August 19, 2018

Notched display နဲ႔ dual-camera ပါဝင္လာတဲ့ Nokia X6

[Zawgyi]

ဓာတ္ပုံနဲ႔ အခ်က္အလက္မ်ားစြာ ေပါက္ၾကားထြက္ေပၚအၿပီးမွာေတာ့ HMD Global က Nokia X6 စမတ္ဖုန္းကုိ တရားဝင္မိတ္ဆက္ခဲ့ပါတယ္။

Nokia X6 မွာ ပရီမီယံကုိယ္ထည္နဲ႔အတူ အလယ္အလတ္တန္းစား hardward ေတြ ပါဝင္လာပါတယ္။ ထုတ္ကုန္ရဲ႕ ၉၅ ရာခိုင္ႏႈန္းမွာ မွန္အသုံးျပဳထားသလို ေဘးေဘာင္မွာေတာ့ သတၱဳကို အသုံးျပဳထားပါတယ္။
Nokia X6 ကုိ Corning Gorilla Glass 3 အလႊာနဲ႔ကာကြယ္ထားၿပီး 19:9 aspect ratio နဲ႔အတူ ၅.၈ လက္မ FHD+ (1080x 2280 pixels) display ကို အသံုးျပဳထားပါတယ္။

ဒီစမတ္ဖုန္းဟာ မ်က္ႏွာျပင္ရဲ႕ ထိပ္ဘက္မွာ notch ပါဝင္လာတဲ့ ပထမဆုံး Nokia ဟန္းဆက္ျဖစ္ပါတယ္။ Nokia X6 မွာ f/2.0 aperture နဲ႔ 16MP ေရွ႕ကင္မရာအျပင္ face unlock လုပ္ေဆာင္ခ်က္တုိ႔ ပါဝင္လာပါတယ္။ ဖုန္းရဲ႕ေက်ာဘက္မွာ သမား႐ိုးက် fingerprint sensor တစ္ခု ထည့္သြင္းေပးထားပါတယ္။

Nokia X6 ရဲ႕ ေက်ာဘက္ panel မွာေတာ့ dual-camera setup ထည့္သြင္းထားၿပီး f/2.0 aperture နဲ႔ 16MP အျပင္ f/2.2 lens နဲ႔ 5MP monochrome sensor တုိ႔ပါဝင္လာပါတယ္။ ကင္မရာအားလုံးမွာ AI ေထာက္ပံ့မႈေတြျဖစ္တဲ့ background blur, face recognition, dynamic expression နဲ႔ filter ေတြကို ထည့္သြင္းေပးထားပါတယ္။

Nokia X6 မွာ Snapdragon 636 SoC ကိုအသံုးျပဳထားၿပီး RAM 4GB နဲ႔ internal storage 32GB/64GB ဒါမွမဟုတ္ RAM 6GB နဲ႔ storage 64GB တို႔နဲ႔ ရရိွႏိုင္ပါတယ္။ Nokia X6 မွာပါဝင္လာတဲ့ slot မွာ ဒုတိယေျမာက္ SIM ကတ္အစား microSD card ကို ထည့္သြင္းအသုံးျပဳႏိုင္ပါတယ္။

ဘက္ထရီက 3,060mAh ျဖစ္ၿပီး USB-C connector နဲ႔ Quick Charge 3.0 ေထာက္ပံ့့မႈ ပါဝင္လာပါတယ္။ ဖုန္းကို နာရီဝက္အတြင္း ၅၀ ရာခုိင္ႏႈန္းအထိ အားသြင္းႏိုင္ပါတယ္။ OS က Android 8.1 ျဖစ္ၿပီး Android P update ကုိျဖန္႔ခ်ိေပးမယ္လို႔ Nokia က ကတိျပဳထားပါတယ္။

RAM 4GB/32GB အတြက္ Nokia X6 ေမာ္ဒယ္ကို တ႐ုတ္ႏို္င္ငံ ေမလ ၂၁ ရက္မွာ ၂၀၄ ေဒၚလာနဲ႔ စတင္ဝယ္ယူႏိုင္ပါတယ္။

