Myanmar Cyber Security Challenge 2019 ႏွင့္ပတ္သက္၍ ဦးမင္းမင္းထိုက္ (လက္ေထာက္ၫႊန္ၾကားေရးမွဴး အမ်ဳိးသားဆိုက္ဘာလံုၿခံဳေရးဗဟိုဌာန) ႏွင့္ေတြ႕ဆံုျခင္း

[ Zawgyi ]

ေနျပည္ေတာ္ေကာင္စီနယ္ေျမမွာ ၂၀၁၉ ဇန္န၀ါရီလ ၂၆ ရက္မွာ က်င္းပမယ့္ ဆိုက္ဘာလံုၿခံဳေရးၿပိဳင္ပြဲ Myanmar Cyber Security Challenge 2019 နဲ႔ပတ္သက္ၿပီး ဦးမင္းမင္းထိုက္ (လက္ေထာက္ၫႊန္ၾကားေရးမွဴး၊ အမ်ဳိးသားဆိုက္ဘာ လံုၿခံဳေရးဗဟိုဌာန) နဲ႔ ေတြ႕ဆံုေမးျမန္းခဲ့ပါတယ္။

ဆိုက္ဘာလံုၿခံဳေရးၿပိဳင္ပြဲကို ဘယ္မွာက်င္းပျဖစ္မလဲခင္ဗ်။

ေနျပည္ေတာ္မွာရွိတဲ့ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရးဝန္ႀကီးဌာန႐ံုး ႐ံုးအမွတ္ (၂) မွာ က်င္းပမွာျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလ ၂၆ ရက္မွာ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္ေတြကို ဘယ္လိုသတ္မွတ္ခ်က္ေတြ ထားရွိပါသလဲ။

ၿပိဳင္ပြဲကေတာ့ တကၠသိုလ္အဆင့္ ေက်ာင္းသားေတြပဲ ၿပိဳင္ၾကရမွပါ။ တကၠသိုလ္အဆင့္ဆိုေပမယ့္ PhD တက္ေနတဲ့သူေတြလည္း ရတယ္။ Master တက္ေနသူေတြလည္း ရပါတယ္ဗ်။ အသက္အပိုင္းအျခား ကန္႔သတ္ခ်က္ေတာ့ မရွိပါဘူး။ အဓိကကေတာ့ တကၠသိုလ္တစ္ခုခုမွာ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသားျဖစ္ဖို႔လိုပါတယ္။ အဲ့ဒီေက်ာင္းသားဆိုရင္ေတာ့ မည္သူမဆို ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ပါတယ္။ ၿပိဳင္ပြဲဝင္မယ့္ အဖြဲ႕ကလည္း အဖြဲ႕ႏွစ္ဆယ္ပဲ သတ္မွတ္ထားပါတယ္။ တစ္သင္းမွာ သံုးေယာက္ႏႈန္းနဲ႔ ဖြဲ႕စည္းထားရပါမယ္။ တစ္ေယာက္ႏွစ္ေယာက္နဲ႔ ဖြဲ႕စည္းထားတယ္ဆိုရင္လည္း လက္မခံပါဘူး။

တကယ္လို႔ ၿပိဳင္ခ်င္တဲ့အဖြဲ႕က သတ္မွတ္အဖြဲ႕အေရအတြက္ထက္မ်ားေနရင္ေကာ ဘယ္လိုေဆာင္ရြက္မလဲခင္ဗ်။

စာရင္းေပးသြင္းမႈကို ေစာင့္ၾကည့္ရမွာေပါ့။ တကယ္လို႔ စာရင္းေပးသြင္းတာက သတ္မွတ္အသင္းႏွစ္ဆယ္ထက္ေက်ာ္ရင္ အြန္လိုင္းကေနၿပီး ဉာဏ္စမ္းေရး/ေျဖ ေျဖၿပီး အမွတ္အေကာင္းဆံုး အသင္းႏွစ္ဆယ္ကိုပဲ ေရြးခ်ယ္ၿပီး ၿပိဳင္ေစမွာပါ။

