September 21, 2018

Note 8 နဲ့ အလွန်ဆင်တူတဲ့ Galaxy Note 9 ဓာတ်ပုံ ထွက်ပေါ်လာ

[ Zawgyi ]





Ref: TheVerge

[ Unicode ]

Samsung Galaxy Note 9 ရဲ့ တရားဝင်ပုံလို့ယူဆရတဲ့ ဓာတ်ပုံတစ်ပုံဟာ Android Headlines ကနေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံမှာ ထုတ်ကုန်ရဲ့ အရှေ့ဘက်ခြမ်းကိုပဲ ပြသထားပါတယ်။ ဒီပုံအတိုင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် Note 9 ဟာ အရင်မော်ဒယ် Note 8 နဲ့ အလွန်ဆင်တူလာမှာ ဖြစ်ပါတယ်။ အောက်ခြေဘက်က bezel က အနည်းငယ်သေးငယ်ဖွယ်ရှိပြီး S Pen ကလည်း အရင်ထက် ပိုပြီး ထုတ်ကုန်နဲ့ တစ်ပြေးညီဖြစ်လာမယ်လို့ ယူဆရပါတယ်။

Samsung က ဒီနှစ်အတွင်း မိတ်ဆက်ခဲ့တဲ့ Galaxy S9 ဟာ S8 နဲ့ အတော့်ကို ဆင်တူတာကြောင့် အသစ်ထွက်ရှိမယ့် Note 9 ကလည်း Note 8 နဲ့ အလွန်ဆင်တူမယ့်သဘောရှိပါတယ်။ ဒါ့အပြင် Note 9 အနေနဲ့ S9 ပုံစံအတိုင်း fingerprint sensor ကို နေရာပြောင်းရွှေ့ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Samsung ဟာ Galaxy Note 9 ကို သြဂုတ် ၉ ရက်မှာကျင်းပမယ့် အခမ်းအနားတစ်ခုမှာ မိတ်ဆက်ကြေညာဖွယ်ရှိပါတယ်။

Ref: TheVerge