MWC 2019 ျပပြဲရဲ႕ အေကာင္းဆုံးထုတ္ကုန္မ်ား

[ Zawgyi ]

၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၅ ရက္ကေန ၂၈ ရက္အထိ ျပဳလုပ္ခဲ့တဲ့ MWC 2019 ပြဲမွာ 5G နည္းပညာကေန ေခါက္စမတ္ဖုန္းအထိ ဆန္းသစ္တီထြင္မႈ အမ်ိဳးမ်ိဳး ျပသခဲ့ပါတယ္။ Huawei ကလည္း ေခါက္စမတ္ ဖုန္းေဈးကြက္ထဲ ဝင္ေရာက္လာၿပီ ျဖစ္သလို Nokia ကလည္း ကမၻာ႔ ပထမဆုံးကင္မရာ ၅ လုံးပါ စမတ္ဖုန္းေတြကုိ ျပသခဲ့ပါတယ္။ Sony ကလည္း 21:9 aspect ratio နဲ႔ 4K HDR OLED စမတ္ဖုန္းကုိ ဖန္တီးခဲ့ပါတယ္။ Samsung အေနနဲ႔ Galaxy Fold ေခါက္စမတ္ဖုန္းကုိ အမ်ားျပည္သူေတြ႕ျမင္ေအာင္ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ Lenovo ကလည္း ခရီးသြားရင္ သယ္ေဆာင္သြား ႏိုင္တဲ့ ေမာ္နီတာနဲ႔ အေရာင္အေသြးလွပတဲ့ BlackBerry ထုတ္ကုန္ေတြကုိျပသခဲ့ပါတယ္။ ဒါ့အျပင္ TCL ကလည္း ထူးျခားတဲ့ ဆန္းသစ္တီထြင္မႈနဲ႔ အံ့အား
သင့္ေစခဲ့ၿပီး လန္ဒန္အေျခစိုက္ F(x)tecstarup ကလည္း ထူးျခားတဲ့ ထုတ္ကုန္စတ္ခုကို ျပသခဲ့ပါတယ္။

အဲဒီ ထုတ္ကုန္ေတြထဲကမွ ဒီႏွစ္ရဲ႕အေကာင္းဆုံးထုတ္ကုန္ေတြကုိ ေအာက္မွာေဖာ္ျပေပး လိုက္ပါတယ္။

Huawei Mate X

MWC 2019 မတိုင္မီမွာ Galaxy Fold ကို Unpacked ပြဲမွာ Samsung က မိတ္ဆက္တာ ေတြ႕ျမင္ခဲ့ရပါတယ္။ ဒါေပမဲ့ MWC 2019 ပြဲမွာေတာ့ Huawei က မိုဘုိင္းသမိုင္းေလာကအတြင္း က အႀကီးမားဆုံးတီထြင္ဆန္းသစ္ မႈထဲကတစ္ခုျဖစ္တဲ့ Huawei Mate X ကို ျပသခဲ့ပါတယ္။ Huawei Mate X ရဲ႕ဒီဇိုင္းပုိင္းက Samsung Galaxy Fold နဲ႔လုံးဝမတူညီသလို အနာဂတ္မွာ ထြက္ရွိလာမယ့္ ဖုန္းဒီဇိုင္းျဖစ္လာႏိုင္ပါ တယ္။

Samsung Galaxy Fold

Samsung ဟာ MWC မစတင္ခင္ကတည္းက Galaxy Fold ကို မိတ္ဆက္ခဲ့ၿပီး Huawei ကုိ အသာစီးရယူခဲ့ပါတယ္။ MWC ပြဲမွာ Samsung Galaxy Fold ကုိ အနီးကပ္ေလ့လာ ခဲ့ရပါတယ္။ Samsung ရဲ႕ေခါက္စမတ္ ဖုန္းဟာ အနာဂတ္မွာ အေရးပါလာပါတယ္။ ေဈးႏႈန္းကေဒၚလာ ၁,၉၈၀ ျဖစ္ေပမယ့္ ပြဲအတြင္းထင္ရွားတဲ့ ထုတ္ကုန္တစ္ခုျဖစ္ လာပါတယ္။

