Nokia 9 PureView မွာ ၁၈ ဝပ္ အားသြင္းျမန္ဆန္တဲ့ charger ပါဝင္လာမည္

[ Zawgyi ]

HMD ဟာ ဘာစီလိုနာၿမိဳ႕မွာျပဳလုပ္မယ့္ MWC ျပပြဲအတြင္းမွာ Nokia ထုတ္ကုန္သစ္ကုိ ထုတ္ေဖာ္ေၾကညာ မိတ္ဆက္မွာ ျဖစ္ပါတယ္။ ပြဲမွာ မိတ္ဆက္မယ့္ဖုန္းက ကာလရွည္ၾကာ ေစာင့္စားေနၾကတဲ့ ကင္မရာ ၅ လုံး ပါဝင္တဲ့ Nokia 9 PureView ျဖစ္ႏိုင္ပါတယ္။

အဲဒီထုတ္ကုန္ကုိ Chinese 3C ကတစ္ဆင့္ ခြင့္ျပဳခ်က္ရယူထားေပမယ့္ အေသးစိတ္ အခ်က္အလက္ေတြေတာ့ မသိရေသးပါဘူး။ ဒါေပမဲ့ အဲဒီထုတ္ကုန္မွာ ၁၈ ဝပ္ အားသြင္းျမန္ဆန္တဲ့ charger ပါဝင္တယ္လို႔ သိရပါတယ္။

ဖုန္းမွာပါဝင္တဲ့ adapter ကုိ [email protected] 3A, [email protected] 2A ဒါမွမဟုတ္ [email protected] 1.5A အျဖစ္ အဆင့္သတ္မွတ္ခ်က္ ေပးထားပါတယ္။ ဒါေၾကာင့္ Adapter မွာ Qualcomm ရဲ႕ Quick Charge နဲ႔ [email protected] 3A လွ်ပ္စီးလမ္းေၾကာင္းကတစ္ဆင့္ ၁၅ ဝပ္အထိ USB စြမ္းေဆာင္ေထာက္ပံ့ေပးႏိုင္ပါတယ္။ ဖုန္းမွာ ဘက္ထရီ 4,150mAh ပါဝင္လာဖြယ္ရွိပါတယ္။

မျဖန္႔ခ်ိရေသးတဲ့ Nokia ထုတ္ကုန္ရဲ႕ေမာ္ဒယ္နံပါတ္က TA-1094 ျဖစ္ပါတယ္။

ေကာလာဟလ သတင္းေတြအရ Nokia 9 PureView မွာ ၆လက္မ AMOLED screen နဲ႔ QHD+ ႐ုပ္ထြက္အရည္အေသြးအျပင္ in-display fingerprint scanner တို႔ပါဝင္ဖြယ္ရွိပါတယ္။ Qualcomm Snapdragon 845 CPU ပါဝင္လာႏိုင္ပါတယ္။ အနာဂတ္မွာ Qualcomm Snapdragon 855 နဲ႔အတူ 5G ေထာက္ပံ့မႈပါဝင္တဲ့ ထုတ္ကုန္ကုိ ထုတ္လုပ္ဖို႔ စီစဥ္ထားတယ္လို႔ Nokia ကေျပာဖူးပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

HMD ဟာ ဘာစီလိုနာမြို့မှာပြုလုပ်မယ့် MWC ပြပွဲအတွင်းမှာ Nokia ထုတ်ကုန်သစ်ကို ထုတ်ဖော်ကြေညာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ ပွဲမှာ မိတ်ဆက်မယ့်ဖုန်းက ကာလရှည်ကြာ စောင့်စားနေကြတဲ့ ကင်မရာ ၅ လုံး ပါဝင်တဲ့ Nokia 9 PureView ဖြစ်နိုင်ပါတယ်။

အဲဒီထုတ်ကုန်ကို Chinese 3C ကတစ်ဆင့် ခွင့်ပြုချက်ရယူထားပေမယ့် အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ ဒါပေမဲ့ အဲဒီထုတ်ကုန်မှာ ၁၈ ဝပ် အားသွင်းမြန်ဆန်တဲ့ charger ပါဝင်တယ်လို့ သိရပါတယ်။

ဖုန်းမှာပါဝင်တဲ့ adapter ကို [email protected] 3A, [email protected] 2A ဒါမှမဟုတ် [email protected] 1.5A အဖြစ် အဆင့်သတ်မှတ်ချက် ပေးထားပါတယ်။ ဒါကြောင့် Adapter မှာ Qualcomm ရဲ့ Quick Charge နဲ့ [email protected] 3A လျှပ်စီးလမ်းကြောင်းကတစ်ဆင့် ၁၅ ဝပ်အထိ USB စွမ်းဆောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းမှာ ဘက်ထရီ 4,150mAh ပါဝင်လာဖွယ်ရှိပါတယ်။

မဖြန့်ချိရသေးတဲ့ Nokia ထုတ်ကုန်ရဲ့မော်ဒယ်နံပါတ်က TA-1094 ဖြစ်ပါတယ်။

ကောလာဟလ သတင်းတွေအရ Nokia 9 PureView မှာ ၆လက်မ AMOLED screen နဲ့ QHD+ ရုပ်ထွက်အရည်အသွေးအပြင် in-display fingerprint scanner တို့ပါဝင်ဖွယ်ရှိပါတယ်။ Qualcomm Snapdragon 845 CPU ပါဝင်လာနိုင်ပါတယ်။ အနာဂတ်မှာ Qualcomm Snapdragon 855 နဲ့အတူ 5G ထောက်ပံ့မှုပါဝင်တဲ့ ထုတ်ကုန်ကို ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ Nokia ကပြောဖူးပါတယ်။

Ref: GSMArena