NetCon 2018 & Yangon ICT Enterprise Expo

[ Zawgyi ]

NetCon 2018








NetCon 2018




















[ Unicode ]

NetCon 2018

ကျင်းပမည့်နေ့ရက် – ဒီဇင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ
ကျင်းပမည့်အချိန် – နံနက် ၉ နာရီမှ ညနေ ၅ နာရီ
ကျင်းပမည့်နေရာ- Crystal Ballroom , LotteHotel

Yangon ICT Enterprise Expo

ကျင်းပမည့်နေ့ရက် – ဒီဇင်ဘာ ၁၈ မှ ၁၉ ရက်အထိ
ကျင်းပမည့်အချိန် – နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ကျင်းပမည့်နေရာ – Lotte Hote

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း (MCPA-YGN) နဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA-YGN) တို့ ပူးပေါင်းကျင်းပမယ့် NetCon 2018 နဲ့ Yangon ICT Enterprise Expo ကို ဒီဇင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်တစ်ဝှမ်းရှိ Computer Software, Hardware, Networking, Security နဲ့ Telecommunication ဆိုင်ရာ ICT နည်းပညာဝန်ဆောင်မှု လုပ်ငန်းများမှ ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်တွေ၊ အစိုးရနဲ့ ပုဂ္ဂလိကICT သင်တန်းကျောင်းများမှ ဆရာ၊ ဆရာတွေနဲ့ကျောင်းသူ၊ ကျောင်းသားတွေ၊ ပြည်တွင်းပြည်ပ နည်းပညာရှင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ CIO တွေက ICT နည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာနဲ့ နောက်ဆုံးပေါ် နည်းစနစ်တွေကို တင်ပြဆွေးနွေး ဖလှယ်ကြမယ့် NetCon 2018 (Network Conference) မှာ နည်းပညာတွေကို တစ်နေရာတည်း ကြည့်ရှုလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး Yangon ICT Enterprise Expo ကိုပါ တွဲဖက် ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

NetCon 2018 & Yangon ICT Enterprise Expo

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း (MCPA-YGN) နဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA-YGN) တို့ ပူးပေါင်းကျင်းပမယ့် NetCon 2018 နဲ့ Yangon ICT Enterprise Expo ကို ဒီဇင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့၊ Lotte ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာပြည်တစ်ဝှမ်းရှိ Computer Software, Hardware, Networking, Security နဲ့ Telecommunication ဆိုင်ရာ ICT နည်းပညာဝန်ဆောင်မှု လုပ်ငန်းများမှ ပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်တွေ၊ အစိုးရနဲ့ ပုဂ္ဂလိက ICT သင်တန်းကျောင်းများမှ ဆရာ၊ ဆရာတွေနဲ့ကျောင်းသူ၊ ကျောင်းသားတွေ၊ ပြည်တွင်းပြည်ပ နည်းပညာရှင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ CIO တွေက ICT နည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာနဲ့ နောက်ဆုံးပေါ်နည်းစနစ်တွေကို တင်ပြဆွေးနွေးဖလှယ်ကြမယ့် NetCon 2018 (Network Conference) မှာ နည်းပညာတွေကို တစ်နေရာတည်း ကြည့်ရှုလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး Yangon ICT Enterprise Expo ကိုပါ တွဲဖက်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

NetCon 2018

ကျင်းပမည့်နေ့ရက် – ဒီဇင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ
ကျင်းပမည့်အချိန် – နံနက် ၉ နာရီမှ ညနေ ၅ နာရီ
ကျင်းပမည့်နေရာ- Crystal Ballroom , LotteHotel

NetCon 2018 ပွဲဆိုတာ ဘာလဲ

ICT နည်းပညာဝန်ဆောင်မှု လုပ်ငန်းများမှပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်တွေ၊ အစိုးရနဲ့ ပုဂ္ဂလိက ICT သင်တန်းကျောင်းများမှ ဆရာ၊ ဆရာတွေနဲ့ကျောင်းသူ၊ ကျောင်းသားတွေ၊ ပြည်တွင်းပြည်ပ နည်းပညာရှင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ CIO တွေက ICT နည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာနဲ့ နောက်ဆုံးပေါ် နည်းစနစ်တွေကို တင်ပြဆွေးနွေး ဖလှယ်ကြမယ့် အခမ်းအနားဖြစ်ပါတယ်။

NetCon 2018 ကျင်းပရခြင်း၏ ရည်ရွယ်ချက်

NetCon ကို ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းကကြီးမှူး၍ ပထမအကြိမ် စတင်ကျင်းပခဲ့ပါတယ်။ NetCon မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ၊ နည်းပညာသုတေသီတွေ၊ လုပ်ငန်းခွင်ကျွမ်းကျင်သူတွေက ကွန်ပျူတာကွန်ရက်နဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေး၊ e-Government နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒီဂျစ်တယ်နည်းပညာ အသုံးပြုပြောင်းလဲဆောင်ရွက်ရေး၊ နောက်ဆုံးပေါ်နည်းပညာရပ်တွေနဲ့အတူ ပေါ်ထွက်လာတဲ့ သုတေသနနဲ့ စီးပွားရေးစိန်ခေါ်မှုတွေကို ညှိနှိုင်းအဖြေရှာရေးတို့အတွက် ဆွေးနွေးဖလှယ်နိုင်မယ့် နှစ်စဉ်ကျင်းပ ပြုလုပ်နေတဲ့ Conference တစ်ခုဖြစ်ပါတယ်။

