Onda V10 Pro

[ Zawgyi ]

တန္ဖုိး – ကန္ေဒၚလာ ၁၉၇.၉၉

အားသာခ်က္

ေဈးႏႈန္းခ်ိဳသာတဲ့ tablet ကို ရွာေဖြေန သူေတြအတြက္ေတာ့ စိတ္ဝင္စားေလာက္မယ့္ tablet အမ်ိဳးအစားတစ္ခုပါ။ Screen အရြယ္အစား ႀကီးမားၿပီး screen resolution ကလည္း ေပးထားတဲ့ ေဈးႏႈန္းနဲ႔ တန္ေအာင္ ေကာင္းမြန္ပါတယ္။ PC လိုသံုးစဲြခ်င္သူေတြအတြက္ magnetic keyboard ကို တပ္ဆင္အသံုးျပဳႏိုင္ပါတယ္။

အားနည္းခ်က္

Budget ဘက္ကို ဦးတည္ထားတဲ့အတြက္ performance ပိုင္းကေတာ့ အရမ္းႀကီးျမန္ဆန္တာေတာ့ ေတြ႔ရမွာမဟုတ္ပါဘူး။ Magnetic keyboard တပ္ဆင္အသံုးျပဳ ႏိုင္ေပမယ့္ ထပ္မံဝယ္ယူရမွာပါ။

အေသးစိတ္ေဖာ္ျပခ်က္

MediaTek MTK8173 chip ကို အသံုးျပဳထားတဲ့ Quad-coreprocessor ျဖစ္ပါတယ္။ RAM ကေတာ့ 4GB ပါဝင္မွာျဖစ္ၿပီး အခ်က္အလက္ေတြ သိမ္းဆည္းဖို႔အတြက္ 32GB နဲ႔ 64GB storage ေတြကို ေရြးခ်ယ္ဝယ္ယူႏိုင္ပါတယ္။ Display screen အရြယ္အစားကေတာ့ ၁၀.၁ လက္မခန္႔ရွိမွာျဖစ္ၿပီး screen resolution ကေတာ့ 2560 x 1600 ရွိမွာျဖစ္ပါတယ္။ ဒီ tablet မွာ အသံုးျပဳထားတဲ့ Operating System ကေတာ့ Android 6.0 (Marshmallow) ကို အသံုးျပဳထားပါတယ္။ ကင္မရာပိုင္းကေတာ့ rear camera က 8 Megapixels ခန္႔ရွိမွာျဖစ္ၿပီး front camera ကေတာ့ 2 Megapixels ပဲရွိမွာျဖစ္ပါတယ္။ Fingerprint scanner ပါဝင္မွာျဖစ္ၿပီး Micro HDMI, Micro USB port ေတြကိုလည္း ထည့္သြင္းေပးထားတာကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ဘက္ထရီပိုင္းကေတာ့ Lithium- Polymer 6600mAh ကို ထည့္သြင္းအသံုးျပဳထားပါတယ္။

-သီဟ

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၉၇.၉၉

အားသာချက်

ဈေးနှုန်းချိုသာတဲ့ tablet ကို ရှာဖွေနေ သူတွေအတွက်တော့ စိတ်ဝင်စားလောက်မယ့် tablet အမျိုးအစားတစ်ခုပါ။ Screen အရွယ်အစား ကြီးမားပြီး screen resolution ကလည်း ပေးထားတဲ့ ဈေးနှုန်းနဲ့ တန်အောင် ကောင်းမွန်ပါတယ်။ PC လိုသုံးစွဲချင်သူတွေအတွက် magnetic keyboard ကို တပ်ဆင်အသုံးပြုနိုင်ပါတယ်။

အားနည်းချက်

Budget ဘက်ကို ဦးတည်ထားတဲ့အတွက် performance ပိုင်းကတော့ အရမ်းကြီးမြန်ဆန်တာတော့ တွေ့ရမှာမဟုတ်ပါဘူး။ Magnetic keyboard တပ်ဆင်အသုံးပြု နိုင်ပေမယ့် ထပ်မံဝယ်ယူရမှာပါ။

အသေးစိတ်ဖော်ပြချက်

MediaTek MTK8173 chip ကို အသုံးပြုထားတဲ့ Quad-coreprocessor ဖြစ်ပါတယ်။ RAM ကတော့ 4GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB နဲ့ 64GB storage တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Display screen အရွယ်အစားကတော့ ၁၀.၁ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 2560 x 1600 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 6.0 (Marshmallow) ကို အသုံးပြုထားပါတယ်။ ကင်မရာပိုင်းကတော့ rear camera က 8 Megapixels ခန့်ရှိမှာဖြစ်ပြီး front camera ကတော့ 2 Megapixels ပဲရှိမှာဖြစ်ပါတယ်။ Fingerprint scanner ပါဝင်မှာဖြစ်ပြီး Micro HDMI, Micro USB port တွေကိုလည်း ထည့်သွင်းပေးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းကတော့ Lithium- Polymer 6600mAh ကို ထည့်သွင်းအသုံးပြုထားပါတယ်။