September 21, 2018
MyTel ရဲ့ ၀န်ဆောင်မှုဈေးနှုန်းတွေဘာကြောင့်ဈေးသက်သာနေတာလဲ
[Zawgyi]
ဈေးကွက်ကိုစတင်ဝင်ရောက်လာတဲ့ MyTel ရဲ့ဝန်ဆောင်မှုဈေးနှုန်းတွေဟာ အခြားအော် ပရေတာတွေထက်သက်သာနေတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ ပါတယ်။
သတ်မှတ်ထားတဲ့ဈေးနှုန်းထက်ပိုပြီး လျှော့ခွင့်မရှိကြောင်း၊ လျှော့ခွင့်ရှိတဲ့အတိုင်းအတာကို အားလုံးလျှော့ပြီးရောင်းချတာဖြစ်ကြောင်း MyTel ရဲ့ ပြင်ပဆက်သွယ်ရေးအရာရှိချုပ် ဦးဇော်မင်းဦးကပြောပါတယ်။ “ဘာဖြစ်လို့ ကျွန်တော်တို့က ဈေးပိုလျှော့ခွင့်ရသလဲပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ဈေးနှုန်း ထက်ပိုပြီး လျှော့ခွင့်မရှိပါဘူး၊ ကျွန်တော်တို့ကဈေးကွက်ကိုအခုမှစပြီးဝင်တာဖြစ်ပါတယ်၊ ၀င်တဲ့ အချိန်မှာ အခြားအော်ပရေတာတွေက အားလုံးအဆင်သင့်ဖြစ်နေပြီ အဲဒီအချိန်မှာ ကျွန်တော်တို့ကစ၀င်ရတာဖြစ်တဲ့ အတွက် Customer လည်းရအောင် regulator နဲ့ညှိနှိုင်းလို့ရအောင် အခြားအော်ပရေထက် ပိုပြီးတော့ ဈေးလျှော့ခွင့်ပေးပါတယ်၊ ကျွန်တော်တို့က လျှော့ချခွင့်ပေးတဲ့ဟာ ကိုအကုန်လုံးလျှော့ချပြီးတော့ ရောင်းတာဖြစ် ပါတယ်” လို့ ဦးဇော်မင်းဦးကပြောပါတယ်။
-ထွန်းထွန်း
[Unicode]
စျေးကွက်ကိုစတင်ဝင်ရောက်လာတဲ့ MyTel ရဲ့ဝန်ဆောင်မှုစျေးနှုန်းတွေဟာ အခြားအော် ပရေတာတွေထက်သက်သာနေတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ ပါတယ်။
သတ်မှတ်ထားတဲ့စျေးနှုန်းထက်ပိုပြီး လျှော့ခွင့်မရှိကြောင်း၊ လျှော့ခွင့်ရှိတဲ့အတိုင်းအတာကို အားလုံးလျှော့ပြီးရောင်းချတာဖြစ်ကြောင်း MyTel ရဲ့ ပြင်ပဆက်သွယ်ရေးအရာရှိချုပ် ဦးဇော်မင်းဦးကပြောပါတယ်။ “ဘာဖြစ်လို့ ကျွန်တော်တို့က စျေးပိုလျှော့ခွင့်ရသလဲပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ သတ်မှတ်ထားတဲ့စျေးနှုန်း ထက်ပိုပြီး လျှော့ခွင့်မရှိပါဘူး၊ ကျွန်တော်တို့ကစျေးကွက်ကိုအခုမှစပြီးဝင်တာဖြစ်ပါတယ်၊ ၀င်တဲ့ အချိန်မှာ အခြားအော်ပရေတာတွေက အားလုံးအဆင်သင့်ဖြစ်နေပြီ အဲဒီအချိန်မှာ ကျွန်တော်တို့ကစဝင်ရတာဖြစ်တဲ့ အတွက် Customer လည်းရအောင် regulator နဲ့ညှိနှိုင်းလို့ရအောင် အခြားအော်ပရေထက် ပိုပြီးတော့ စျေးလျှော့ခွင့်ပေးပါတယ်၊ ကျွန်တော်တို့က လျှော့ချခွင့်ပေးတဲ့ဟာ ကိုအကုန်လုံးလျှော့ချပြီးတော့ ရောင်းတာဖြစ် ပါတယ်” လို့ ဦးဇော်မင်းဦးကပြောပါတယ်။
အခြားနိုင်ငံတွေမှာလည်းရှိကြောင်း၊ အဲဒါဟာ အချိန်အတိုင်းအတာတစ်ခုအထိရှိကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ “အဲဒီလိုမျိုးကိစ္စကအခြား တိုင်းပြည်မှာလည်းရှိပါတယ်၊ အော်ပရေတာအသစ်ဝင်တာတယ်ဆိုတာနဲ့ စျေးလျှော့ခွင့် ပေးပါတယ်၊ ဒါသည် အချိန်အတိုင်းအတာတစ်ခုရှိပါတယ်၊ စျေးကွက်ကိုမထိခိုင်နိုင်တဲ့ အထိဖြစ်ပါတယ်၊ ဆိုပါစို့ ကျွန်တော်တို့ Customer တစ်ယောက်မှမရှိတဲ့အချိန်မှာ စျေးလျှော့ပေးတယ်ဆိုတာက ကျွန်တော်တို့အတွက်ဘာမှမဖြစ်ပါဘူး၊ အသုံးပြုသူအရေ အတွက်များတဲ့အချိန်မှာတော့ လျှော့စျေးကအခုလိုရချင်မှရပါလိမ့်မယ်” လို့ ပြောပါတယ်။
-ထွန်းထွန်း