Myanmar National Portal အေၾကာင္းေတြ႕ဆံုေမးျမန္းျခင္း

[ Zawgyi ]

Myanmar National Portal စတင္ထုတ္လႊင့္ျခင္း အခမ္းအနားကို ေနျပည္ေတာ္ရွိ Hilton Hotel မွာက်င္းပခဲ့ပါတယ္။ e-Goverment ေဖာ္ေဆာင္ေရးအတြက္ ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆံုး National အဆင့္ Myanmar National Portal အျဖစ္ ထုတ္လႊင့္ခဲ့တာျဖစ္ပါတယ္။ ကမ႓ာ႔ဘဏ္ရဲ႕ေခ်းေငြ အေမရိကန္ေဒၚလာ ၁.၆၅ သန္းအကုန္အက်ခံ တည္ေဆာက္ထားတဲ့ အဲဒီ Portal နဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူ တစ္ဦးျဖစ္တဲ့ ေဒၚႏြယ္နီစိုးရင္ Project Director (Myanmar National Portal Project), Director, e-Government Department) ကို အင္တာနက္ဂ်ာနယ္ရဲ႕ ေနျပည္ေတာ္သတင္းေထာက္ ေက်ာ္ေဇယ်က ေတြ႕ဆံုေမးျမန္း ထားတာျဖစ္ပါတယ္။

Myanmar National Portal လိပ္စာမွာ https://myanmar.gov.mm ျဖစ္ပါတယ္။ ျမန္မာရဲ႕ ခရီးသြားလမ္းၫႊန္၊ ေနာက္ခံသမိုင္း၊ အမ်ိဳးသားေရးသြင္ျပင္ အစရွိတာေတြ ထည့္သြင္းထားတဲ့ ျမန္မာအေၾကာင္း၊ အစိုးရဆိုင္ရာေဆာင္ရြက္ခ်က္ေတြ၊ က်န္းမာေရး၊ စီးပြားေရးအစရွိတဲ့ က႑ေတြ၊ သတင္းမီဒီယာေဖာ္ျပခ်က္ေတြကို ထည့္သြင္းထားေၾကာင္း ေတြ႕ရပါတယ္။ Myanmar National Portal ကို အေကာင့္ဖြင့္ၿပီးလည္း အသံုးျပဳႏိုင္မွာျဖစ္ၿပီး အေကာင့္ဖြင့္ျခင္းအားျဖင့္ Portal မွာမွတ္ခ်က္ေပးျခင္း၊ Vote ေပးျခင္း အစရွိတာေတြ ျပဳလုပ္ႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။

Myanmar National Portal ကို လႊင့္တင္ျခင္းရဲ႕ရည္ရြယ္ခ်က္ကို အရင္ဆံုးသိပါရေစ။

အဓိကရည္ရြယ္ခ်က္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ e-Government ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ အေထာက္အကူျပဳဖို႔၊ ျမန္မာႏိုင္ငံရွိ အစိုးရဌာနအဖြဲ႕အစည္းအသီးသီးက လႊင့္တင္ထားတဲ့ ၀က္ဘ္ဆိုက္၊ အြန္လိုင္းဝန္ေဆာင္မႈေတြကို တစ္ေနရာတည္းမွာပဲ စုစည္းၿပီး Single Window, Portal စနစ္ေဆာက္ေပးထားျခင္းျဖင့္ ျပည္သူလူထုကို လြယ္ကူလ်င္ျမန္ၿပီး ေကာင္းမြန္ထိေရာက္တဲ့ ျပည္သူ႔ ဝန္ေဆာင္မႈမ်ားေပးႏိုင္ရန္နဲ႔ e-Government လုပ္ငန္းစဥ္မ်ားကို အစိုးရဌာနအလိုက္ အေကာင္အထည္ေဖာ္ေဆာင္ေနတဲ့ အဆင့္ကေန အမ်ဳိးသားအဆင့္ ျမင့္တက္ၿပီး Unified Platform တည္ေဆာက္သြားဖို႔ စတာေတြကို ရည္ရြယ္ထားတာပါ။