Nokia 9 PureView

Nokia ဟာ ဖုန္းတစ္လုံးမွာ ကင္မရာ ၅ လုံးပါဝင္တဲ့ ဖုန္းကုိပြဲမွာ ျပသခဲ့ပါတယ္။ အဲဒီဖုန္းက portrait ဓာတ္ပုံနဲ႔ despht sensing ကို ျပန္လည္ဆန္း သစ္ခဲ့ပါတယ္။ ဖုန္းအတြင္းက
ဓာတ္ပုံရဲ႕ အဓိကဧရိယာေတြ အေပၚက new focus ကိုျပသခဲ့ၿပီး လွပတဲ့ hardware နဲ႔အတူကင္မရာ ၅ လုံး ပါဝင္လာပါ ေသးတယ္။

Sony Xperia 1

Sony ဟာ လြန္ခဲ့တဲ့ႏွစ္ အနည္းငယ္ အတြင္းက ထုတ္ လုပ္ခဲ့တဲ့ ဒီဇိုင္းနဲ႔ကြဲထြက္တဲ့ ဒီဇိုင္းကို မိတ္ဆက္ခဲ့ပါတယ္။ Xperia 1 မွာ 21:9 4K HDR OLED display နဲ႔ ကင္မရာ ၃ လုံး ပါဝင္လာပါတယ္။ Sony Xperia 1 မွာ ကုမၸဏီရဲ႕ ေဖ်ာ္ေျဖေရးကေန တီဗီဌာနေတြအားလုံးက feature ေတြ ပါဝင္လာပါတယ္။

TCL Dragon Hinge

ေခါက္စမတ္ဖုန္းေတြမွာ ေပ်ာ႔ေျပာင္းတဲ့ display ေတြက အေရးပါတဲ့အတြက္ ဆန္းသစ္ တီထြင္မႈေတြကလည္း ပုံသ႑ာန္ မ်ားစြာရွိပါတယ္။ TCL ရဲ႕ Dragon Hinge concept သစ္ကေတာ့
အနာဂတ္ဖုန္း၊ tablet ေတြနဲ႔ နာရီေတြမွာ ေပ်ာ႔ေျပာင္းတဲ့ display ေတြနဲ႔ Dragon Hinge စနစ္ အသုံးျပဳထားပုံကို ေဖာ္ျပ ထားပါတယ္။ အခု conept ပုံစံေခါက္စမတ္ဖုန္းေတြဟာ ၂၀၂၀
ခုႏွစ္ေလာက္မွပဲ ထြက္ေပၚလာ ႏိုင္ပါတယ္။

Lenovo M14 Mobile Display

Lenovo M14 Mobile Display ဟာ ခရီးသြားလာတဲ့အခါ အလြယ္တကူ ယူေဆာင္သြားႏိုင္ ပါတယ္။ ၁၄ လက္မအရြယ္ Full HD display ဟာ တက္ႂကြတဲ့အသြင္ေဆာင္ၿပီး အလြန္
ပါးလႊာသလို အလြယ္တကူ သယ္ေဆာင္ႏိုင္ပါတယ္။ ေဈးႏႈန္းကေတာ့ ၂၄၉ ေဒၚလာပဲက်သင့္မွာျဖစ္ၿပီး ဝယ္ယူၿပီးတဲ့အခါမွာ လြယ္အိတ္ထဲကုိ အလြယ္တကူ ထည့္သြင္းႏိုင္ပါတယ္။

BlackBerry KEY2 Red Edition

BlackBerry ရဲ႕ KEY2 Red Edition ကေတာ့ keyboard ပါဝင္တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ MWC ျပပြဲမွာ BlackBerry ဟာ KEY2 Red Edition နဲ႔ပရိသတ္ ေတြကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။ BlackBerry KEY2 Red Edition ကို အကန္႔အသတ္နဲ႔ထုတ္လုပ္မွာ ျဖစ္ပါတယ္။ ပရိသတ္ေတြကလည္း အခုေမာ္ဒယ္ကို ပုိမိုသေဘာက်ေနၾကပါတယ္။