ၿပိဳင္ပြဲလုပ္ေပးရတဲ့ အဓိကရည္ရြယ္ခ်က္ကေရာ သိပါရေစ။

ၿပိဳင္ပြဲကိုလုပ္ေပးရတဲ့ အဓိကရည္ရြယ္ခ်က္က ျမန္မာႏိုင္ငံမွာကလည္း ဆိုက္ဘာလံုၿခံဳေရးက သိပ္ၿပီးမထြန္းကားေသးဘူးေပါ့။ အဲ့လိုမထြန္းကားေသးေတာ့ လူငယ္ေတြအေနနဲ႔ ဆိုက္ဘာလံုၿခံဳေရးကို ပိုၿပီးစိတ္ဝင္စားလာေအာင္ပါ။ ေနာက္တစ္ခုက စိတ္၀င္စားမႈရွိၿပီးသား လူငယ္ေတြကိုလည္း လမ္းမွားကိုမေရာက္ေစခ်င္တာေပါ့။ ဆိုက္ဘာလံုၿခံဳေရးနဲ႔ ပတ္သက္ၿပီး ကြၽမ္းတဲ့လူငယ္ေတြအေနနဲ႔ Underground Hacking ေလာကထဲကို ေရာက္သြားၿပီး လမ္းမွန္ဘက္ကို မေရာက္ဘဲ သူတပါးအေကာင့္ေတြ ဟတ္တာေတြျဖစ္တာမ်ဳိးမျဖစ္ေအာင္၊ ျပည္သူလူထုေတြအေနနဲ႔လည္း ဆိုက္ဘာလံုၿခံဳေရးကို Alert ျဖစ္ေအာင္လည္း ျဖစ္ပါတယ္။

ၿပိဳင္ပြဲမွာေရာ ဘယ္လိုေခါင္းစဥ္ေတြနဲ႔ ဝင္ၿပိဳင္ရမွာလဲခင္ဗ်။

ၿပိဳင္ရမယ့္ေခါင္းစဥ္ကေတာ့ ေျခာက္ခုပါ။ Web Security, Reverse Engineering, Cryptography-Steganography, Pwn, Forensics, Miscellaneous စတဲ့ေခါင္းစဥ္ (၆) ခုနဲ႔ ၿပိဳင္ရမွာျဖစ္ပါတယ္။ ေခါင္းစဥ္တစ္ခုကို အမွတ္တစ္ေထာင္ႏႈန္းနဲ႔ ၿပိဳင္ပြဲဝင္သံုးေယာက္က ေမးခြန္းေခါင္းစဥ္ေျခာက္ခု ေျခာက္ေထာင္ဖိုးကို ခြဲၿပီးေျဖရမွာ ျဖစ္ပါတယ္။

ဆုေၾကးေတြအေနနဲ႔ကေရာ ဘယ္လိုခ်ီးျမႇင့္ေပးသြားမလဲဆိုတာ သိလို႔ရမလားခင္ဗ်။

ဆုေၾကးေတြကေတာ့ ပထမဆုဆယ္သိန္း၊ ဒုတိယဆုခုနစ္သိန္း၊ တတိယဆုငါးသိန္းဆိုၿပီး ဆုခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။

တျခားအစီအစဥ္ေကာ ထပ္လုပ္ေပးဖို႔ ရွိပါေသးသလား။

ရွိပါတယ္။ အခုလုပ္မယ့္ဒီပြဲက ဆုရရွိတဲ့အဖြဲ႕ကို ထိုင္းႏိုင္ငံမွာ ျပဳလုပ္က်င္းပမယ့္ Asian ႏိုင္ငံေတြအကုန္ပါမယ့္ Cyber Sea Game မွာလည္း ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ေစလႊတ္သြားမွာျဖစ္ပါတယ္။ ေနာက္တစ္ခုက စင္ကာပူမွာ တစ္ႏွစ္မွတစ္ခါ က်င္းပၿပဳလုပ္မယ့္ Singapore Cyber Conquest ကိုလည္း ေစလႊတ္ယွဥ္ၿပိဳင္ေစမွာပါ။ အဲ့ဒီ Singapore Cyber
Conquest ကလည္း ေက်ာင္းသားေတြ သီးသန္႔ၿပိဳင္ရတဲ့ ၿပိဳင္ပြဲပါ။