အေကာင္အထည္ေဖာ္ ေဆာင္ရြက္တဲ့ အဖြဲ႕အစည္းေတြကိုလည္း ေျပာျပေပးပါ။

အေကာင္အထည္ေဖာ္ေဆာင္ တာကေတာ့ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး ဝန္ႀကီးဌာနကပါ။ ကမၻာ့ဘဏ္ရဲ႕ ေခ်းေငြ အေမရိကန္ေဒၚလာ ၁.၆၅ သန္းအကုန္အက်ခံၿပီး တည္ေဆာက္ထားတာပါ။ တင္ဒါေအာင္ျမင္သြားတဲ့ ဗီယက္နမ္ႏိုင္ငံ FPT ကုမၸဏီနဲ႔ ၂၀၁၇ ခုႏွစ္ ဧၿပီလကတည္းက စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

Myanmar National Portal ကို အသံုးျပဳျခင္းအားျဖင့္ User ေတြအေနနဲ႔ ရရွိႏိုင္တဲ့ အက်ဳိးေက်းဇူးကေရာ ဘယ္လိုရွိမလဲခင္ဗ်။

သံုးစြဲသူျပည္သူေတြအေနနဲ႔ အစိုးရရဲ႕ဝန္ေဆာင္မႈေတြ သတင္းအခ်က္အလက္ေတြကိို အခ်ိန္မေရြးေနရာမေရြးဘဲ Electronic Devices
ကေန ရယူႏိုင္တာေတြေပါ့။ အစိုးရဌာနေတြကိုသြားၿပီးေတာ့ ေမးျမန္းစံုစမ္းစရာလည္း မလိုေတာ့ဘူး။ ဒီလိုရယူရာမွာလည္း ေငြေၾကးနဲ႔ အခ်ိန္ကုန္က်မႈသက္သာစြာနဲ႔ ရယူသံုးစြဲႏိုင္တယ္။ ၿပီးေတာ့ ျပည္သူေတြအေနနဲ႔လည္း Feedback အေနနဲ႔ အႀကံျပဳစာေတြ ေပးႏိုင္တာေၾကာင့္ အစိုးရနဲ႔ ျပည္သူအၾကား ယံုၾကည္မႈကို ပိုၿပီးတိုးျမႇင့္ႏိုင္ပါတယ္။ ယံုၾကည္မႈပိုၿပီး တည္ေဆာက္လာႏိုင္ပါတယ္။

အဓိကအားျဖင့္ ဘယ္လိုအဖြဲ႕အစည္းေတြကို အက်ိဳးသက္ေရာက္မႈ မ်ားႏိုင္ပါသလဲ။

အစိုးရနဲ႔ျပည္သူအၾကား ယံုၾကည္မႈကို ပိုၿပီးတည္ေဆာက္လာႏိုင္မွာျဖစ္လို႔ ျမန္မာႏိုင္ငံရွိ အစိုးရအဖြဲ႕အစည္းအားလံုးနဲ႔ ျပည္သူမ်ားအား
လံုးပါ။

Portal မွာပါ၀င္တဲ့ Feature ေတြနဲ႔ပတ္သက္ၿပီးလည္း သိပါရေစ။

အခုဒီ Portal က ျမန္မာႏိုင္ငံရဲ႕ ပထမဦးဆံုး National အဆင့္ Portal ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ေနာက္ခံသမိုင္းေတြ၊ အမ်ဳိးသားေရး
လကၡဏာ၊ ယဥ္ေက်းမႈဓေလ့၊ ႐ုိးရာေတြ အားလံုးပါ၀င္ပါတယ္။ ၿပီးေတာ့ အစိုးရအဖြဲ႕အစည္းမ်ားအေၾကာင္း အေသးစိတ္ပါဝင္သလို၊ သက္ဆိုင္ရာ ဝန္ႀကီးဌာေနေတြ အစိုးရဌာနေတြရဲ႕ ဝန္ေဆာင္မႈ၊ ေၾကာ္ျငာခ်က္၊ ေလွ်ာက္လႊာပံုစံ၊ တင္ဒါေတြအေၾကာင္း၊ အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ ပတ္သက္ၿပီး အလုပ္ေခၚစာ၊ Document မ်ား၊ သတင္းနဲ႔ မီဒီယာမ်ား၊ ဓာတ္ပံုနဲ႔ဗီဒီယိုမ်ား၊ ေၾကာ္ျငာခ်က္မ်ား၊ အေရးေပၚ ဆက္သြယ္ရန္ဖုန္းမ်ား၊ ေန႔စဥ္မိုးေလဝသ အေျခအေန၊ အစိုးရ႐ံုးပိတ္ရက္မ်ား၊ အခမ္းအနားမ်ား၊ Blogs, Discussion, Poll, Survey, Social Media, ထုတ္ျပန္ခ်က္ေတြအားလံုး ရယူႏိုင္မွာ ဖတ္႐ႈႏိုင္မွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ National အဆင့္ဆိုေတာ့ တစ္ႏိုင္ငံလံုး အတိုင္းအတာမွာရွိတဲ့ အစိုးရဌာနေတြ အားလံုးပါဝင္သြားပါၿပီ။

သက္ဆိုင္ရာဌာနေတြအေနနဲ႔ သူတို႔ဌာနေတြရဲ႕အခ်က္အလက္ေတြကို ပါဝင္ျဖည့္စြက္ၿပီး Portal မွာတင္ဖို႔၊ Portal မွာ အခ်က္အလက္ေတြ Up to Date ျဖစ္ေအာင္လုပ္ဖို႔ကေရာ ဘယ္လိုမ်ားေဆာင္ရြက္ထားပါ သလဲခင္ဗ်ာ။

သင္တန္းပို႕ခ်မႈေတြေဆာင္ရြက္ထားပါတယ္။ အစိုးရဌာနအေနနဲ႔ မိမိတို႔ဌာနနဲ႔သက္ဆိုင္တဲ့ သတင္းအခ်က္အလက္မ်ားကို Myanmar
National Portal မွာ ကိုယ္တိုင္လႊင့္တင္ သြားဖို႔အတြက္ေပါ့။ တစ္ႏိုင္ငံလံုးမွာရွိတဲ့ အစိုးရဌာနေတြက တာဝန္ရွိသူေတြကို ၂၀၁၈ ၾသဂုတ္လ ၂၀ ရက္ကေန ၾသဂုတ္လ ၂၉ ရက္အထိ သင္တန္းေတြ ပို႔ခ်ၿပီးျဖစ္ပါတယ္။ ၿပီးေတာ့လည္း သက္ဆိုင္ရာ ဌာနအလိုက္ကိုလည္း Account, ID ေတြ လႊဲေျပာင္းေပးအပ္ၿပီး ျဖစ္ပါတယ္။ သက္ဆိုင္ရာဌာန အသီးသီးအေနနဲ႔လည္း ျပည္သူလူထုကို သတင္းအခ်က္အလက္ေတြ ေပးႏိုင္ဖို႔ ပူးေပါင္းေဆာင္ရြက္ သြားမွာျဖစ္ပါတယ္။

ၾကည့္႐ႈအသံုးျပဳသူေတြအေနန႔ဲ အေကာင့္ဖြင့္သံုးတာနဲ႔ ဒီအတိုင္းသံုးတာနဲ႔ ဘာကြာျခားခ်က္ရွိပါသလဲ။

User ေတြအေနနဲ႔ကေတာ့ သာမန္အသံုးျပဳဖို႔အတြက္ကေတာ့ Account ဖြင့္စရာမလိုဘဲ ဝင္ေရာက္ၾကည့္႐ႈေလ့လာႏိုင္ပါတယ္။ Account ဖြင့္ၿပီး အသံုးျပဳမယ္ဆိုရင္ေတာ့ ကြန္မန္႔၀င္ေရးတာ၊ အခါအားေလ်ာ္စြာဌာနဆိုင္ရာေတြကေကာက္ယူတဲ့စစ္တမ္းမွာ ဝင္ေရာက္ေျဖဆိုတဲ့ Survey လုပ္တာတို႔၊ Poll မွာ Vote လုပ္ေဆာင္တာတို႔ပါ၀င္လုပ္ႏိုင္ပါတယ္။ Feedback ေတြလည္း ေရးႏိုင္ပါတယ္။ Account မဖြင့္ထားရင္ေတာ့ အဲ့ဒါေတြ၀င္လုပ္လို႔မရပါဘူး။ Account ကိုလည္း ႐ိုးရွင္းစြာဖြင့္ႏိုင္ပါတယ္။

Myanmar National Portal ရဲ႕ Data လံုၿခံဳေရးနဲ႔ Data Backup ကိုလည္း ဘယ္လိုစီစဥ္ ေဆာင္ရြက္ထားတယ္ဆိုတာလည္း သိပါရေစ။

Data Backup အေနနဲ႔ကေတာ့ ဒီ Portal မွာပဲ ထည့္သြင္း တည္ေဆာက္ထားပါတယ္။ Data လံုၿခံဳေရးကိုေတာ့ ITCS (Information Technology and Cyber Security Department) လက္ေအာက္မွာရွိတဲ့ အမ်ဳိးသားဆိုက္ဘာလံုၿခံဳေရးဦးစီးဌာန (National Cyber Security) က အၿမဲတမ္းေစာင့္ၾကည့္ၿပီး တာဝန္ယူေပးသြားမွာပါ။ Security အပိုင္းမွာလည္း ေကာင္းမြန္ေအာင္ တည္ေဆာက္ထားပါတယ္။

ေက်းဇူးတင္ပါတယ္

-ေက်ာ္ေဇယ်

[ Unicode ]

Myanmar National Portal စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ Hilton Hotel မှာကျင်းပခဲ့ပါတယ်။ e-Goverment ဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး National အဆင့် Myanmar National Portal အဖြစ် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ကမ႓ာ့ဘဏ်ရဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၁.၆၅ သန်းအကုန်အကျခံ တည်ဆောက်ထားတဲ့ အဲဒီ Portal နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါ်နွယ်နီစိုးရင် Project Director (Myanmar National Portal Project), Director, e-Government Department) ကို အင်တာနက်ဂျာနယ်ရဲ့ နေပြည်တော်သတင်းထောက် ကျော်ဇေယျက တွေ့ဆုံမေးမြန်း ထားတာဖြစ်ပါတယ်။

Myanmar National Portal လိပ်စာမှာ https://myanmar.gov.mm ဖြစ်ပါတယ်။ မြန်မာရဲ့ ခရီးသွားလမ်းညွှန်၊ နောက်ခံသမိုင်း၊ အမျိုးသားရေးသွင်ပြင် အစရှိတာတွေ ထည့်သွင်းထားတဲ့ မြန်မာအကြောင်း၊ အစိုးရဆိုင်ရာဆောင်ရွက်ချက်တွေ၊ ကျန်းမာရေး၊ စီးပွားရေးအစရှိတဲ့ ကဏ္ဍတွေ၊ သတင်းမီဒီယာဖော်ပြချက်တွေကို ထည့်သွင်းထားကြောင်း တွေ့ရပါတယ်။ Myanmar National Portal ကို အကောင့်ဖွင့်ပြီးလည်း အသုံးပြုနိုင်မှာဖြစ်ပြီး အကောင့်ဖွင့်ခြင်းအားဖြင့် Portal မှာမှတ်ချက်ပေးခြင်း၊ Vote ပေးခြင်း အစရှိတာတွေ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Myanmar National Portal ကို လွှင့်တင်ခြင်းရဲ့ရည်ရွယ်ချက်ကို အရင်ဆုံးသိပါရစေ။

အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ e-Government ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖို့၊ မြန်မာနိုင်ငံရှိ အစိုးရဌာနအဖွဲ့အစည်းအသီးသီးက လွှင့်တင်ထားတဲ့ ၀က်ဘ်ဆိုက်၊ အွန်လိုင်းဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာပဲ စုစည်းပြီး Single Window, Portal စနစ်ဆောက်ပေးထားခြင်းဖြင့် ပြည်သူလူထုကို လွယ်ကူလျင်မြန်ပြီး ကောင်းမွန်ထိရောက်တဲ့ ပြည်သူ့ ဝန်ဆောင်မှုများပေးနိုင်ရန်နဲ့ e-Government လုပ်ငန်းစဉ်များကို အစိုးရဌာနအလိုက် အကောင်အထည်ဖော်ဆောင်နေတဲ့ အဆင့်ကနေ အမျိုးသားအဆင့် မြင့်တက်ပြီး Unified Platform တည်ဆောက်သွားဖို့ စတာတွေကို ရည်ရွယ်ထားတာပါ။

