NuVision Tablet

[ Zawgyi ]


အားသာချက်


အားနည်းချက်


အသေးစိတ်ဖော်ပြချက်


-သီဟ

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၂၉.၉၉

အားသာချက်

ချိုသာတဲ့ဈေးနှုန်းက ဒီ tablet ရဲ့ အားသာချက်တစ်ခုဖြစ်ပြီး tablet မှာသုံးစွဲထားတဲ့ Operating System က Windows ကို အသုံးပြုထားပါတယ်။ Microsoft Universal Folding Keyboard ကို တပ်ဆင်သုံးဆွဲမယ်ဆိုရင် ကွန်ပျူတာကဲ့သို့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

မြင်ကွင်းကျယ်ကျယ် သုံးစွဲချင်သူတွေအတွက်တော့ ဒီ tablet ကို သိပ်ပြီးစိတ်တိုင်းကျမှာ မဟုတ်ပါဘူး။ Microsoft Universal Folding keyboard ကို တပ်ဆင် သုံးစွဲဖို့ အတွက် ထပ်မံ ငွေပေးချေပြီး ဝယ်ယူရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Atom x5-Z8300 Quad-core Processor ကို အသုံးပြုထားပြီး Processor မြန်နှုန်းကတော့ 1.44GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 2GB ထပ်ပေးထားမှာဖြစ်ပြီး အချက်အလက် သိမ်းဆည်းဖို့အတွက် storage ကတော့ 32GB ခန့်ပါဝင်မှာဖြစ်ပါတယ်။ Storage များများ သုံးစွဲလိုသူတွေ အတွက် microSD ကိုထပ်မံထည့်သွင်း သုံးစွဲနိုင်ဖို့ အထောက်အပံ့ ပေးထားပါတယ်။ NuVision ရဲ့ Display screen အရွယ်အစားကတော့ ၈ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 1200 x 1920 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာထည့်သွင်း အသုံးပြုထားတဲ့ Operating System ကတော့ Windows 10 Home (32-bit) ကိုထည့်သွင်းပေးထားပါတယ်။ Rear camera ကတော့ 5 megapixels ခန့်ရှိမှာဖြစ်ပြီး Front camera ကတော့ 2 megapixels ခန့်ရှိမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 3400mAh ကို သုံးစွဲထားပြီး ဘက်ထရီကို ၆ နာရီဆက်တိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။