September 20, 2018

Network Facilities Service လိုင္စင္ရကုမၸဏီမ်ား၏ အသင္းအဖြဲ႔ဖြဲ႔စည္းေရး ဒုတိယအႀကိမ္ အစည္း အေဝးက်င္းပ

[ Zawgyi ]

Network Facilities Service လိုင္စင္ရကုမၸဏီေတြရဲ႕အသင္းအဖြဲ႔ ဖြဲ႔စည္းေရး (Myanmar Network Facilities Service Licensee Association) ဒုတိယအႀကိမ္အစည္းအေ၀းကို MICT Park မွာက်င္းပခဲ့ ပါတယ္။

“ဆက္သြယ္ေရး က႑ဆိုတာ ကအားလံုးသိတဲ့အတိုင္းပဲ ရင္းႏွီးျမဳပ္ႏွံမႈလည္း မ်ားပါတယ္၊ ၿပိဳင္ဆိုင္မႈလည္း မ်ားပါတယ္၊ အခက္အခဲေပါင္း မ်ားစြာရွိတယ္ဆိုတာလည္း ကြ်န္ေတာ္တို႔သိပါတယ္၊ ဒီလိုအခက္ အခဲေတြကို တစ္ဦးတစ္ေယာက္ခ်င္း ေျဖရွင္းေနမယ့္အစား အသင္းအဖြဲ႔အစည္းနဲ႔ ေျဖရွင္းလိုက္တာက ပိုမိုေကာင္းမြန္တဲ့ ေဆာင္ရြက္ခ်က္တစ္ခုအျဖစ္ အသိအမွတ္ျပဳ ေျပာၾကားလိုပါတယ္” လို႔ ဆက္သြယ္ေရး ၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုးသိန္းက ေျပာပါတယ္။ Myanmar Network Facilities Service Licensee Association ဆိုတဲ့ နာမည္ကို အမ်ားရဲ႕သေဘာတူညီခ်က္နဲ႔ ပထမအႀကိမ္ အစည္းအေဝးတုန္းက အဆိုျပဳေရြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

Network Facilities Service (Individual) လိုင္စင္ရ ကုမၸဏီေတြအေနနဲ႔ အသင္းအဖြဲ႔တစ္ခုထားရွိ ျခင္းအားျဖင့္ ႏိုင္ငံေတာ္နဲ႔ သင္းဝင္ေတြအၾကား ေပါင္းကူးသဖြယ္ ေဆာင္ရြက္ႏိုင္ျခင္း၊ အသင္းဝင္ကုမၸဏီေတြရဲ႕ အက်ိဳးစီးပြားနဲ႔ အခြင့္အေရးေတြကို ကာကြယ္ ေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ ထိေရာက္တဲ့လုပ္ပိုင္ခြင့္ေတြ အျပည့္အဝ ရရွိေဆာင္ရြက္ႏိုင္ျခင္း၊ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြ ျပသနာေတြကိုလည္း တစ္ဦးတစ္ေယာက္ ကုမၸဏီတစ္ခုမွ ေျဖရွင္းျခင္းထက္ စုေပါင္းအဖြဲ႔အစည္းအေနနဲ႔ ညႇိႏႈိင္းတိုင္ပင္ေျဖရွင္း ေဆာင္ရြက္ႏိုင္ျခင္း အစရွိတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ ဖြဲ႔စည္းလိုျခင္းျဖစ္ေၾကာင္း Fortune Telecom Company Limited ရဲ႕ ဥကၠ႒ ဦးျမဟန္က ေျပာပါတယ္။

-ထြန္းထြန္း

[ Unicode ]

Network Facilities Service လိုင်စင်ရကုမ္ပဏီတွေရဲ့အသင်းအဖွဲ့ ဖွဲ့စည်းရေး (Myanmar Network Facilities Service Licensee Association) ဒုတိယအကြိမ်အစည်းအဝေးကို MICT Park မှာကျင်းပခဲ့ ပါတယ်။

“ဆက်သွယ်ရေး ကဏ္ဍဆိုတာ ကအားလုံးသိတဲ့အတိုင်းပဲ ရင်းနှီးမြုပ်နှံမှုလည်း များပါတယ်၊ ပြိုင်ဆိုင်မှုလည်း များပါတယ်၊ အခက်အခဲပေါင်း များစွာရှိတယ်ဆိုတာလည်း ကျွန်တော်တို့သိပါတယ်၊ ဒီလိုအခက် အခဲတွေကို တစ်ဦးတစ်ယောက်ချင်း ဖြေရှင်းနေမယ့်အစား အသင်းအဖွဲ့အစည်းနဲ့ ဖြေရှင်းလိုက်တာက ပိုမိုကောင်းမွန်တဲ့ ဆောင်ရွက်ချက်တစ်ခုအဖြစ် အသိအမှတ်ပြု ပြောကြားလိုပါတယ်” လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောပါတယ်။ Myanmar Network Facilities Service Licensee Association ဆိုတဲ့ နာမည်ကို အများရဲ့သဘောတူညီချက်နဲ့ ပထမအကြိမ် အစည်းအဝေးတုန်းက အဆိုပြုရွေးချယ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Network Facilities Service (Individual) လိုင်စင်ရ ကုမ္ပဏီတွေအနေနဲ့ အသင်းအဖွဲ့တစ်ခုထားရှိ ခြင်းအားဖြင့် နိုင်ငံတော်နဲ့ သင်းဝင်တွေအကြား ပေါင်းကူးသဖွယ် ဆောင်ရွက်နိုင်ခြင်း၊ အသင်းဝင်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့အတွက် ထိရောက်တဲ့လုပ်ပိုင်ခွင့်တွေ အပြည့်အဝ ရရှိဆောင်ရွက်နိုင်ခြင်း၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြသနာတွေကိုလည်း တစ်ဦးတစ်ယောက် ကုမ္ပဏီတစ်ခုမှ ဖြေရှင်းခြင်းထက် စုပေါင်းအဖွဲ့အစည်းအနေနဲ့ ညှိနှိုင်းတိုင်ပင်ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းလိုခြင်းဖြစ်ကြောင်း Fortune Telecom Company Limited ရဲ့ ဥက္ကဋ္ဌ ဦးမြဟန်က ပြောပါတယ်။

-ထွန်းထွန်း