ၿပိဳင္ပြဲဝင္ေတြအေနနဲ႔ ေလွ်ာက္လႊာကို ဘယ္လိုတင္ရမွာလဲခင္ဗ်။

ကၽြန္ေတာ္တို႔ဖြင့္ထားတဲ့ Website ျဖစ္တဲ့ www.mcf.org.mm မွာ တင္ေပးမွာပါ။ ေလွ်ာက္လႊာေတြကို ဒီဇင္ဘာတစ္ရက္ေန႔ကေနစၿပီး လက္ခံမွာျဖစ္ပါတယ္။ ေလွ်ာက္လႊာပိတ္ရက္က ၂၀၁၉ ဇန္နဝါရီလ ၁၅ ရက္ျဖစ္ပါတယ္။ ၿပိဳင္မယ့္အသင္းႏွစ္ဆယ္ (သို႔) ေနျပည္ေတာ္မွာၿပိဳင္ဖို႔ အေရြးခံရတဲ့ အသင္းႏွစ္ဆယ္အတြက္ တစ္သင္းတိုင္းကို ၿပိဳင္ပြဲကာလ ေထာက္ပံ့ေပးဖို႔နဲ႔ တည္းခိုဖို႔လည္း စီစဥ္ေပးမွာ ျဖစ္ပါတယ္။

ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

နေပြည်တော်ကောင်စီနယ်မြေမှာ ၂၀၁၉ ဇန်နဝါရီလ ၂၆ ရက်မှာ ကျင်းပမယ့် ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲ Myanmar Cyber Security Challenge 2019 နဲ့ပတ်သက်ပြီး ဦးမင်းမင်းထိုက် (လက်ထောက်ညွှန်ကြားရေးမှူး၊ အမျိုးသားဆိုက်ဘာ လုံခြံုရေးဗဟိုဌာန) နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဆိုက်ဘာလုံခြံုရေးပြိုင်ပွဲကို ဘယ်မှာကျင်းပဖြစ်မလဲခင်ဗျ။

နေပြည်တော်မှာရှိတဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရုံး ရုံးအမှတ် (၂) မှာ ကျင်းပမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေကို ဘယ်လိုသတ်မှတ်ချက်တွေ ထားရှိပါသလဲ။

ပြိုင်ပွဲကတော့ တက္ကသိုလ်အဆင့် ကျောင်းသားတွေပဲ ပြိုင်ကြရမှပါ။ တက္ကသိုလ်အဆင့်ဆိုပေမယ့် PhD တက်နေတဲ့သူတွေလည်း ရတယ်။ Master တက်နေသူတွေလည်း ရပါတယ်ဗျ။ အသက်အပိုင်းအခြား ကန့်သတ်ချက်တော့ မရှိပါဘူး။ အဓိကကတော့ တက္ကသိုလ်တစ်ခုခုမှာ ကျောင်းတက်နေတဲ့ ကျောင်းသားဖြစ်ဖို့လိုပါတယ်။ အဲ့ဒီကျောင်းသားဆိုရင်တော့ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲဝင်မယ့် အဖွဲ့ကလည်း အဖွဲ့နှစ်ဆယ်ပဲ သတ်မှတ်ထားပါတယ်။ တစ်သင်းမှာ သုံးယောက်နှုန်းနဲ့ ဖွဲ့စည်းထားရပါမယ်။ တစ်ယောက်နှစ်ယောက်နဲ့ ဖွဲ့စည်းထားတယ်ဆိုရင်လည်း လက်မခံပါဘူး။

တကယ်လို့ ပြိုင်ချင်တဲ့အဖွဲ့က သတ်မှတ်အဖွဲ့အရေအတွက်ထက်များနေရင်ကော ဘယ်လိုဆောင်ရွက်မလဲခင်ဗျ။

စာရင်းပေးသွင်းမှုကို စောင့်ကြည့်ရမှာပေါ့။ တကယ်လို့ စာရင်းပေးသွင်းတာက သတ်မှတ်အသင်းနှစ်ဆယ်ထက်ကျော်ရင် အွန်လိုင်းကနေပြီး ဉာဏ်စမ်းရေး/ဖြေ ဖြေပြီး အမှတ်အကောင်းဆုံး အသင်းနှစ်ဆယ်ကိုပဲ ရွေးချယ်ပြီး ပြိုင်စေမှာပါ။