အကောင်အထည်ဖော် ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကိုလည်း ပြောပြပေးပါ။

အကောင်အထည်ဖော်ဆောင် တာကတော့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကပါ။ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၁.၆၅ သန်းအကုန်အကျခံပြီး တည်ဆောက်ထားတာပါ။ တင်ဒါအောင်မြင်သွားတဲ့ ဗီယက်နမ်နိုင်ငံ FPT ကုမ္ပဏီနဲ့ ၂၀၁၇ ခုနှစ် ဧပြီလကတည်းက စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Myanmar National Portal ကို အသုံးပြုခြင်းအားဖြင့် User တွေအနေနဲ့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးကရော ဘယ်လိုရှိမလဲခင်ဗျ။

သုံးစွဲသူပြည်သူတွေအနေနဲ့ အစိုးရရဲ့ဝန်ဆောင်မှုတွေ သတင်းအချက်အလက်တွေကိို အချိန်မရွေးနေရာမရွေးဘဲ Electronic Devices
ကနေ ရယူနိုင်တာတွေပေါ့။ အစိုးရဌာနတွေကိုသွားပြီးတော့ မေးမြန်းစုံစမ်းစရာလည်း မလိုတော့ဘူး။ ဒီလိုရယူရာမှာလည်း ငွေကြေးနဲ့ အချိန်ကုန်ကျမှုသက်သာစွာနဲ့ ရယူသုံးစွဲနိုင်တယ်။ ပြီးတော့ ပြည်သူတွေအနေနဲ့လည်း Feedback အနေနဲ့ အကြံပြုစာတွေ ပေးနိုင်တာကြောင့် အစိုးရနဲ့ ပြည်သူအကြား ယုံကြည်မှုကို ပိုပြီးတိုးမြှင့်နိုင်ပါတယ်။ ယုံကြည်မှုပိုပြီး တည်ဆောက်လာနိုင်ပါတယ်။

အဓိကအားဖြင့် ဘယ်လိုအဖွဲ့အစည်းတွေကို အကျိုးသက်ရောက်မှု များနိုင်ပါသလဲ။

အစိုးရနဲ့ပြည်သူအကြား ယုံကြည်မှုကို ပိုပြီးတည်ဆောက်လာနိုင်မှာဖြစ်လို့ မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းအားလုံးနဲ့ ပြည်သူများအား
လုံးပါ။

Portal မှာပါ၀င်တဲ့ Feature တွေနဲ့ပတ်သက်ပြီးလည်း သိပါရစေ။

အခုဒီ Portal က မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး National အဆင့် Portal ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နောက်ခံသမိုင်းတွေ၊ အမျိုးသားရေး
လက္ခဏာ၊ ယဉ်ကျေးမှုဓလေ့၊ ရိုးရာတွေ အားလုံးပါ၀င်ပါတယ်။ ပြီးတော့ အစိုးရအဖွဲ့အစည်းများအကြောင်း အသေးစိတ်ပါဝင်သလို၊ သက်ဆိုင်ရာ ဝန်ကြီးဌာနေတွေ အစိုးရဌာနတွေရဲ့ ဝန်ဆောင်မှု၊ ကြော်ငြာချက်၊ လျှောက်လွှာပုံစံ၊ တင်ဒါတွေအကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်ပြီး အလုပ်ခေါ်စာ၊ Document များ၊ သတင်းနဲ့ မီဒီယာများ၊ ဓာတ်ပုံနဲ့ဗီဒီယိုများ၊ ကြော်ငြာချက်များ၊ အရေးပေါ် ဆက်သွယ်ရန်ဖုန်းများ၊ နေ့စဉ်မိုးလေဝသ အခြေအနေ၊ အစိုးရရုံးပိတ်ရက်များ၊ အခမ်းအနားများ၊ Blogs, Discussion, Poll, Survey, Social Media, ထုတ်ပြန်ချက်တွေအားလုံး ရယူနိုင်မှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ National အဆင့်ဆိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာမှာရှိတဲ့ အစိုးရဌာနတွေ အားလုံးပါဝင်သွားပါပြီ။

