Nubia Red Magic 3

[ Zawgyi ]

Price : ကန္ေဒၚလာ 479

အားသာခ်က္

ျမင့္မားေကာင္းမြန္တဲ့ ဂိမ္းစြမ္းေဆာင္ရည္အျပင္ စမတ္ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းလည္း အထူးေျပာစရာမရွိေအာင္ ျမန္ဆန္မႈရွိပါတယ္။ သင့္တင့္တဲ့ ေစ်းႏႈန္းနဲ႔ ေကာင္းမြန္တဲ့ ကင္မရာစနစ္ေတြက ဒီဖုန္းရဲ႕ အားသာခ်က္ပါ။ ဒါ့အျပင္ ဘက္ထရီနဲ႔လည္း အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာက ႏွစ္သက္စရာျဖစ္တဲ့အျပင္ 8K ဗီဒီယုိ႐ိုက္ကူးႏုိင္မႈကလည္း လက္ရွိေစ်းကြက္ထဲက flagship ေမာ္ဒယ္ဖုန္းေတြက သာလြန္တဲ့အခ်က္တစ္ခု ျဖစ္တဲ့အတြက္ ေကာင္းမြန္တဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။

အားနည္းခ်က္

pre-installed app ေတြမ်ားစြာ ပါ၀င္လာတာက စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ NFC စနစ္နဲ႔ ႀကိဳးမဲ့ အားသြင္းစနစ္ေတြေတာ့ ေထာက္ပံ့ပါ၀င္တာ မေတြ႔ရသလို microSD ကတ္ေပါက္လည္း မပါ၀င္ပါဘူး။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

ေဘးေဘာင္မပါ၀င္တဲ့ ျမင္ကြင္းက ဆြဲေဆာင္မႈရွိသလို ဂိမ္းသမားေတြ ႏွစ္သက္မယ့္ ဒီဇုိင္းကလည္း ထူးျခားမႈရွိပါတယ္။ ေနာက္ဘက္ကိုယ္ထည္မွာ မီးတန္းတစ္ခု ပါ၀င္ၿပီး ဖုန္းရဲ႕ ဖြဲ႔စည္း

တည္ေဆာက္ထားမႈက ပါးလႊာမႈနဲ႔ က်စ္လ်စ္မႈရွိသလို ေတာင့္တင္းမႈလည္းရွိပါတယ္။ ေရွ႕ကင္မရာကို တပ္ဆင္ထားမႈကလည္း ကြဲျပားမႈရွိတယ္လို႔ခံစားရပါတယ္။ ဂိမ္းစနစ္ကို အလြယ္တကူ ေျပာင္းလဲ အသုံးျပဳႏုိင္မယ့္ခလုတ္ကို ဘယ္ဘက္ ေဘးေဘာင္မွာ တပ္ဆင္ထားၿပီး ညာဘက္ေဘာင္ေပၚမွာေတာ့ လက္ေဗြစနစ္၊ အသံအတိုးအက်ယ္ ခလုတ္နဲ႔ ပါ၀ါခလုတ္ေတြ တပ္ဆင္ထားပါတယ္။ ဖုန္းရဲ႕ အေပၚဘက္ ေဘာင္ထဲမွာေတာ့ နားၾကပ္ေပါက္ကို တပ္ဆင္ထားပါတယ္။

၆.၆၅ လက္မရွိတဲ့ AMOLED panel အမ်ဳိးအစား display မ်က္ႏွာျပင္က 1080×2340 pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ Asus ROG ဖုန္းလိုမ်ဳိး Red Magic 3 ရဲ႕ Display က 90Hz refresh rate ရွိတဲ့ AMOLED display အမ်ဳိးအစားပါ။ ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါဝင္မႈ ရာခုိင္ႏႈန္းကေတာ့ ၈ဝ.၅ ရာခုိင္ႏႈန္းရွိၿပီး Screen ရဲ႕ aspect ratio ကေတာ့ 19.5:9 ရွိတဲ့ မ်က္ႏွာျပင္ျဖစ္ပါတယ္။ အေလးခ်ိန္ ၂၁၅ ဂရမ္ရွိပါတယ္။

