Olympus OM-D E-M1X Mirrorless Digital Camera
[ Zawgyi ]
တန္ဖိုး-USD 2999$
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-USD 2999$
အားသာချက်
17.4 x 13 mm အရွယ်အစား Live MOS Sensor ပါ၀င်ပြီး Dual TruePic VIII Image Processors ထောက် ပံ့ပေးထားပါတယ်။ 20.4 Megapixel နဲ့ဖြစ်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဗီဒီယို ကို DCI 4k ဆိုရင် 24fps,4K UHD ကို 30fps အထိရိုက်ကူး နိုင်မှာပါ။ ဒီစျေးနှုန်းက Body သီးသန့်စျေးနှုန်းပါ။ JPEG File အတွက် Frame per second 15fps မြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပါ တယ်။ ရာသီဥတု အကြမ်းခံနိုင် ဖို့အတွက် Weather-Sealed နဲ့ တည်ဆောက်ထားပါတယ်။
၃ လက်မအရွယ်ရှိ Vari-Angle Touchscreen ပါ၀င်ပြီး View finder အနေနဲ့ 0.83x Electronic Viewfinder ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှု ပိုင်းမှာ 1/8″ Headphone, 1/8″ Microphone, 2.5mm Sub-mini (2-Ring), HDMI D (Micro), USB 3.0, USB Type-C, X-Sync Socket နဲ့ ချိတ်ဆက်နိုင်သလို ကြိုးမဲ့အတွက်လည်း Wi-Fi စနစ်ထောက်ပံံ့ ပေးထားပါတယ်။ ထူးခြားချက်က ကိုယ်ထည်ကို Vertical Grip နဲ့ တွဲဆက် တည်ဆောက်ထားပြီး ဘက်ထရီနှစ်လုံး တပြိုက်နက် ထည့်သုံးရမှာဖြစ်ပါတယ်။ Focus အပိုင်းမှာ Continuous Servo AF (C), Manual Focus (M), Single-servo AF (S), Single-servo AF (S) တွေရရှိနိုင်ပြီး Point အနေနဲ့ 121-Point All Cross-Type Phase-Detect AF ရရှိမှာ ဖြစ်ပါတယ်။
အားနည်းချက်
Battery Grip ကို တွဲပြီး တည်ဆောက်ထားတာကြောင့် အလေးချိန်နဲ့ အရွယ်အစား ပိုကြီးနေတာက ပေါ့ပေါ့ပါးပါး Mirrorless Camera ကိုင်ချင်သူတွေအတွက် အနည်းငယ် စဉ်းစားရမှာဖြစ်ပါတယ်။
သုံးသပ်ချက်
Focus ဖြတ်နှုန်းမြန်ဆန် သလို fps လည်း မြန်ဆန်တဲ့ အတွက် အားကစား ဓာတ်ပုံ ဆရာတွေ၊ တောရိုင်းဓလေ့ ဓာတ်ပုံဆရာတွေသာမက Street Photographer တွေပါ သဘောကျနိုင်တဲ့ ကင်မရာဖြစ်ပါတယ်။
လုပ်ဆောင်ချက်
File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ 4K @30fps, အထိ အသုံးပြုနိုင်ပါတယ်။ Shutter Speed အနေနဲ့အနှေးဆုံး 30” ကနေ 1 / 8000 အထိ ရရှိနိုင်သလို Electronic Shutter နဲ့ဆိုရင် 60’’ to 1/32000 အထိရပါတယ်။ Bult-in Flash အနေနဲ့ ပါ​ဝင်သလို External Flash တပ်ဆင် နိုင်တဲ့ Hot Shoe ကိုလည်း ထည့်သွင်း ပေးထားပါတယ်။
Exposure Mode အနေနဲ့ Aperture Priority, Bulb, Custom, Manual, Program, Shutter Priority တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Metering အနေနဲ့ Center-Weighted Average Metering, Multi Zone Metering, Spot Metering စတာတွေ ထောက်ပံ့ပေးထားပါ တယ်။ White balance အနေနဲ့လည်း Auto, Cloudy, Custom, Daylight, Flash, Fluorescent, Incandescent, Shade, Underwater စတာတွေ အပြည့်စုံပါ၀င်ပါတယ်။ 2.36m-Dot အရည်အသွေးရှိ 0.83x Electronic Viewfinder ပါဝင်ပါတယ်။Screen Display က ၃ လက်မအရွယ်ရှိပြီး 1.037m-Dot အရည်အသွေးရှိ Vari-Angle Touchscreen ကို ထောက်ပံ့ထားပါတယ်။ အရွယ်အစား 144.4 x 146.8 x 75.4 mm ဖြစ်ပြီး အလေးချိန်က 997g ရှိပါ တယ်။