သက်ဆိုင်ရာဌာနတွေအနေနဲ့ သူတို့ဌာနတွေရဲ့အချက်အလက်တွေကို ပါဝင်ဖြည့်စွက်ပြီး Portal မှာတင်ဖို့၊ Portal မှာ အချက်အလက်တွေ Up to Date ဖြစ်အောင်လုပ်ဖို့ကရော ဘယ်လိုများဆောင်ရွက်ထားပါ သလဲခင်ဗျာ။

သင်တန်းပို့ချမှုတွေဆောင်ရွက်ထားပါတယ်။ အစိုးရဌာနအနေနဲ့ မိမိတို့ဌာနနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်များကို Myanmar
National Portal မှာ ကိုယ်တိုင်လွှင့်တင် သွားဖို့အတွက်ပေါ့။ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဌာနတွေက တာဝန်ရှိသူတွေကို ၂၀၁၈ သြဂုတ်လ ၂၀ ရက်ကနေ သြဂုတ်လ ၂၉ ရက်အထိ သင်တန်းတွေ ပို့ချပြီးဖြစ်ပါတယ်။ ပြီးတော့လည်း သက်ဆိုင်ရာ ဌာနအလိုက်ကိုလည်း Account, ID တွေ လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာန အသီးသီးအနေနဲ့လည်း ပြည်သူလူထုကို သတင်းအချက်အလက်တွေ ပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။

ကြည့်ရှုအသုံးပြုသူတွေအနေနဲ့ အကောင့်ဖွင့်သုံးတာနဲ့ ဒီအတိုင်းသုံးတာနဲ့ ဘာကွာခြားချက်ရှိပါသလဲ။

User တွေအနေနဲ့ကတော့ သာမန်အသုံးပြုဖို့အတွက်ကတော့ Account ဖွင့်စရာမလိုဘဲ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ Account ဖွင့်ပြီး အသုံးပြုမယ်ဆိုရင်တော့ ကွန်မန့်ဝင်ရေးတာ၊ အခါအားလျော်စွာဌာနဆိုင်ရာတွေကကောက်ယူတဲ့စစ်တမ်းမှာ ဝင်ရောက်ဖြေဆိုတဲ့ Survey လုပ်တာတို့၊ Poll မှာ Vote လုပ်ဆောင်တာတို့ပါ၀င်လုပ်နိုင်ပါတယ်။ Feedback တွေလည်း ရေးနိုင်ပါတယ်။ Account မဖွင့်ထားရင်တော့ အဲ့ဒါတွေဝင်လုပ်လို့မရပါဘူး။ Account ကိုလည်း ရိုးရှင်းစွာဖွင့်နိုင်ပါတယ်။

Myanmar National Portal ရဲ့ Data လုံခြုံရေးနဲ့ Data Backup ကိုလည်း ဘယ်လိုစီစဉ် ဆောင်ရွက်ထားတယ်ဆိုတာလည်း သိပါရစေ။

Data Backup အနေနဲ့ကတော့ ဒီ Portal မှာပဲ ထည့်သွင်း တည်ဆောက်ထားပါတယ်။ Data လုံခြံုရေးကိုတော့ ITCS (Information Technology and Cyber Security Department) လက်အောက်မှာရှိတဲ့ အမျိုးသားဆိုက်ဘာလုံခြံုရေးဦးစီးဌာန (National Cyber Security) က အမြဲတမ်းစောင့်ကြည့်ပြီး တာဝန်ယူပေးသွားမှာပါ။ Security အပိုင်းမှာလည်း ကောင်းမွန်အောင် တည်ဆောက်ထားပါတယ်။

ကျေးဇူးတင်ပါတယ်