F(x)tec Pro 1

လန္ဒန္အေျခစုိက္ startup ကုမၸဏီျဖစ္တဲ့ F(x)tecဟာ Pro 1 စမတ္ဖုန္းကုိ MWC 2019 ပြဲမွာ ျပသခဲ့ပါတယ္။ F(x)tec Pro 1 မွာ keyboard ပါဝင္လာၿပီး Nokia N900 ေနရာကို ဆက္ခံ
လာတာျဖစ္ပါတယ္။ ဒါေပမဲ့ F(x)tec Pro 1 မွာပါဝင္တဲ့ keyboard မွာ ခလုတ္ ၅ တန္း ပါဝင္သလို ႀကီးမားတဲ့ ၆ လက္မ AOLED မ်က္ႏွာျပင္နဲ႔ အလြန္ေကာင္းမြန္တဲ့ spec ေတြ ပါဝင္လာပါတယ္။

စိုးထက္
Ref: TechnoBuffalo

[ Unicode ]

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်ခဲ့တဲ့ MWC 2019 ပွဲမှာ 5G နည်းပညာကနေ ခေါက်စမတ်ဖုန်းအထိ ဆန်းသစ်တီထွင်မှု အမျိုးမျိုး ပြသခဲ့ပါတယ်။ Huawei ကလည်း ခေါက်စမတ် ဖုန်းဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်သလို Nokia ကလည်း ကမ္ဘာ့ ပထမဆုံးကင်မရာ ၅ လုံးပါ စမတ်ဖုန်းတွေကို ပြသခဲ့ပါတယ်။ Sony ကလည်း 21:9 aspect ratio နဲ့ 4K HDR OLED စမတ်ဖုန်းကို ဖန်တီးခဲ့ပါတယ်။ Samsung အနေနဲ့ Galaxy Fold ခေါက်စမတ်ဖုန်းကို အများပြည်သူတွေ့မြင်အောင် ထုတ်ဖော်ပြသခဲ့ပါတယ်။ Lenovo ကလည်း ခရီးသွားရင် သယ်ဆောင်သွားနိုင်တဲ့ မော်နီတာနဲ့ အရောင်အသွေးလှပတဲ့ BlackBerry ထုတ်ကုန်တွေကိုပြသခဲ့ပါတယ်။ ဒါ့အပြင် TCL ကလည်း ထူးခြားတဲ့ ဆန်းသစ်တီထွင်မှုနဲ့ အံ့အားသင့်စေခဲ့ပြီး လန်ဒန်အခြေစိုက် F(x)tecstarup ကလည်း ထူးခြားတဲ့ ထုတ်ကုန်စတ်ခုကို ပြသခဲ့ပါတယ်။

အဲဒီ ထုတ်ကုန်တွေထဲကမှ ဒီနှစ်ရဲ့အကောင်းဆုံးထုတ်ကုန်တွေကို အောက်မှာဖော်ပြပေး လိုက်ပါတယ်။

Huawei Mate X

MWC 2019 မတိုင်မီမှာ Galaxy Fold ကို Unpacked ပွဲမှာ Samsung က မိတ်ဆက်တာ တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ MWC 2019 ပွဲမှာတော့ Huawei က မိုဘိုင်းသမိုင်းလောကအတွင်း က အကြီးမားဆုံးတီထွင်ဆန်းသစ် မှုထဲကတစ်ခုဖြစ်တဲ့ Huawei Mate X ကို ပြသခဲ့ပါတယ်။ Huawei Mate X ရဲ့ဒီဇိုင်းပိုင်းက Samsung Galaxy Fold နဲ့လုံးဝမတူညီသလို အနာဂတ်မှာ ထွက်ရှိလာမယ့် ဖုန်းဒီဇိုင်းဖြစ်လာနိုင်ပါ တယ်။

Samsung Galaxy Fold

Samsung ဟာ MWC မစတင်ခင်ကတည်းက Galaxy Fold ကို မိတ်ဆက်ခဲ့ပြီး Huawei ကို အသာစီးရယူခဲ့ပါတယ်။ MWC ပွဲမှာ Samsung Galaxy Fold ကို အနီးကပ်လေ့လာ ခဲ့ရပါတယ်။ Samsung ရဲ့ခေါက်စမတ် ဖုန်းဟာ အနာဂတ်မှာ အရေးပါလာပါတယ်။ ဈေးနှုန်းကဒေါ်လာ ၁,၉၈၀ ဖြစ်ပေမယ့် ပွဲအတွင်းထင်ရှားတဲ့ ထုတ်ကုန်တစ်ခုဖြစ် လာပါတယ်။