စြမ္းေဆာင္ရည္

အျမန္ႏႈန္း 2.4 GHz ရွိတဲ့ Qualcomm SDM855 Snapdragon 855 Octa-core processor ကို ဒီဖုန္းမွာအသုံးျပဳထားၿပီး RAM အေနနဲ႔ 6GB/8GB/12GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 64GB/128GB/256GB ဆိုၿပီး ေမာ္ဒယ္သုံးမ်ဳိးရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Adreno 640 GPU ေထာက္ပံ့ပါဝင္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္သလို ဂိမ္းစမတ္ဖုန္းတစ္လုံး အတြက္ ေကာင္းမြန္တဲ့ အသံထြက္ အရည္အေသြးကိုလည္း ပိုင္ဆုိင္ထားပါတယ္။ Android 9.0 (Pie) အေျချပဳ Redmagic 2.0 အသုံးျပဳထားကာ စုံလင္တဲ့လုပ္ေဆာင္ခ်က္ေတြအျပင္ သူ႔မွာ ေထာက္ပံ့ပါ၀င္တဲ့ Game mode က ေတာ္ေတာ္ေလး အသုံး၀င္တယ္လို႔ ဆိုရမွာျဖစ္ၿပီး 4D Shock mode လည္း ေထာက္ပံ့ပါ၀င္တဲ့အတြက္ အားရစရာပါ။

Asphalt 8, Galaxy Reavers, Injustice 2 နဲ႔ PUBG ဂိမ္းေတြကို 30 FPS နဲ႔ အထစ္အေငါ့မရွိ ေဆာ့ကစားႏုိင္မွာျဖစ္သလို အခ်ိန္ၾကာၾကာ ဂိမ္းကစားမႈအတြက္လည္း ဖုန္းကိုယ္ထည္ ပူေႏြးလာမႈမရွိတာေတြက သေဘာက်စရာပါ။

ကင္မရာ

ေက်ာဘက္မွာ Apeature f/1.7 ရွိတဲ့ Sony IMX586 အမ်ဳိးအစား 48MP (Wide) ကင္မရာကို တပ္ဆင္ထားၿပီး ေရွ႕ဘက္ကေတာ့ Apeature f/2.0 ရွိတဲ့ 16MP ကင္မရာကို အသုံးျပဳ ထားတာျဖစ္ပါတယ္။ ေရွ႕ေနာက္ကင္မရာစနစ္ေတြက ေန႔ဘက္႐ိုက္ကူးမႈအတြက္ ၾကည္လင္ေကာင္းမြန္တဲ့ ႐ုပ္ထြက္အရည္အေသြးရွိသလို ညပိုင္း႐ိုက္ကူးမႈပိုင္းနဲ႔ Selfie Portrait ပိုင္း႐ိုက္ကူးမႈပိုင္းကေတာ့ ထူးထူးျခားျခား ေကာင္းတယ္လို႔ေတာ့ သိပ္မခံစားရပါဘူ။ 15fps ဗီဒီယုိကို 4320p အရည္အေသြးနဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္ၿပီး ကင္မရာစနစ္မွာ PDAF၊ LED flash ၊ HDR နဲ႔ Panorama စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။

ဘက္ထရီ

Li-Po 5000mAh ပမာဏဘက္ထရီက WiFi ခ်ိတ္ဆက္ၿပီး Screen ေတာက္ပမႈအျမင့္ဆုံးနဲ႔ YouTube ကေန Full HD ဗီဒီယုိေတြ အဆက္မျပတ္ၾကည့္႐ႈတာကို ၁၂ နာရီ ၄၉ မိနစ္၀န္းက်င္ ေလာက္အသုံးျပဳႏုိင္ပါတယ္။ ဒီပမာဏက ဂိမ္းစမတ္ဖုန္းတစ္လုံး အတြက္ ေတာ္ေတာ္ေလးကို အထင္ႀကီးစရာေကာင္းလွေပမယ့္ ၁၃ နာရီ ၾကာေလာက္ သုံးႏုိင္တဲ့ Black Shark 2 ကိုေတာ့ မမီေသးဘူးလို႔ ျမင္ပါတယ္။ USB Type-C အားသြင္းစနစ္မွာ အားသြင္းျမန္တဲ့ 18W အားသြင္းစနစ္ ေထာက္ပံ့ပါ၀င္ပါတယ္။

