Nintendo က Tetris 99 ဂိမ်းကို ဖြန့်ချိ

[ Zawgyi ]




စိုးထက်
Ref: CNET

[ Unicode ]

Nintendo ဟာ Fortnite လိုမျိုး လူပေါင်းများစွာ ပါဝင်ကစားပြီး အနိုင်ရရှိသူတစ်ဦးတည်း ထွက်ပေါ်တဲ့ဂိမ်းနဲ့ ခပ်ဆင်ဆင်တူတဲ့ Tetris 99 ဂိမ်းကို ဖြန့်ချိလိုက်ပါတယ်။ နာမည်ကျော် Tetris ဂိမ်းဟောင်းကို battle royale ဗားရှင်းပုံစံ ဖြန့်ချိလိုက်ပါတယ်။ Tetris 99 မှာအွန်လိုင်းကစားသူ ၉၉ ဦးဟာ အနိုင်ရရှိဖို့ arena တစ်ခုအတွင်း တိုက်ခိုက်ကစားရမှာ ဖြစ်ပါတယ်။

Tetris 99 ရဲ့ကစားရတဲ့ပုံစံက ဂိမ်းဟောင်း Tetris အတိုင်း ကစားသူ ၉၉ ဦးက အတုံးတွေ ဆက်ရပါမယ်။ ကစားသူတစ်ဦးက ၂ လိုင်းနဲ့အထက် ဆက်ရတဲ့အခါတိုင်း အခြားကစားသူတွေရဲ့ screen အောက်ခြေမှာ နောက်ပြောင်ပြောဆိုနိုင်ပါတယ်။ ကစားသူတစ်ဦးက အတုံးတွေအားလုံး အံဝင်ခွင်ကျဖြစ်သွားရင် အခြားကစားသူတွေအားလုံး ရှုံးသွားမှာ ဖြစ်ပါတယ်။

Tetris 99 ကို Nintendo Switch Online အဖွဲ့ဝင်တွေအတွက် ဖြန့်ချိလိုက်ပြီး အခမဲ့ download လုပ်နိုင်ပါတယ်။

Ref: CNET