Nokia 9 PureView

Nokia ဟာ ဖုန်းတစ်လုံးမှာ ကင်မရာ ၅ လုံးပါဝင်တဲ့ ဖုန်းကိုပွဲမှာ ပြသခဲ့ပါတယ်။ အဲဒီဖုန်းက portrait ဓာတ်ပုံနဲ့ despht sensing ကို ပြန်လည်ဆန်း သစ်ခဲ့ပါတယ်။ ဖုန်းအတွင်းကဓာတ်ပုံရဲ့ အဓိကဧရိယာတွေ အပေါ်က new focus ကိုပြသခဲ့ပြီး လှပတဲ့ hardware နဲ့အတူကင်မရာ ၅ လုံး ပါဝင်လာပါ သေးတယ်။

Sony Xperia 1

Sony ဟာ လွန်ခဲ့တဲ့နှစ် အနည်းငယ် အတွင်းက ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းနဲ့ကွဲထွက်တဲ့ ဒီဇိုင်းကို မိတ်ဆက်ခဲ့ပါတယ်။ Xperia 1 မှာ 21:9 4K HDR OLED display နဲ့ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ Sony Xperia 1 မှာ ကုမ္ပဏီရဲ့ ဖျော်ဖြေရေးကနေ တီဗီဌာနတွေအားလုံးက feature တွေ ပါဝင်လာပါတယ်။

TCL Dragon Hinge

ခေါက်စမတ်ဖုန်းတွေမှာ ပျော့ပြောင်းတဲ့ display တွေက အရေးပါတဲ့အတွက် ဆန်းသစ် တီထွင်မှုတွေကလည်း ပုံသဏ္ဍာန် များစွာရှိပါတယ်။ TCL ရဲ့ Dragon Hinge concept သစ်ကတော့အနာဂတ်ဖုန်း၊ tablet တွေနဲ့ နာရီတွေမှာ ပျော့ပြောင်းတဲ့ display တွေနဲ့ Dragon Hinge စနစ် အသုံးပြုထားပုံကို ဖော်ပြ ထားပါတယ်။ အခု conept ပုံစံခေါက် စမတ်ဖုန်းတွေဟာ ၂၀၂၀ ခုနှစ်လောက်မှပဲ ထွက်ပေါ်လာ နိုင်ပါတယ်။

Lenovo M14 Mobile Display

Lenovo M14 Mobile Display ဟာ ခရီးသွားလာတဲ့အခါ အလွယ်တကူ ယူဆောင်သွားနိုင် ပါတယ်။ ၁၄ လက်မအရွယ် Full HD display ဟာ တက်ကြွတဲ့အသွင်ဆောင်ပြီး အလွန်ပါးလွှာသလို အလွယ်တကူ သယ်ဆောင်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ၂၄၉ ဒေါ်လာပဲကျသင့်မှာဖြစ်ပြီး ဝယ်ယူပြီးတဲ့အခါမှာ လွယ်အိတ်ထဲကို အလွယ်တကူ ထည့်သွင်းနိုင်ပါတယ်။

BlackBerry KEY2 Red Edition

BlackBerry ရဲ့ KEY2 Red Edition ကတော့ keyboard ပါဝင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ MWC ပြပွဲမှာ BlackBerry ဟာ KEY2 Red Edition နဲ့ပရိသတ် တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ BlackBerry KEY2 Red Edition ကို အကန့်အသတ်နဲ့ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အခုမော်ဒယ်ကို ပိုမိုသဘောကျနေကြပါတယ်။

F(x)tec Pro 1

လန်ဒန်အခြေစိုက် startup ကုမ္ပဏီဖြစ်တဲ့ F(x)tecဟာ Pro 1 စမတ်ဖုန်းကို MWC 2019 ပွဲမှာ ပြသခဲ့ပါတယ်။ F(x)tec Pro 1 မှာ keyboard ပါဝင်လာပြီး Nokia N900 နေရာကို ဆက်ခံလာတာဖြစ်ပါတယ်။ ဒါပေမဲ့ F(x)tec Pro 1 မှာပါဝင်တဲ့ keyboard မှာ ခလုတ် ၅ တန်း ပါဝင်သလို ကြီးမားတဲ့ ၆ လက်မ AOLED မျက်နှာပြင်နဲ့ အလွန်ကောင်းမွန်တဲ့ spec တွေ ပါဝင်လာပါတယ်။

Ref: TechnoBuffalo