Nikon Coolpix P1000

[Zawgyi]



[Unicode]

လွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါး စွယ်စုံရိုက်နိုင်မယ့် Nikon Coolpix P1000 ကင်မရာ ဖြစ်ပါတယ်။ Bridge Level Camera ဖြစ်တဲ့အတွက် မှန်ဘီလူး အဖြုတ်အတပ် လဲလှယ်တာကို မလုပ်ဆောင်နိုင်ပေမယ့် စွယ်စုံ ရိုက်ကူးနိုင်ပါတယ်။ 1/2.3″ BSI CMOS Sensor ထောက်ပံ့ပေးထားပါတယ်။ ဓာတ်ပုံကို 16MP (Up to 7fps) အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုကို [email protected] 30 fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ပုံရိပ်ဖမ်းမှန်ဘီလူးအနေနဲ့ Optical: 125x (Dynamic: 250x ) ဆွဲယူရိုက်နိုင်လို့ ၃၅ မမ မြင်ကွင်းနဲ့ တွက်ရင် 22.4mm to 3000mm အထိ ဆွဲယူရိုက်ကူးနိုင်တဲ့အတွက် စွယ်စုံရိုက်နိုင်တဲ့ အပြင် ငှက်ရိုက်သမားတွေပါ အကြိုက်တွေ့စေမယ့်ပုံစံ ဖြစ်ပါတယ်။

DSLR Camera တွေလို Aperture Priority, Auto, Manual, Program, Shutter Priority ပါ၀င်တဲ့အပြင် အသင့်ရိုက် Mode ၂၁ မျိုး၊ Easy Auto Mode တွေထောက်ပံ့ထားတဲ့အတွက် အလင်းအမှောင် မျှတတဲ့ပုံတွေ ရဖို့ ခေါင်းစားစရာမလိုတော့ပါဘူး။ Shutter Speed 1/4000 အထိ စွမ်းဆောင်နိုင်ပါတယ်။ ၃.၂ လက်မ အရွယ်ရှိ 921k-Dot Tilting LCD လည်း ထောက်ပံ့ပါ၀င်ပါတယ်။ ကင်မရာကို ချိတ်ဆက်ပြီး ရိုက်ကူးပြီးထားတဲ့ဓာတ်ပုံတွေကိုလည်း Smartphone/Tablet အစရှိတဲ့ deviceတွေကို အရွှေ့အပြောင်း ချက်ချင်း ပြုလုပ်နိုင်ပါတယ်။ ၀ယ်ယူစဉ်မှာ အိတ်ရော SD Card ပါ ပါ၀င်မှာဖြစ်ပြီး တန်ဖိုးက ၁,၄၇ဝ,ဝဝဝ ကျပ် ပါ။ အရွယ်အစား 146.3 x 118.8 x 181.3 mm ဖြစ်ပြီး အလေးချိန်က 1415g ရှိပါတယ်။ ROYAL Camera ဖုန်း – ၀၁ ၈၃၉ ၈၃၇၀ နဲ့ ၀၁ ၃၉ ၁၆၁၅ ကို ဆက်သွယ် ၀ယ်ယူနိုင်ပါတယ်။