Onda oBook 11

တန်ဖိုး – ကျပ် ၂၄၀,၀၀၀

အားသာချက်

Keyboard ပါဝင်တဲ့အတွက် Laptop လိုရော tablet လိုပါ သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Windows Operating System ကို အသုံးပြုထားတာကြောင့် ရုံးလုပ်ငန်းမှာ သုံးစွဲသူတွေအတွက်လည်း အဆင်ပြေစေမယ့် tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

အားနည်းချက်

2 Megapixel ကင်မရာတစ်လုံးကိုသာ တပ်ဆင်ပေးထားပါတယ်။ စပီကာကလည်း တစ်လုံးတည်းသာ  ပါဝင်တဲ့အတွက် studio အသံစနစ်ကို ခံစားရမှာမဟုတ်ပါဘူး။

သုံးသပ်ချက်

လုပ်ငန်းသုံးအနေနဲ့ သုံးစွဲနိုင်သလို အပျင်းပြေဂိမ်းကစားချင်တဲ့ သူများအသုံးဝင်တဲ့ tablet ဖြစ်ပါတယ်။ ဒါ့အပြင် keyboard တပ်ဆင်သုံး
စွဲတဲ့အခါမှာလည်း laptop တစ်လုံးကဲ့သို့ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် သုံးစွဲရလွယ်ကူစေပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Cherry-Trail Atom X5 Chip ကို ထည့်သွင်းထားပြီး Quad Core Processor ကို အသုံးပြုထားပါတယ်။ RAM ကို 2GB ထည့်သွင်း ပေးထားပြီး၊ အချက်အလက်တွေသိမ်းဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ Storage များများအသုံးပြုချင် သူများအတွက် 128 GB ပမာဏရှိတဲ့ MicroSD Card ကိုလည်း ထည့်သွင်းအသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ ဂိမ်းကစားရတာကို နှစ်သက်သူတွေအတွက် Intel HD Graphics Gen 8 chip ကို တပ်ဆင်ပေးထားပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ System ကတော့ Windows 10 ကို အသုံးပြုထားတာပါ။ ၁၁.၆ လက်မရှိတဲ့ IPS capacitive touch Screen
အမျိုးအစားကို အသုံးပြုထားပြီး Resolution ကတော့ 1920 x 1080 resolution ရှိမှာဖြစ်ပါတယ်။ 2 Megapixel ရှိတဲ့ ကင်မရာတစ်လုံးထဲကိုသာ တပ်ဆင်ပေးထားပါပြီး ကင်မရာရိုက်ကူးနိုင်မယ့် Resolution ကတော့ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုဖိုင်တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 4K video file output ကို အထောက်အပံ့ပေးနိုင်မှာဖြစ်ပြီး USB 3.0, Mini HDMI အစရှိတာတွေပါဝင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း

Power button နဲ့ volume button တွေဟာ tablet ရဲ့ဘယ်ဘက်အခြမ်းမှာ ရှိနေပေပြီး စပီကာကို tablet ရဲ့အောက်ဘက်နားမှာ ထည့်သွင်းပေးထားပါတယ်။ ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး keyboard ကို တပ်ဆင်အသုံးပြုပါက Laptop ကဲ့သို့ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ – T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း – ၃၈၂၈၆၈

-သီဟ