ပြိုင်ပွဲလုပ်ပေးရတဲ့ အဓိကရည်ရွယ်ချက်ကရော သိပါရစေ။

ပြိုင်ပွဲကိုလုပ်ပေးရတဲ့ အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံမှာကလည်း ဆိုက်ဘာလုံခြံုရေးက သိပ်ပြီးမထွန်းကားသေးဘူးပေါ့။ အဲ့လိုမထွန်းကားသေးတော့ လူငယ်တွေအနေနဲ့ ဆိုက်ဘာလုံခြံုရေးကို ပိုပြီးစိတ်ဝင်စားလာအောင်ပါ။ နောက်တစ်ခုက စိတ်ဝင်စားမှုရှိပြီးသား လူငယ်တွေကိုလည်း လမ်းမှားကိုမရောက်စေချင်တာပေါ့။ ဆိုက်ဘာလုံခြံုရေးနဲ့ ပတ်သက်ပြီး ကျွမ်းတဲ့လူငယ်တွေအနေနဲ့ Underground Hacking လောကထဲကို ရောက်သွားပြီး လမ်းမှန်ဘက်ကို မရောက်ဘဲ သူတပါးအကောင့်တွေ ဟတ်တာတွေဖြစ်တာမျိုးမဖြစ်အောင်၊ ပြည်သူလူထုတွေအနေနဲ့လည်း ဆိုက်ဘာလုံခြံုရေးကို Alert ဖြစ်အောင်လည်း ဖြစ်ပါတယ်။

ပြိုင်ပွဲမှာရော ဘယ်လိုခေါင်းစဉ်တွေနဲ့ ၀င်ပြိုင်ရမှာလဲခင်ဗျ။

ပြိုင်ရမယ့်ခေါင်းစဉ်ကတော့ ခြောက်ခုပါ။ Web Security, Reverse Engineering, Cryptography-Steganography, Pwn, Forensics, Miscellaneous စတဲ့ခေါင်းစဉ် (၆) ခုနဲ့ ပြိုင်ရမှာဖြစ်ပါတယ်။ ခေါင်းစဉ်တစ်ခုကို အမှတ်တစ်ထောင်နှုန်းနဲ့ ပြိုင်ပွဲဝင်သုံးယောက်က မေးခွန်းခေါင်းစဉ်ခြောက်ခု ခြောက်ထောင်ဖိုးကို ခွဲပြီးဖြေရမှာ ဖြစ်ပါတယ်။

ဆုကြေးတွေအနေနဲ့ကရော ဘယ်လိုချီးမြှင့်ပေးသွားမလဲဆိုတာ သိလို့ရမလားခင်ဗျ။

ဆုကြေးတွေကတော့ ပထမဆုဆယ်သိန်း၊ ဒုတိယဆုခုနစ်သိန်း၊ တတိယဆုငါးသိန်းဆိုပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

တခြားအစီအစဉ်ကော ထပ်လုပ်ပေးဖို့ ရှိပါသေးသလား။

ရှိပါတယ်။ အခုလုပ်မယ့်ဒီပွဲက ဆုရရှိတဲ့အဖွဲ့ကို ထိုင်းနိုင်ငံမှာ ပြုလုပ်ကျင်းပမယ့် Asian နိုင်ငံတွေအကုန်ပါမယ့် Cyber Sea Game မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ စေလွှတ်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက စင်ကာပူမှာ တစ်နှစ်မှတစ်ခါ ကျင်းပပြုလုပ်မယ့် Singapore Cyber Conquest ကိုလည်း စေလွှတ်ယှဉ်ပြိုင်စေမှာပါ။ အဲ့ဒီ Singapore Cyber
Conquest ကလည်း ကျောင်းသားတွေ သီးသန့်ပြိုင်ရတဲ့ ပြိုင်ပွဲပါ။

ပြိုင်ပွဲဝင်တွေအနေနဲ့ လျှောက်လွှာကို ဘယ်လိုတင်ရမှာလဲခင်ဗျ။

ကျွန်တော်တို့ဖွင့်ထားတဲ့ Website ဖြစ်တဲ့ www.mcf.org.mm မှာ တင်ပေးမှာပါ။ လျှောက်လွှာတွေကို ဒီဇင်ဘာတစ်ရက်နေ့ကနေစပြီး လက်ခံမှာဖြစ်ပါတယ်။ လျှောက်လွှာပိတ်ရက်က ၂၀၁၉ ဇန်နဝါရီလ ၁၅ ရက်ဖြစ်ပါတယ်။ ပြိုင်မယ့်အသင်းနှစ်ဆယ် (သို့) နေပြည်တော်မှာပြိုင်ဖို့ အရွေးခံရတဲ့ အသင်းနှစ်ဆယ်အတွက် တစ်သင်းတိုင်းကို ပြိုင်ပွဲကာလ ထောက်ပံ့ပေးဖို့နဲ့ တည်းခိုဖို့လည်း စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။