Note10 နဲ့ Galaxy S11 မှာ 3.5mm နားကြပ်ပေါက် ဖယ်ရှားရန် Samsung စဉ်းစားနေ
[ Zawgyi ]
Ref: GSMArena
[ Unicode ]
Samsung ဟာ ကုမ္ပဏီရဲ့ ၂၀၁၉ flagship စမတ်ဖုန်းနှစ်မျိုးဖြစ်တဲ့ Note10 နဲ့ Galaxy S11 မှာ နားကြပ်ပေါက်ကို ဖယ်ရှားသွားဖို့ စဉ်းစားနေတယ်လို့ ကိုရီးယားသတင်းဌာနဖြစ်တဲ့ ETNews က ဖော်ပြခဲ့ပါတယ်။
နားကြပ်ပေါက် ဖယ်ရှားခြင်းရဲ့ အဓိက အကြောင်းအရင်းက ကြိုးမဲ့နားကြပ်တွေဟာ ပိုမိုနာမည်ကျော်ကြားလာတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ Strategy Analytics ရဲ့အဆိုအရ ကမ႓ာတစ်ဝန်း ကြိုးမဲ့နားကြပ်စျေးကွက်ဟာ ၂၀၁၉ ခုနှစ်မှာ ရ၃.၉ သန်းအထိ ကြီးမားလာပြီး ၂၀၂၀ ခုနှစ်မှာတော့ သန်း ၁၀၀ ကျော်ရှိလာမယ်လို့ သိရပါတယ်။
ETNews ရဲ့ ဖော်ပြချက်အရ Samsung ဟာ လာမယ့်နှစ်မှာ ဖြန့်ချိမယ့် ဖုန်းတွေမှာ နားကြပ်ပေါက်ကို ဖယ်ရှားသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီလို ဖယ်ရှားတဲ့အတွက်ကြောင့် ဖုန်းတွေရဲ့ ဘက်ထရီပမာဏကို တိုးမြှင့်နိုင်မှာ ဖြစ်သလို အခြားတစ်စုံတစ်ခု အတွက်လည်း နေရာလွတ်ရရှိစေမှာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ ဖုန်းဘူးခွံထဲမှာ USB-C to 3.5mm dongle တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။
Ref: GSMArena