NetCon 2018 မှာ ဘယ်လိုအစီအစဉ်တွေပါလဲ။

NetCon 2018 မှာ တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ ဝိုင်းဖွဲ့ဆွေးနွေးမယ့် Panel Discussion ၄ ခုဖြစ်တဲ့ “Towards Digital Society”, “Regional and Global ICT Readiness”, “How to Prepare for Upcoming Digital Economy Revolution”,တို့ ပါဝင်မှာဖြစ်သလို၊ ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ တက္ကသိုလ်တွေမှ ပညာရှင်တွေရဲ့ သုတေသနစာတမ်းတွေနဲ့ ပညာရပ်ဆိုင်ရာ ခေါင်းစဉ် ၁၆ ခုနဲ့ အထက်ကို ဖတ်ကြားဆွေးနွေးမှာ ဖြစ်ပါတယ်။

NetCon 2018 တက်ရောက်ဖို့အတွက် Register ပြုလုပ်ရန် လိုအပ်ပါသလား။ တက်ရောက်တဲ့အခါမှာရော အခမဲ့လား။

တက်ရောက်ဖို့အတွက် Register ပြုလုပ်ဖို့လိုအပ်ပါတယ်။ တက်ရောက်တဲ့အချိန်မှာ Conference အတွက်ကို လက်မှတ်ဝယ်ယူရမှာ ဖြစ်ပါတယ်။ Register ကို www.netconmyanmar.com မှာ ပြုလုပ်နိုင်ပြီး အဆောင်(၉)၊ မြေညီထပ်၊ MCPA Office, MICT Park (၀၁- ၆၅၂၂၇၆) မှာ လက်မှတ်ဝယ်ယူနိုင်ပါသည်။ အားလုံးပါဝင်နိုင်မယ့် Digital လူမှုအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့၊ ဝန်ကြီးဌာန၊ တက္ကသိုလ်၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ကြားထားပြီး နောက်ဆုံးပေါ် နည်းပညာတွေကို တစ်နေရာတည်းမှာ လေ့လာကြည့်ရှုဆွေးနွေး ဖလှယ်နိုင်ယ့် ပွဲတစ်ပွဲဖြစ်တဲ့အတွက် လက်လွတ်မခံဘဲ ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Yangon ICT Enterprise Expo

ကျင်းပမည့်နေ့ရက် – ဒီဇင်ဘာ ၁၈ မှ ၁၉ ရက်အထိ
ကျင်းပမည့်အချိန် – နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ
ကျင်းပမည့်နေရာ – Lotte Hote

Yangon ICT Enterprise Expo ပွဲဆိုတာ ဘာလဲ

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့ ပူးပေါင်းကျင်းပတဲ့ နည်းပညာကုမ္ပဏီကြီးတွေ ပါဝင်ပြသသော Enterprise Expo တစ်ခုဖြစ်ပါတယ်။

Yangon ICT Enterprise Expo ကျင်းပရခြင်း၏ ရည်ရွယ်ချက်

ရန်ကုန်တိုင်းဒေသကြီးနဲ့ မြန်မာပြည်တစ်ဝှမ်းရှိ Computer Software, Hardware, Networking, Security နဲ့ Telecommunication ဆိုင်ရာ ICT နည်းပညာ ဝန်ဆောင်မှုလုပ်ငန်းတွေမှ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်တွေ၊ အစိုးရနှင့်ပုဂ္ဂလိက ICT သင်တန်းကျောင်းတွေမှဆရာ၊ ဆရာမများတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ပြည်တွင်းပြည်ပ နည်းပညာရှင်တွေ၊ ဝန်ကြီးဌာနတွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ CIO တွေက ICT နည်းပညာဆိုင်ရာ အသိပညာ၊ အတတ်ပညာနဲ့ နောက်ဆုံးပေါ်နည်းစနစ်တွေကို တင်ပြဆွေးနွေး ဖလှယ်ကြမယ့် NetCon 2018 (Network Conference) မှာ နည်းပညာတွေကို တစ်နေရာတည်း ကြည့်ရှုလေ့လာနိုင်ဖို့ ရည်ရွယ်ပြီး Yangon ICT Enterprise Expo ကို စီစဉ်ပေးခြင်းဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူ မည်သည့်ကုမ္ပဏီအမျိုးအစားမဆို ပါဝင်ပြသနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Yangon ICT Enterprise Expo မှာ ဘယ်လိုအစီအစဉ်တွေပါလဲ

နည်းပညာကုမ္ပဏီကြီးတွေရဲ့ နောက်ဆုံးပေါ် Hardware, Network, Security & ICT Solution တွေကို မိတ်ဆက်ပြသ ရောင်းချသွားမှာဖြစ်ပါတယ်။

Yangon ICT Enterprise Expo က ပုံမှန်ကျင်းပနေတဲ့အိုင်စီတီပြပွဲ တွေနဲ့ ဘာတွေကွာခြားသွားလဲ။

ပြပွဲအပြင်နည်းပညာ ဆွေးနွေးဖလှယ်ပွဲတွေမှာပါ တက်ရောက် လေ့လာနိုင်မယ့် အခွင့်အလမ်းတွေရှိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ပါဝင်စားသူ မည်သူမဆို Expo ကို(အခမဲ့) လာရောက်လေ့လာနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။