Music and Art Scholarships ခေါင်းစဉ်ဖြင့် ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

Dulwich College Yangon မှ Music and Art Scholarships ခေါင်းစဉ်နဲ့ ပညာရေးဆွေးနွေးပွဲကို မတ် ၃၁ ရက်၊ နေ့လယ် ၁ နာရီ Sule Shangri-La Hotel မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲအတွင်း Dulwich College Yangon ရဲ့ Founders’ Bursary ပညာသင်ဆုငွေမှာ ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းစီ၏ နှစ်စဉ်ကျောင်းလခမှ အမေရိကန်ဒေါ်လာ ၅,၀၀၀ လျှော့ချပေးခြင်းကို ကျောင်း သား၊ ကျောင်းသူအသစ်တွေရဲ့ မိဘအုပ်ထိန်းသူများအားလုံးအတွက် ချီးမြှင့်မယ့် အကြောင်းကို ဆွေးနွေး သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းပညာရပ်၊ အားကစား၊ တေးဂီတနဲ့ အနုပညာရပ်တွေမှာ ပါရမီထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများ (မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြားရှိ) အတွက် ပညာသင်ဆုတွေ ချီးမြှင့်ပေးမယ့် အကြောင်းတွေကိုလည်း ရှင်းလင်းဟောပြောသွားမှာ ဖြစ်ပါတယ်။

ပညာသင်ဆုတွေကို လျှောက်ထားမှုပုံစံတွေနဲ့ မိဘအုပ်ထိန်းသူတွေအတွက် ငွေကြေးပံ့ပိုးပေးမှုကို ရှင်းပြ ပေးမှာဖြစ်ကြောင်း၊ တက်ရောက်လိုသူတွေအနေနဲ့ ကြိုတင်စာရင်းပေးသွင်း မှာဖြစ်ပြီး အသေးစိတ်ကို ဖုန်း ၀၉-၉၆၆၄၂၃၀၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