သံုးသပ္ခ်က္

Red Magic 3 က ဂိမ္းကစားသူေတြအႀကိဳက္ျဖစ္ေစမယ့္ ဂိမ္းစမတ္ဖုန္းတစ္လုံးျဖစ္သလုိ ဂိမ္းကိုအခ်ိန္ၾကာျမင့္စြာ ေဆာ့ကစားမႈအတြက္ ဖုန္းရဲ႕ ကိုယ္ထည္ပူမလာေစဖို႔ ဖုန္းမွာ အပူခ်ိန္ ေလွ်ာ့ခ်ေပးမယ့္ ပန္ကာစနစ္ပါ၀င္လာတဲ့ ပထမဆုံး ဂိမ္းစမတ္ဖုန္းလို႔ေျပာရမွာပါ။ ကိုင္တြယ္ေဆာ့ကစားရတာ ေကာင္းမြန္ေပမယ့္ ၂၁၅ ဂရမ္အေလးခ်ိန္ကေတာ့ ဖုန္းကို လက္တစ္ဖက္ တည္းနဲ႔ ကိုင္တြယ္အသုံးျပဳဖို႔အတြက္ ကေတာ့ သိပ္မေပါ့တဲ့အေလးခ်ိန္ပါ။ ဒါကလည္း 5000mAh ဘက္ထရီကို ထည့္သြင္း အသုံးျပဳထားတဲ့အတြက္ ေလးတာျဖစ္ႏုိင္ပါတယ္။ ဂိမ္းကစားသူေတြအတြက္ ျမင္ကြင္းႀကီးႀကီး၊ ဘက္ထရီၾကာၾကာ ခံတဲ့အျပင္ ျမင့္မားေကာင္းမြန္လွတဲ့ CPU, GPU စြမ္းေဆာင္ရည္ေတြနဲ႔ ဆန္းသစ္တဲ့ဒီဇုိင္းေတြ အျပည့္ပါ၀င္တဲ့ ဒီဖုန္းက သူ႔ရဲ႕ ေစ်းႏႈန္းနဲ႔ ႏိႈင္းယွဥ္မယ္ဆိုရင္ သုံးရတာ ေတာ္ေတာ္ေလးတန္တယ္လို႔ ခံစားရမွာ ျဖစ္ပါတယ္။

GSM  4G LTE
SIM Dual Nano-SIM
Display AMOLED capacitive touchscreen, 6.65 inches (19.5:9 ratio)
OS Android 9.0 (Pie); Redmagic 2.0
CPU Qualcomm SDM855 Snapdragon 855 (7 nm)
GPU Adreno 640
Camera 48 MP, f/1.7 (wide) PDAF, LED flash, HDR, panorama; Front 16 MP, f/2.0
Battery Non-removable Li-Po 5000 mAh
Internal 64/128/256 GB ROM; RAM 6/8/12 GB, no card slot
Others Wi-Fi 802.11 b/g/n/ac, Bluetooth 5.0, 3.0, Type-C 1.0, USB On-The-Go, Fast battery charging 27W
Display
Performance
Camera
Battery
Hand On
Over All

-ရဲထြဋ္ဝင္း

[ Unicode ]

Price : ကန်ဒေါ်လာ 479

အားသာချက်

မြင့်မားကောင်းမွန်တဲ့ ဂိမ်းစွမ်းဆောင်ရည်အပြင် စမတ်ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းလည်း အထူးပြောစရာမရှိအောင် မြန်ဆန်မှုရှိပါတယ်။ သင့်တင့်တဲ့ စျေးနှုန်းနဲ့ ကောင်းမွန်တဲ့ ကင်မရာစနစ်တွေက ဒီဖုန်းရဲ့ အားသာချက်ပါ။ ဒါ့အပြင် ဘက်ထရီနဲ့လည်း အချိန်ကြာကြာ အသုံးပြုနိုင်တာက နှစ်သက်စရာဖြစ်တဲ့အပြင် 8K ဗီဒီယိုရိုက်ကူးနိုင်မှုကလည်း လက်ရှိစျေးကွက်ထဲက flagship မော်ဒယ်ဖုန်းတွေက သာလွန်တဲ့အချက်တစ်ခု ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

