MWC 2019 မှာ Snapdragon 855 ပါဝင်တဲ့ 5G စမတ်ဖုန်းကို LG မိတ်ဆက်မည်

[Zawgyi]



စိုးထက်
Ref: GSMArena

[Unicode]

LG ရဲ့မျိုးဆက်သစ် flagship ဖုန်းမှာ 5G ချိတ်ဆက်မှု မပါဝင်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့ LG ဟာ 5G ထောက်ပံ့မှုပါဝင်တဲ့ဟန်းဆက်ကို ဘာစီလိုနာမြို့မှာ ပြုလုပ်မယ့် MWC ပွဲမှာ သီးခြားမိတ်ဆက်မှာပါ။

5G ထောက်ပံ့မှုပါဝင်တဲ့ဖုန်းမှာ ကြေးနီနဲ့ဖန်တီးထားတဲ့ vapor chamber တစ်ခု ပါဝင်လာမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ 5G စမတ်ဖုန်းမှာပါဝင်တဲ့ vapor chamber ဟာ LG V40 ThinQ ထက် အရွယ် ၂.၇ ဆ ပိုမိုကြီးမားသလို စမတ်ဖုန်းကို အပူချိန်မလွန်ကဲအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ 5G ထောက်ပံ့မှုပါဝင်တဲ့ LG စမတ်ဖုန်းရဲ့ cooling စနစ်ဟာ တိုးတက်လာသလို Snapdragon 855 SoC ကိုလည်း အသုံးပြုထားပါတယ်။
5G ထောက်ပံ့မှုပါဝင်တဲ့ဖုန်းမှာ ဘက်ထရီ 4,000 mAh ပါဝင်လာတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena