MSI PS63 Modern

[ Zawg ]

တန္ဖိုး – ကန္ေဒၚလာ ၁၄၉၉

အားသာခ်က္

ထူးျခားၿပီး ဆြဲေဆာင္မႈရွိလွတဲ့ အျပာနဲ႔မီးခိုးေရာင္ တြဲဖက္ဒီဇုိင္းနဲ႔ ထုတ္လုပ္ထားသလို ပါးလႊာၿပီး ေပါ့ပါးမႈလည္း ရွိပါတယ္။ ကီးဘုတ္စနစ္လည္းေကာင္းမြန္သလုိ overall စြမ္းေဆာင္ရည္ပိုင္းလည္း ျပည့္ဝမႈရွိတာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။ ေနာက္ထပ္ အားသြင္း charger ကလည္း compact ျဖစ္တာက သေဘာက်စရာပါ။

အားနည္းခ်က္

1080p အရည္အေသြး Display က ကာလာ႐ုပ္ထြက္ပိုင္း ေကာင္းမြန္ေပမယ့္ ၾကည့္ရတာ အနည္းငယ္ မွိန္တယ္လို႔ ခံစားရပါတယ္။ Thunderbolt 3 ေပါက္ေတာ့မပါဝင္ပါဘူး။

သုံးသပ္ခ်က္

MSI PS63 Modem က ပုံမွန္ Portable Laptop တစ္လုံးထက္ပိုတဲ့ ဂရပ္ဖစ္စြမ္းေဆာင္ရည္ေတြကို ပိုင္ဆုိင္ထားသလို ေပါ့ပါးပါးလႊာမႈ၊ ဒီဇုိင္းပိုင္းလွပမႈ၊ ျမင့္မားတဲ့စြမ္းေဆာင္ရည္၊ ကီးဘုတ္စနစ္ေကာင္းမြန္မႈစတဲ့ မ်ားစြာရွိတဲ့ Laptop တစ္လုံးျဖစ္ေပမယ့္ 1080p Display က အနည္းငယ္မွိန္တာနဲ႔ ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ပုံမွန္ပရီမီယံ Laptop တစ္လုံး အသုံးျပဳႏုိင္တဲ့ ၾကာခ်ိန္ထက္ မပိုတာေတြက တျခားၿပိဳင္ဘက္ Laptop ေတြနဲ႔ ႏိႈင္းယွဥ္ ရင္ စဥ္းစားေရြးခ်ယ္သင့္တဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။ ဂိမ္း Laptop တစ္လုံးမဟုတ္ေပမယ့္ ျမင့္မားတဲ့ဂရပ္ဖစ္နဲ႔ စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္တာက ဒီ Laptop ရဲ႕ သေဘာက်စရာ အခ်က္ေတြပဲ ျဖစ္ပါတယ္။ မိမိအေနနဲ႔ Core i7 CPU နဲ႔ Nvidia GTX 1050 Ti ဂရပ္စနစ္ေတြ ေထာက္ပံ့ပါဝင္တဲ့ Overall စြမ္း ေဆာင္ရည္ပိုင္း ေကာင္းမြန္တဲ့ ပရီမီယံဒီဇိုင္း အမ်ဳိးအစား Portable Laptop တစ္လုံးကို ဝယ္ယူမယ္ဆိုရင္ေတာ့ ေရြးခ်ယ္သင့္တဲ့ Laptop တစ္လုံးပဲ ျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ေပးႏိုင္တဲ့ အမ်ဳိးအစားျဖစ္ပါတယ္။ Intel Core i7-8565U Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Nvidia GeForce GTX 1050 Ti (4GB) ေထာက္ပံ့ ပါဝင္ပါတယ္။ RAM 16 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 512 GB M.2 SATA SSD ကို အသုံးျပဳ ထားပါတယ္။ 720p အမ်ဳိးအစား Webcam ကေတာ့ ဓာတ္ပုံေတြကို အရည္အေသြးေကာင္း ေကာင္းနဲ႔ ႐ိုက္ကူးႏုိင္ပါ တယ္။ ၅.၅ x ၂.၅ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈ ေကာင္းမြန္ၿပီး က်ယ္၀န္းမႈရွိသလို Touchpad ရဲ႕ ေဘးေဘာင္ပတ္လည္က အျပာေရာင္အလင္းနဲ႔ ကြတ္ထားတာနဲ႔ Gesture ခလုတ္တစ္ခု ပါ၀င္ပါတယ္။ Intel Wireless-AC 9560၊ Bluetotoh 5.0 စနစ္ေတြ ေထာက္ပံ့ပါ၀င္ၿပီး USB 3.1 ေပါက္၊ microSD ကတ္ေပါက္၊ Type-C ေပါက္၊ HDMI ေပါက္နဲ႔ USB 2.0 ေပါက္ေတြပါ၀င္ပါတယ္။ ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၃၇ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၆ ကီလိုဂရမ္ (၃.၆ ေပါင္) ရွိမွာျဖစ္ပါတယ္။

– ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၄၉၉

အားသာချက်

ထူးခြားပြီး ဆွဲဆောင်မှုရှိလှတဲ့ အပြာနဲ့မီးခိုးရောင် တွဲဖက်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားသလို ပါးလွှာပြီး ပေါ့ပါးမှုလည်း ရှိပါတယ်။ ကီးဘုတ်စနစ်လည်းကောင်းမွန်သလို overall စွမ်းဆောင်ရည်ပိုင်းလည်း ပြည့်ဝမှုရှိတာတွေက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ နောက်ထပ် အားသွင်း charger ကလည်း compact ဖြစ်တာက သဘောကျစရာပါ။

အားနည်းချက်

1080p အရည်အသွေး Display က ကာလာရုပ်ထွက်ပိုင်း ကောင်းမွန်ပေမယ့် ကြည့်ရတာ အနည်းငယ် မှိန်တယ်လို့ ခံစားရပါတယ်။ Thunderbolt 3 ပေါက်တော့မပါဝင်ပါဘူး။

သုံးသပ်ချက်

MSI PS63 Modem က ပုံမှန် Portable Laptop တစ်လုံးထက်ပိုတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားသလို ပေါ့ပါးပါးလွှာမှု၊ ဒီဇိုင်းပိုင်းလှပမှု၊ မြင့်မားတဲ့စွမ်းဆောင်ရည်၊ ကီးဘုတ်စနစ်ကောင်းမွန်မှုစတဲ့ များစွာရှိတဲ့ Laptop တစ်လုံးဖြစ်ပေမယ့် 1080p Display က အနည်းငယ်မှိန်တာနဲ့ ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ပရီမီယံ Laptop တစ်လုံး အသုံးပြုနိုင်တဲ့ ကြာချိန်ထက် မပိုတာတွေက တခြားပြိုင်ဘက် Laptop တွေနဲ့ နှိုင်းယှဉ် ရင် စဉ်းစားရွေးချယ်သင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဂိမ်း Laptop တစ်လုံးမဟုတ်ပေမယ့် မြင့်မားတဲ့ဂရပ်ဖစ်နဲ့ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်တာက ဒီ Laptop ရဲ့ သဘောကျစရာ အချက်တွေပဲ ဖြစ်ပါတယ်။ မိမိအနေနဲ့ Core i7 CPU နဲ့ Nvidia GTX 1050 Ti ဂရပ်စနစ်တွေ ထောက်ပံ့ပါဝင်တဲ့ Overall စွမ်း ဆောင်ရည်ပိုင်း ကောင်းမွန်တဲ့ ပရီမီယံဒီဇိုင်း အမျိုးအစား Portable Laptop တစ်လုံးကို ဝယ်ယူမယ်ဆိုရင်တော့ ရွေးချယ်သင့်တဲ့ Laptop တစ်လုံးပဲ ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Intel Core i7-8565U Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce GTX 1050 Ti (4GB) ထောက်ပံ့ ပါ၀င်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB M.2 SATA SSD ကို အသုံးပြု ထားပါတယ်။ 720p အမျိုးအစား Webcam ကတော့ ဓာတ်ပုံတွေကို အရည်အသွေးကောင်း ကောင်းနဲ့ ရိုက်ကူးနိုင်ပါ တယ်။ ၅.၅ x ၂.၅ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်ပြီး ကျယ်ဝန်းမှုရှိသလို Touchpad ရဲ့ ဘေးဘောင်ပတ်လည်က အပြာရောင်အလင်းနဲ့ ကွတ်ထားတာနဲ့ Gesture ခလုတ်တစ်ခု ပါ၀င်ပါတယ်။ Intel Wireless-AC 9560၊ Bluetotoh 5.0 စနစ်တွေ ထောက်ပံ့ပါ၀င်ပြီး USB 3.1 ပေါက်၊ microSD ကတ်ပေါက်၊ Type-C ပေါက်၊ HDMI ပေါက်နဲ့ USB 2.0 ပေါက်တွေပါ၀င်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၃၇ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၆ ကီလိုဂရမ် (၃.၆ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com