အားနည်းချက်

pre-installed app တွေများစွာ ပါ၀င်လာတာက စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ NFC စနစ်နဲ့ ကြိုးမဲ့ အားသွင်းစနစ်တွေတော့ ထောက်ပံ့ပါ၀င်တာ မတွေ့ရသလို microSD ကတ်ပေါက်လည်း မပါ၀င်ပါဘူး။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ဘေးဘောင်မပါ၀င်တဲ့ မြင်ကွင်းက ဆွဲဆောင်မှုရှိသလို ဂိမ်းသမားတွေ နှစ်သက်မယ့် ဒီဇိုင်းကလည်း ထူးခြားမှုရှိပါတယ်။ နောက်ဘက်ကိုယ်ထည်မှာ မီးတန်းတစ်ခု ပါ၀င်ပြီး ဖုန်းရဲ့ ဖွဲ့စည်း

တည်ဆောက်ထားမှုက ပါးလွှာမှုနဲ့ ကျစ်လျစ်မှုရှိသလို တောင့်တင်းမှုလည်းရှိပါတယ်။ ရှေ့ကင်မရာကို တပ်ဆင်ထားမှုကလည်း ကွဲပြားမှုရှိတယ်လို့ခံစားရပါတယ်။ ဂိမ်းစနစ်ကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်မယ့်ခလုတ်ကို ဘယ်ဘက် ဘေးဘောင်မှာ တပ်ဆင်ထားပြီး ညာဘက်ဘောင်ပေါ်မှာတော့ လက်ဗွေစနစ်၊ အသံအတိုးအကျယ် ခလုတ်နဲ့ ပါ၀ါခလုတ်တွေ တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့ အပေါ်ဘက် ဘောင်ထဲမှာတော့ နားကြပ်ပေါက်ကို တပ်ဆင်ထားပါတယ်။

၆.၆၅ လက်မရှိတဲ့ AMOLED panel အမျိုးအစား display မျက်နှာပြင်က 1080×2340 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Asus ROG ဖုန်းလိုမျိုး Red Magic 3 ရဲ့ Display က 90Hz refresh rate ရှိတဲ့ AMOLED display အမျိုးအစားပါ။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ၈ဝ.၅ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19.5:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ အလေးချိန် ၂၁၅ ဂရမ်ရှိပါတယ်။

စွမ်းဆောင်ရည်

အမြန်နှုန်း 2.4 GHz ရှိတဲ့ Qualcomm SDM855 Snapdragon 855 Octa-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 6GB/8GB/12GB နဲ့ သိုလှောင်နိုင်မှုပမာဏ 64GB/128GB/256GB ဆိုပြီး မော်ဒယ်သုံးမျိုးရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Adreno 640 GPU ထောက်ပံ့ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို ဂိမ်းစမတ်ဖုန်းတစ်လုံး အတွက် ကောင်းမွန်တဲ့ အသံထွက် အရည်အသွေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ Android 9.0 (Pie) အခြေပြု Redmagic 2.0 အသုံးပြုထားကာ စုံလင်တဲ့လုပ်ဆောင်ချက်တွေအပြင် သူ့မှာ ထောက်ပံ့ပါ၀င်တဲ့ Game mode က တော်တော်လေး အသုံးဝင်တယ်လို့ ဆိုရမှာဖြစ်ပြီး 4D Shock mode လည်း ထောက်ပံ့ပါ၀င်တဲ့အတွက် အားရစရာပါ။

Asphalt 8, Galaxy Reavers, Injustice 2 နဲ့ PUBG ဂိမ်းတွေကို 30 FPS နဲ့ အထစ်အငေါ့မရှိ ဆော့ကစားနိုင်မှာဖြစ်သလို အချိန်ကြာကြာ ဂိမ်းကစားမှုအတွက်လည်း ဖုန်းကိုယ်ထည် ပူနွေးလာမှုမရှိတာတွေက သဘောကျစရာပါ။

