရသလို ျဖစ္ပါတယ္။

အနီေရာင္ ဝိဉာဥ္ဆုိရင္ လက္နက္ကို အဆင့္ျမႇင့္ဖို႔၊ အဝါေရာင္က အသက္ျပန္အားျဖည့္ဖို႔၊ အျပာေရာင္က ေမွာ္စြမ္းအားပိုေကာင္းဖို႔ အသီးသီး သံုးႏုိင္မွာပါ။ ကစားသူရဲ႕ တြဲဖက္ Kaede မွာလည္း သူ႔ကိုယ္ပိုင္ လက္နက္ေတြရွိသလို ကစားသူရဲ႕ Level တက္လာတာနဲ႔ အမွ် Kaede ရဲ႕ စြမ္းရည္လည္း လိုက္တက္လာပါတယ္။ သူကေတာ့အကူသက္သက္ အေနအထားေလာက္ပဲျဖစ္ ၿပီး တိုက္ခိုက္ခန္းေတြမွာလိုအပ္ သလိုဝင္ေရာက္ တိုက္ခိုက္ေပးမႈနဲ႔ လိုအပ္တဲ့စကားေျပာေတြ၊ သဲလြန္စေတြကို ထုတ္ေျပာေပးဖို႔ ထည့္သြင္းဖန္တီး ထားတာေၾကာင့္ အရမ္းေတာ့အားကိုးလုိ႔ မရပါဘူး။

ကဲ.. သင့္အေနနဲ႔ ဆာမူ႐ိုင္းတစ္ေယာက္အေနနဲ႔ ဝင္ေရာက္ၿပီး မိစာၦေတြကို စိတ္ရွိတိုင္းရင္ဆိုင္ တိုက္ခိုက္မယ္ဆိုရင္ အခ်ိန္ေပးၿပီး ကစားဖုိ႔တစ္ခုပဲ လိုပါေတာ့တယ္ ။

-သက္ႏိုင္ဦး (UCSL)

[ Zawgyi ]

ပြီးခဲ့တဲ့ ရက်ပို်င်းကမှ Version အသစ်ထွက်ရှိလာတဲ့ ဂျပန်ဆာမူရိုင်း ဂိမ်းသစ်လေးနဲ့ အခုတစ်ပတ် မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကောင်က Samanosuke ဆာမူရိုင်းတစ်ယောက်၊ များသောအားဖြင့် ပုံမှန်ဆာမူရိုင်းဂိမ်းတွေက အချင်းချင်းတိုက်ခိုက်တာတွေ၊ နင်ဂျာတွေနဲ့ တိုက်ခိုက်ခြင်းတွေ ဖြစ်ပေမယ့် အခုတော့ မိစ္ဆာတွေနဲ့ တိုက်ခိုက်ရမယ့် ဂိမ်းပါ။

PS2 တွေနဲ့ ကစားနိုင်အောင် ၂၀၀၁ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းဖြစ်ပြီး တဖြည်းဖြည်းနဲ့ Upgrade လုပ်လာခဲ့တာ အခုတော့ Wins စနစ်အပြင် Console တွေနဲ့ဆိုရင် Nintendo Switch, PS4နဲ့ Xbox One တွေနဲ့ပါ ကစားလာနိုင်ပြီလည်း ဖြစ်ပါတယ်။ တိုက်ခိုက်ရေးဂိမ်းလည်းဖြစ်ပြီး စွန့်စားခန်း ဇာတ်လမ်းသွားအနေနဲ့ ကစားရမှာပါ။

ဇာတ်ကောင်အနေနဲ့ တွဲဖက်ကစားရမယ့် အဖော်လည်း ပါရှိပါတယ်။ သူကတော့ နင်ဂျာမလေး Kaede ဖြစ်ပါတယ်။ Single အနေနဲ့ပဲ ကစားနိုင်မယ့် အခုဂိမ်းမှာ ကစားသူက နင်ဂျာမလေး
Kaede နဲ့ အတူမိစ္ဆာတွေကို တိုက် ခိုက်ရမှာပါ။ Kaede ကတော့ AI စနစ် အကူအညီနဲ့ လိုက်ကစားပေးမှာလည်း ဖြစ်ပါတယ်။ Resident Evil ဂိမ်းနဲ့ နည်းနည်းဆင်ချင်ပေမယ့် ပဟေဠိ် ဖြေရှင်းရမှုအခန်းတွေ ပိုပါလာတယ်၊ တိုက်ခိုက်ခန်းတွေကို ပိုများလာတယ်။ ရုပ်ထွက် ပိုကောင်းတယ်၊ ခေတ်မီလက်နက် အသုံးပြုမှုထက် ဆာမူရိုင်းတို့ရဲ့ ထုံးစံအတိုင်း ဓါးကိုပဲ အဓိကထားပြီး အသုံးပြု တိုက်ခိုက်ရမှုတွေ ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။

