National Enquirer က ၿခိမ္းေျခာက္ေငြညႇစ္ခဲ့ဟု Amazon တည္ေထာင္သူေျပာၾကား

[ Zawgyi ]

Amazon အမႈေဆာင္အရာရွိခ်ဳပ္ ဂ်က္ဖ္ဘီေဇာ့ဟာ Medium ေပၚက တစ္ကုိယ္ေရ blog post မွာ အံ့အားသင့္စရာေကာင္းတဲ့ post တစ္ခုကုိ တင္ခဲ့ပါတယ္။ လူၿပိန္းႀကိဳက္ သတင္းဝက္ဘ္ဆိုက္ National Enquirer ဟာ ဂ်က္ဖ္ဘီေဇာ့ကို ၿခိမ္းေျခာက္ေငြညႇစ္ အက်ပ္ကုိင္ခံရတယ္လို႔ ကာယကံရွင္က ေျပာသြားခဲ့ပါတယ္။

သူ႔ရဲ႕ ဝတ္လစ္စလစ္ပုံေတြနဲ႔ ၿငိစြန္းဖူးတဲ့ သတင္းေထာက္ျဖစ္သူ ေလာရန္ဆန္႔ခ်က္ဓာတ္ပုံေတြနဲ႔ ၿခိမ္းေျခာက္ခံခဲ့ရတယ္လို႔ ဂ်က္ဖ္ဘီေဇာ့ကေျပာခဲ့ပါတယ္။ Natinal Enquirer ရဲ႕မိခင္ကုမၸဏီ American Media Inc ဟာ ဂ်က္ဖ္ဘီေဇာ့ရဲ႕ တစ္ကုိယ္ေရဘဝကုိ လိုက္လံစုံစမ္းခဲ့ၿပီး ကုမၸဏီအေနနဲ႔ ႏိုင္ငံေရးအစုအဖြဲ႕ ၾသဇာလႊမ္းမိုးမႈ မပါဘဲ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

National Enquirer ဟာ ပထမဆုံး ဘီေဇာ့ရဲ႕ အတြင္းေရးအေသးစိတ္ကို စုံစမ္းခဲ့ရာကေန ၿပီးခဲ့တဲ့လက မက္ကန္ဇီဘီေဇာ့နဲ႔ အိမ္ေထာင္ေရးၿပိဳကြဲမႈအေၾကာင္းေတြပါ သိလာခဲ့ပါတယ္။

ဂ်က္ဖ္ဘီေဇာ့အေနနဲ႔ National Enquirer က ကုိယ္ပုိင္ message ေတြကုိ ဘယ္လိုရယူခဲ့တဲ့အေၾကာင္း စုံစမ္းမႈျပဳလုပ္ခဲ့ပါတယ္။ အဲဒီအေၾကာင္း သိရွိၿပီးေနာက္ AMI က ဘီေဇာ့ကုိ ခ်ဥ္းကပ္ခဲ့ပါတယ္။ AMI ရဲ႕ ေရွ႕ေနေတြက ဘီေဇာ့ဖ္အေနနဲ႔ ကုိယ္ပုိင္စုံစမ္းမႈ ပိတ္ပစ္ဖုိ႔ ဆြဲေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Amazon အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့ဟာ Medium ပေါ်က တစ်ကိုယ်ရေ blog post မှာ အံ့အားသင့်စရာကောင်းတဲ့ post တစ်ခုကို တင်ခဲ့ပါတယ်။ လူပြိန်းကြိုက် သတင်းဝက်ဘ်ဆိုက် National Enquirer ဟာ ဂျက်ဖ်ဘီဇော့ကို ခြိမ်းခြောက်ငွေညှစ် အကျပ်ကိုင်ခံရတယ်လို့ ကာယကံရှင်က ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ ဝတ်လစ်စလစ်ပုံတွေနဲ့ ငြိစွန်းဖူးတဲ့ သတင်းထောက်ဖြစ်သူ လောရန်ဆန့်ချက်ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်ခံခဲ့ရတယ်လို့ ဂျက်ဖ်ဘီဇော့ကပြောခဲ့ပါတယ်။ Natinal Enquirer ရဲ့မိခင်ကုမ္ပဏီ American Media Inc ဟာ ဂျက်ဖ်ဘီဇော့ရဲ့ တစ်ကိုယ်ရေဘဝကို လိုက်လံစုံစမ်းခဲ့ပြီး ကုမ္ပဏီအနေနဲ့ နိုင်ငံရေးအစုအဖွဲ့ သြဇာလွှမ်းမိုးမှု မပါဘဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

National Enquirer ဟာ ပထမဆုံး ဘီဇော့ရဲ့ အတွင်းရေးအသေးစိတ်ကို စုံစမ်းခဲ့ရာကနေ ပြီးခဲ့တဲ့လက မက်ကန်ဇီဘီဇော့နဲ့ အိမ်ထောင်ရေးပြိုကွဲမှုအကြောင်းတွေပါ သိလာခဲ့ပါတယ်။

ဂျက်ဖ်ဘီဇော့အနေနဲ့ National Enquirer က ကိုယ်ပိုင် message တွေကို ဘယ်လိုရယူခဲ့တဲ့အကြောင်း စုံစမ်းမှုပြုလုပ်ခဲ့ပါတယ်။ အဲဒီအကြောင်း သိရှိပြီးနောက် AMI က ဘီဇော့ကို ချဉ်းကပ်ခဲ့ပါတယ်။ AMI ရဲ့ ရှေ့နေတွေက ဘီဇော့ဖ်အနေနဲ့ ကိုယ်ပိုင်စုံစမ်းမှု ပိတ်ပစ်ဖို့ ဆွဲဆောင်ခဲ့တယ်လို့ သိရပါတယ်။

Ref: TheVerge