MWC 2019 ပြဲမွာ 5G ေခါက္စမတ္ဖုန္းကုိ Huawei မိတ္ဆက္ႏိုင္

[ Zawgyi ]

Huawei ဟာ ကုိရီးယားဆက္သြယ္ေရးကုမၸဏီေတြအတြက္ 5G ေခါက္စမတ္ဖုန္း ေရွ႕ေျပးပုံစံကုိ သီးသန္႔သ႐ုပ္ျပသမႈ ျပဳလုပ္ခဲ့တယ္လုိ႔ ETNews ကေဖာ္ျပခဲ့ပါတယ္။ Huawei ဟာ မ်ိဳးဆက္သစ္ ကြန္ရက္ေထာက္ပံ့မႈ ပါဝင္တဲ့ မ်က္ႏွာျပင္ေပ်ာ႔ေပ်ာင္းတဲ့ ထုတ္ကုန္ကုိ လုပ္ကုိင္ေနတယ္လို႔ ကုိရီးယားအစိုးရ အႀကီးတန္းအရာရွိက အတည္ျပဳခဲ့ပါတယ္။ အဲဒီ ေခါက္စမတ္ဖုန္းကို MWC 2019 ျပပြဲမွာ မိတ္ဆက္ဖို႔ Huawei စီစဥ္ထားတယ္လို႔ ETNews ကေဖာ္ျပခဲ့ပါတယ္။

Huawei ဟာ အဲဒီထုတ္ကုန္အတြက္ အဆင္သင့္ျဖစ္ေနၿပီလုိ႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ Huawei ရဲ႕ 5G ေခါက္စမတ္ဖုန္းကို ျဖန္႔လိုက္ရင္ မ်က္ႏွာျပင္ ၈ လက္မ ထုတ္ကုန္ျဖစ္သြားၿပီး ျပန္ေခါက္ထားလိုက္ရင္ မ်က္ႏွာျပင္အရြယ္အစားက ၅ လက္မပဲ ရွိပါတယ္။ Huawei ရဲ႕ေခါက္စမတ္ဖုန္းဟာ Samsung ေရွ႕ေျပးပုံစံ ေခါက္စမတ္ဖုန္းထက္ အနည္းငယ္ပဲ ႀကီးမားပါတယ္။ Huawei ရဲ႕ 5G ေခါက္စမတ္ဖုန္း screen ကို BOE က ထုတ္လုပ္ေပးထားပါတယ္။

Huawei အေနနဲ႔ ဆက္သြယ္ေရးကုမၸဏီ ကုိယ္စားလွယ္ေတြနဲ႔ အစိုးရအာဏာပုိင္ေတြကို ေခါက္စမတ္ဖုန္း စိတ္ကူးရည္မွန္းခ်က္ကုိ ျပသခဲ့ပါတယ္။ ဒါေပမဲ့လည္း Huawei ရဲ႕ 5G ေခါက္စမတ္ဖုန္းကုိ ကုိရီးယားမွာ ေရာင္းခ်ဖြယ္ ရွိ၊ မရွိဆိုတာ အတည္မျပဳႏိုင္ေသးပါဘူး။

Huawei ရဲ႕ 5G စမတ္ဖုန္းဟာ မ်ိဳးဆက္သစ္ကြန္ရက္ျမန္ႏႈန္းေတြကို စမ္းသပ္ေနပါတယ္။ 5G စမတ္ဖုန္းကို စီးပြားျဖစ္စတင္ အေကာင္အထည္ေဖာ္ခ်ိန္မွာ 5G ေခါက္စမတ္ဖုန္းကုိ Huawei က မိတ္ဆက္လာႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei ဟာ ကိုရီးယားဆက်သွယ်ရေးကုမ္ပဏီတွေအတွက် 5G ခေါက်စမတ်ဖုန်း ရှေ့ပြေးပုံစံကို သီးသန့်သရုပ်ပြသမှု ပြုလုပ်ခဲ့တယ်လို့ ETNews ကဖော်ပြခဲ့ပါတယ်။ Huawei ဟာ မျိုးဆက်သစ် ကွန်ရက်ထောက်ပံ့မှု ပါဝင်တဲ့ မျက်နှာပြင်ပျော့ပျောင်းတဲ့ ထုတ်ကုန်ကို လုပ်ကိုင်နေတယ်လို့ ကိုရီးယားအစိုးရ အကြီးတန်းအရာရှိက အတည်ပြုခဲ့ပါတယ်။ အဲဒီ ခေါက်စမတ်ဖုန်းကို MWC 2019 ပြပွဲမှာ မိတ်ဆက်ဖို့ Huawei စီစဉ်ထားတယ်လို့ ETNews ကဖော်ပြခဲ့ပါတယ်။

Huawei ဟာ အဲဒီထုတ်ကုန်အတွက် အဆင်သင့်ဖြစ်နေပြီလို့ သတင်းမှာ ဖော်ပြထားပါတယ်။ Huawei ရဲ့ 5G ခေါက်စမတ်ဖုန်းကို ဖြန့်လိုက်ရင် မျက်နှာပြင် ၈ လက်မ ထုတ်ကုန်ဖြစ်သွားပြီး ပြန်ခေါက်ထားလိုက်ရင် မျက်နှာပြင်အရွယ်အစားက ၅ လက်မပဲ ရှိပါတယ်။ Huawei ရဲ့ခေါက်စမတ်ဖုန်းဟာ Samsung ရှေ့ပြေးပုံစံ ခေါက်စမတ်ဖုန်းထက် အနည်းငယ်ပဲ ကြီးမားပါတယ်။ Huawei ရဲ့ 5G ခေါက်စမတ်ဖုန်း screen ကို BOE က ထုတ်လုပ်ပေးထားပါတယ်။

Huawei အနေနဲ့ ဆက်သွယ်ရေးကုမ္ပဏီ ကိုယ်စားလှယ်တွေနဲ့ အစိုးရအာဏာပိုင်တွေကို ခေါက်စမတ်ဖုန်း စိတ်ကူးရည်မှန်းချက်ကို ပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း Huawei ရဲ့ 5G ခေါက်စမတ်ဖုန်းကို ကိုရီးယားမှာ ရောင်းချဖွယ် ရှိ၊ မရှိဆိုတာ အတည်မပြုနိုင်သေးပါဘူး။

Huawei ရဲ့ 5G စမတ်ဖုန်းဟာ မျိုးဆက်သစ်ကွန်ရက်မြန်နှုန်းတွေကို စမ်းသပ်နေပါတယ်။ 5G စမတ်ဖုန်းကို စီးပွားဖြစ်စတင် အကောင်အထည်ဖော်ချိန်မှာ 5G ခေါက်စမတ်ဖုန်းကို Huawei က မိတ်ဆက်လာနိုင်ပါတယ်။

Ref: GSMArena