Notch ပါတဲ့ Samsung ဖုန္းမ်ား ေတြ႕ျမင္ရေတာ့မည္

[Zawgyi]

ႏွစ္စဥ္က်င္းပျပဳလုပ္တဲ့ Developers Conference မွာ Samsung က အနာဂတ္ စမတ္ဖုန္းေတြမွာ အသံုးျပဳဖို႔စီစဥ္ထားတဲ့ notch ဒီဇိုင္းသံုးမ်ိဳးကို အျမည္းမိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ notch ဒီဇိုင္းသံုးမ်ိဳးရဲ႕အမည္က Infinity-U, Infinity-V နဲ႔ Infinity-O တို႔ ျဖစ္ပါတယ္။

Infinity-U ဟာ အေျခခံအားျဖင့္ Essential Phone ရဲ႕ notch ဒီဇိုင္းနဲ႔ ဆင္တူပါတယ္။ အရြယ္ေသးတဲ့ oval တစ္ဝက္ပံုစံျဖစ္ၿပီး display ရဲ႕ အလယ္ထိပ္ကို လွီးထုတ္ထားတာ ျဖစ္ပါတယ္။

Infinity-V ကေတာ့ Infinity U နဲ႔ဆင္တူေပမယ့္ oval တစ္ဝက္ပံုစံအစား အနားေလးခု ပါဝင္လာပါတယ္။
Infinity-O ကေတာ့ display မွာ စက္ဝိုင္းပံုစံ ေဖာက္ထားတာ ျဖစ္ပါတယ္။ Screen ထိပ္ဘက္နားက notch ေတြလို ေဖာက္ထားတာမဟုတ္တာေၾကာင့္ မ်က္စိစပါးေမြးစူးစရာ ျဖစ္ႏိုင္သလို အေပါင္းလကၡဏာေဆာင္တဲ့ တံု႔ျပန္မႈရရိွဖို႔ကလည္း ခက္ခဲႏိုင္ပါတယ္။

အဆိုပါ notch ဒီဇိုင္းပါဝင္တဲ့ Samsung ဖုန္းေတြကို ၂၀၁၉ ေနာက္ပိုင္းမွာ ေတြ႕ျမင္ရမယ္လို႔ သိရပါတယ္။

Ref: TheVerge

[Unicode]

နှစ်စဉ်ကျင်းပပြုလုပ်တဲ့ Developers Conference မှာ Samsung က အနာဂတ် စမတ်ဖုန်းတွေမှာ အသုံးပြုဖို့စီစဉ်ထားတဲ့ notch ဒီဇိုင်းသုံးမျိုးကို အမြည်းမိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ notch ဒီဇိုင်းသုံးမျိုးရဲ့အမည်က Infinity-U, Infinity-V နဲ့ Infinity-O တို့ ဖြစ်ပါတယ်။

Infinity-U ဟာ အခြေခံအားဖြင့် Essential Phone ရဲ့ notch ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ အရွယ်သေးတဲ့ oval တစ်ဝက်ပုံစံဖြစ်ပြီး display ရဲ့ အလယ်ထိပ်ကို လှီးထုတ်ထားတာ ဖြစ်ပါတယ်။

Infinity-V ကတော့ Infinity U နဲ့ဆင်တူပေမယ့် oval တစ်ဝက်ပုံစံအစား အနားလေးခု ပါဝင်လာပါတယ်။
Infinity-O ကတော့ display မှာ စက်ဝိုင်းပုံစံ ဖောက်ထားတာ ဖြစ်ပါတယ်။ Screen ထိပ်ဘက်နားက notch တွေလို ဖောက်ထားတာမဟုတ်တာကြောင့် မျက်စိစပါးမွေးစူးစရာ ဖြစ်နိုင်သလို အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုရရှိဖို့ကလည်း ခက်ခဲနိုင်ပါတယ်။

အဆိုပါ notch ဒီဇိုင်းပါဝင်တဲ့ Samsung ဖုန်းတွေကို ၂၀၁၉ နောက်ပိုင်းမှာ တွေ့မြင်ရမယ်လို့ သိရပါတယ်။

Ref: TheVerge