RAM 4GB/64GB ေမာ္ဒယ္ကုိေတာ့ ၂၃၆ ေဒၚလာ၊ RAM 6GB/64GB ကိုေတာ့ ၂၆၆ ေဒၚလာနဲ႔ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။ Nokia X6 ကုိ အျပာ၊ အနက္နဲ႔ ေငြေရာင္ဆုိၿပီး အေရာင္ ၃ ေရာင္နဲ႔ ထုတ္လုပ္မွာ ျဖစ္ပါတယ္။ Nokia X6 ကို တ႐ုတ္ႏို္င္ငံျပင္ပမွာ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

စိုးထက္
Ref: GSMArena

==============

[Unicode]

ဓာတ်ပုံနဲ့ အချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်အပြီးမှာတော့ HMD Global က Nokia X6 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

Nokia X6 မှာ ပရီမီယံကိုယ်ထည်နဲ့အတူ အလယ်အလတ်တန်းစား hardward တွေ ပါဝင်လာပါတယ်။ ထုတ်ကုန်ရဲ့ ၉၅ ရာခိုင်နှုန်းမှာ မှန်အသုံးပြုထားသလို ဘေးဘောင်မှာတော့ သတ္တုကို အသုံးပြုထားပါတယ်။
Nokia X6 ကို Corning Gorilla Glass 3 အလွှာနဲ့ကာကွယ်ထားပြီး 19:9 aspect ratio နဲ့အတူ ၅.၈ လက်မ FHD+ (1080x 2280 pixels) display ကို အသုံးပြုထားပါတယ်။

ဒီစမတ်ဖုန်းဟာ မျက်နှာပြင်ရဲ့ ထိပ်ဘက်မှာ notch ပါဝင်လာတဲ့ ပထမဆုံး Nokia ဟန်းဆက်ဖြစ်ပါတယ်။ Nokia X6 မှာ f/2.0 aperture နဲ့ 16MP ရှေ့ကင်မရာအပြင် face unlock လုပ်ဆောင်ချက်တို့ ပါဝင်လာပါတယ်။ ဖုန်းရဲ့ကျောဘက်မှာ သမားရိုးကျ fingerprint sensor တစ်ခု ထည့်သွင်းပေးထားပါတယ်။


Nokia X6 ရဲ့ ကျောဘက် panel မှာတော့ dual-camera setup ထည့်သွင်းထားပြီး f/2.0 aperture နဲ့ 16MP အပြင် f/2.2 lens နဲ့ 5MP monochrome sensor တို့ပါဝင်လာပါတယ်။ ကင်မရာအားလုံးမှာ AI ထောက်ပံ့မှုတွေဖြစ်တဲ့ background blur, face recognition, dynamic expression နဲ့ filter တွေကို ထည့်သွင်းပေးထားပါတယ်။

Nokia X6 မှာ Snapdragon 636 SoC ကိုအသုံးပြုထားပြီး RAM 4GB နဲ့ internal storage 32GB/64GB ဒါမှမဟုတ် RAM 6GB နဲ့ storage 64GB တို့နဲ့ ရရှိနိုင်ပါတယ်။ Nokia X6 မှာပါဝင်လာတဲ့ slot မှာ ဒုတိယမြောက် SIM ကတ်အစား microSD card ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

ဘက်ထရီက 3,060mAh ဖြစ်ပြီး USB-C connector နဲ့ Quick Charge 3.0 ထောက်ပံ့့မှု ပါဝင်လာပါတယ်။ ဖုန်းကို နာရီဝက်အတွင်း ၅၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။ OS က Android 8.1 ဖြစ်ပြီး Android P update ကိုဖြန့်ချိပေးမယ်လို့ Nokia က ကတိပြုထားပါတယ်။

RAM 4GB/32GB အတွက် Nokia X6 မော်ဒယ်ကို တရုတ်နို်င်ငံ မေလ ၂၁ ရက်မှာ ၂၀၄ ဒေါ်လာနဲ့ စတင်ဝယ်ယူနိုင်ပါတယ်။

RAM 4GB/64GB မော်ဒယ်ကိုတော့ ၂၃၆ ဒေါ်လာ၊ RAM 6GB/64GB ကိုတော့ ၂၆၆ ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Nokia X6 ကို အပြာ၊ အနက်နဲ့ ငွေရောင်ဆိုပြီး အရောင် ၃ ရောင်နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Nokia X6 ကို တရုတ်နို်င်ငံပြင်ပမှာ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

စိုးထက်
Ref: GSMArena