ကင်မရာ

ကျောဘက်မှာ Apeature f/1.7 ရှိတဲ့ Sony IMX586 အမျိုးအစား 48MP (Wide) ကင်မရာကို တပ်ဆင်ထားပြီး ရှေ့ဘက်ကတော့ Apeature f/2.0 ရှိတဲ့ 16MP ကင်မရာကို အသုံးပြု ထားတာဖြစ်ပါတယ်။ ရှေ့နောက်ကင်မရာစနစ်တွေက နေ့ဘက်ရိုက်ကူးမှုအတွက် ကြည်လင်ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရှိသလို ညပိုင်းရိုက်ကူးမှုပိုင်းနဲ့ Selfie Portrait ပိုင်းရိုက်ကူးမှုပိုင်းကတော့ ထူးထူးခြားခြား ကောင်းတယ်လို့တော့ သိပ်မခံစားရပါဘူ။ 15fps ဗီဒီယိုကို 4320p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ PDAF၊ LED flash ၊ HDR နဲ့ Panorama စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။

ဘက်ထရီ

Li-Po 5000mAh ပမာဏဘက်ထရီက WiFi ချိတ်ဆက်ပြီး Screen တောက်ပမှုအမြင့်ဆုံးနဲ့ YouTube ကနေ Full HD ဗီဒီယိုတွေ အဆက်မပြတ်ကြည့်ရှုတာကို ၁၂ နာရီ ၄၉ မိနစ်ဝန်းကျင် လောက်အသုံးပြုနိုင်ပါတယ်။ ဒီပမာဏက ဂိမ်းစမတ်ဖုန်းတစ်လုံး အတွက် တော်တော်လေးကို အထင်ကြီးစရာကောင်းလှပေမယ့် ၁၃ နာရီ ကြာလောက် သုံးနိုင်တဲ့ Black Shark 2 ကိုတော့ မမီသေးဘူးလို့ မြင်ပါတယ်။ USB Type-C အားသွင်းစနစ်မှာ အားသွင်းမြန်တဲ့ 18W အားသွင်းစနစ် ထောက်ပံ့ပါ၀င်ပါတယ်။

သုံးသပ်ချက်

Red Magic 3 က ဂိမ်းကစားသူတွေအကြိုက်ဖြစ်စေမယ့် ဂိမ်းစမတ်ဖုန်းတစ်လုံးဖြစ်သလို ဂိမ်းကိုအချိန်ကြာမြင့်စွာ ဆော့ကစားမှုအတွက် ဖုန်းရဲ့ ကိုယ်ထည်ပူမလာစေဖို့ ဖုန်းမှာ အပူချိန် လျှော့ချပေးမယ့် ပန်ကာစနစ်ပါ၀င်လာတဲ့ ပထမဆုံး ဂိမ်းစမတ်ဖုန်းလို့ပြောရမှာပါ။ ကိုင်တွယ်ဆော့ကစားရတာ ကောင်းမွန်ပေမယ့် ၂၁၅ ဂရမ်အလေးချိန်ကတော့ ဖုန်းကို လက်တစ်ဖက် တည်းနဲ့ ကိုင်တွယ်အသုံးပြုဖို့အတွက် ကတော့ သိပ်မပေါ့တဲ့အလေးချိန်ပါ။ ဒါကလည်း 5000mAh ဘက်ထရီကို ထည့်သွင်း အသုံးပြုထားတဲ့အတွက် လေးတာဖြစ်နိုင်ပါတယ်။ ဂိမ်းကစားသူတွေအတွက် မြင်ကွင်းကြီးကြီး၊ ဘက်ထရီကြာကြာ ခံတဲ့အပြင် မြင့်မားကောင်းမွန်လှတဲ့ CPU, GPU စွမ်းဆောင်ရည်တွေနဲ့ ဆန်းသစ်တဲ့ဒီဇိုင်းတွေ အပြည့်ပါ၀င်တဲ့ ဒီဖုန်းက သူ့ရဲ့ စျေးနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သုံးရတာ တော်တော်လေးတန်တယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။