ဇာတ်လမ်းသွားအတွင်း တိုက်ခိုက်မှုတွေကနေ Ability တွေ တက်လာမယ်၊ Item တွေစပ်နိုင်မယ်၊ မိမိကိုယ်ကို အဆင့်မြှင့်နို်င်မယ်။ တိုက်ခိုက်နိုင်စွမ်း အားတွေတက်လာမှာ ဖြစ်ပါတယ်။ ကစားသူရဲ့ အဓိကလက်နက်ကတော့ Katana ဓါးဖြစ်ပြီး ဇာတ်လမ်းသွား တစ်လျှောက် သူတစ်ခုတည်းကို အဓိကသုံးရမှာပါ။ အဝေးပစ် လက်နက်တွေ တချို့အခန်းတွေမှာ သုံးနိုင်ပေမယ့် အတိုင်း အတာတစ်ခု အကွာအဝေးအထိပဲ သုံးနိုင်လို့ အဓိကအနေနဲ့ ဓါးကိုပဲသုံးရမှာပါ။

ပြီးတော့ နောက်ဆုံးထွက် Version မှာ မှော်ဆန်ဆန် စွမ်းအင်အသုံးပြုနိုင်မှု ၃ ခု ထပ်ထည့်ထားပါတယ်။ Raizan, Enryuuနဲ့ Shippuu တွေ ဖြစ်ပြီး မိမိနှစ်သက်ရာစွမ်းအင်ကို မကစားခင်ကတည်းက ရွေးချယ်ကာ အချိန်ပမာဏတစ်ခု ပြည့်မြောက်တိုင်းသုံးနိုင်မှာပါ။ မိစ္ဆာတွေကို သတ်ဖြတ်ပြီးတိုင်း ရောင်စုံဝိဉာဉ်တွေ ထွက်လာပါလိမ့်မယ်။ ဒီဝိဉာဉ်တွေကို စုထားပြီး ကစားသူက မိမိကိုယ်ကို အဆင့်မြှင့်နိုင်မှာပါ။ တခြားဂိမ်းတွေမှာ ရန်သူကိုသတ်ဖြတ်ပြီးတိုင်း ပိုက်ဆံ၊ အမှတ်ရသလို ဖြစ်ပါတယ်။

အနီရောင် ဝိဉာဉ်ဆိုရင် လက်နက်ကို အဆင့်မြှင့်ဖို့၊ အဝါရောင်က အသက်ပြန်အားဖြည့်ဖို့၊ အပြာရောင်က မှော်စွမ်းအားပိုကောင်းဖို့ အသီးသီး သုံးနိုင်မှာပါ။ ကစားသူရဲ့ တွဲဖက် Kaede မှာလည်း သူ့ကိုယ်ပိုင် လက်နက်တွေရှိသလို ကစားသူရဲ့ Level တက်လာတာနဲ့ အမျှ Kaede ရဲ့ စွမ်းရည်လည်း လိုက်တက်လာပါတယ်။ သူကတော့အကူသက်သက် အနေအထားလောက်ပဲဖြစ် ပြီး တိုက်ခိုက်ခန်းတွေမှာလိုအပ် သလိုဝင်ရောက် တိုက်ခိုက်ပေးမှုနဲ့ လိုအပ်တဲ့စကားပြောတွေ၊ သဲလွန်စတွေကို ထုတ်ပြောပေးဖို့ ထည့်သွင်းဖန်တီး ထားတာကြောင့် အရမ်းတော့အားကိုးလို့ မရပါဘူး။

ကဲ.. သင့်အနေနဲ့ ဆာမူရိုင်းတစ်ယောက်အနေနဲ့ ဝင်ရောက်ပြီး မိစ္ဆာတွေကို စိတ်ရှိတိုင်းရင်ဆိုင် တိုက်ခိုက်မယ်ဆိုရင် အချိန်ပေးပြီး ကစားဖို့တစ်ခုပဲ လိုပါတော့တယ် ။