Mytel ဆင္းမ္ကတ္အသံုးျပဳသူ ၅ သန္းအထိ ရွိလာဟုဆို

[ Zawgyi ]

စတုတၳေျမာက္ ဆက္သြယ္ေရးေအာ္ပေရတာျဖစ္တဲ့ Mytel အေနနဲ႔ ျပည္တြင္းမွာ စတင္ဝန္ေဆာင္မႈေပးခဲ့တဲ့ အခ်ိန္မွစတင္ကာ ေျခာက္လအတြင္း အသံုးျပဳသူ ငါးသန္းခန္႔အထိ ရွိလာေၾကာင္း Mytel ထုတ္ျပန္ခ်က္အရ သိရပါတယ္။

2G, 4G ကြန္ရက္နဲ႔ ဝန္ေဆာင္မႈေပးအပ္လ်က္ရွိတဲ့ Mytel အေနနဲ႔ ဖိုက္ဘာေကဘယ္ ကီလိုမီတာ ၃၀၀၀၀ ေက်ာ္တပ္ဆင္ကာ တစ္ႏိုင္ငံလံုးအတိုင္းအတာအေနနဲ႔ 4G ကြန္ရက္ကို ပံ့ပိုးၿပီး ဝန္ေဆာင္မႈ ေပးအပ္လ်က္ရွိေၾကာင္း၊ ဆက္သြယ္ေရးက႑ ဖြံ႔ၿဖိဳးလာေစဖို႔နဲ႔ ေနာက္ဆံုးေပၚနည္းပညာေတြနဲ႔ ဝန္ေဆာင္မႈေပးႏိုင္ဖို႔အတြက္ ေက်းလက္ေဒသေတြမွာ ၃၀ ရာခိုင္ႏႈန္း၊ ေဝးလံေခါင္းပါးတဲ့ ေဒသေတြမွာ ၁၀ ရာခိုင္ႏႈန္း၊ ၿမိဳ႕ျပနဲ႔ဖြံ႔ၿဖိဳး တိုးတက္လ်က္ရွိတဲ့ ၿမိဳ႕ႀကီးေတြမွာ ၆၀ ရာခိုင္ႏႈန္းအထိ တိုးခ်ဲ႕ထားေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ Mytel အနေနဲ့ ပြည်တွင်းမှာ စတင်ဝန်ဆောင်မှုပေးခဲ့တဲ့ အချိန်မှစတင်ကာ ခြောက်လအတွင်း အသုံးပြုသူ ငါးသန်းခန့်အထိ ရှိလာကြောင်း Mytel ထုတ်ပြန်ချက်အရ သိရပါတယ်။

2G, 4G ကွန်ရက်နဲ့ ဝန်ဆောင်မှုပေးအပ်လျက်ရှိတဲ့ Mytel အနေနဲ့ ဖိုက်ဘာကေဘယ် ကီလိုမီတာ ၃၀၀၀၀ ကျော်တပ်ဆင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ 4G ကွန်ရက်ကို ပံ့ပိုးပြီး ဝန်ဆောင်မှု ပေးအပ်လျက်ရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာစေဖို့နဲ့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ကျေးလက်ဒေသတွေမှာ ၃၀ ရာခိုင်နှုန်း၊ ဝေးလံခေါင်းပါးတဲ့ ဒေသတွေမှာ ၁၀ ရာခိုင်နှုန်း၊ မြို့ပြနဲ့ဖွံ့ဖြိုး တိုးတက်လျက်ရှိတဲ့ မြို့ကြီးတွေမှာ ၆၀ ရာခိုင်နှုန်းအထိ တိုးချဲ့ထားကြောင်း သိရပါတယ်။