MSI GS75 Stealth

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၂၀၉၉

အားသာခ်က္

ပါးလႊာၿပီး ဆြဲေဆာင္မႈရွိလွတဲ့ ဒီဇုိင္းနဲ႔ထုတ္လုပ္ထားသလို အ ေရာင္အေသြးစိုေျပေကာင္းမြန္လွတဲ့ Display ကလည္း သေဘာက် စရာပါ။ SSD အတြက္ Slot သုံးခုထည့္သြင္းေပးထားတာ ကမိမိစိတ္ႀကိဳက္ သိုေလွာင္မႈပိုင္းအလြယ္တကူ ထပ္မံတိုးျမႇင့္အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အသံထြက္ပိုင္း ေကာင္း မြန္သလို ျပည့္ဝတဲ့ စြမ္းေဆာင္ ရည္နဲ႔ အထူး ေကာင္းမြန္လွတဲ့ ဂရပ္ဖစ္ စနစ္ေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲျဖစ္ပါတယ္။

အားနည္းခ်က္

ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈက ေတာ့ ပုံမွန္ထက္ နည္းတယ္လို႔ ဆိုရမွာပါ။ ေနာက္တစ္ခုက အခ်ိန္ ၾကာၾကာအသုံးျပဳမႈအတြက္ Laptop ကိုယ္ထည္ ပူေႏြးလာတာ ေတြက ဒီ Laptop ရဲ႕ အားနည္းခ်က္ပါ။

သုံးသပ္ခ်က္

MSI GS75 Stealth က စြမ္းေဆာင္ရည္ျပည့္ဝတဲ့ RTX ဂရပ္ဖစ္စနစ္၊ ႐ုပ္ထြက္ကာ လာပိုင္းေကာင္းမြန္တဲ့ Display ၊ ေကာင္းမြန္တဲ့ အသံထြက္နဲ႔ ဆြဲ ေဆာင္မႈရွိတဲ့ ကိုယ္ထည္ဒီဇုိင္း ေတြရွိတဲ့ Laptop တစ္လုံးပါ။ ဂိမ္း ကစားတာႏွစ္သက္သူေတြအ ႀကိဳက္ျဖစ္မယ့္ စြမ္းေဆာင္ရည္ အားလုံးကို ပုိင္ဆုိင္ထားတဲ့ ဒီ Laptop က ဘက္ထရီပိုင္းအနည္းငယ္ ပိုေကာင္းဖုိ႔ လိုအပ္တာနဲ႔ ဂိမ္း ကစားတဲ့အခ်ိန္မွာ laptop ကိုယ္ ထည္ပူေႏြးမႈမရွိရင္ေတာ့ ပို ေကာင္းမယ္လို႔ သုံးသပ္ရမွာပါ။ ဒါေပမယ့္ တစ္ျခားဂိမ္း Laptop ေတြလိုမ်ဳိးမဟုတ္တဲ့ ပါးလႊာတဲ့ ဒီဇုိင္းရွိၿပီး ေပါ့ပါးမႈရွိတဲ့ ပရီမီယံ အမ်ဳိးအစား ဂိမ္း Laptop ကိုမွ သုံးခ်င္သူေတြအတြက္ကေတာ့ ဒီ Laptop က ေရြးစရာတစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၇.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ေပးႏိုင္တဲ့ အမ်ဳိးအစားျဖစ္ပါ တယ္။ Intel Core i7-8750H Processor ကို အသုံးျပဳ ထားၿပီး ဂရပ္ဖစ္အေနနဲ႔ Nvidia GeForce RTX 2080 Max-Q GPU (8GB) ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 32 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 512 GB NVMe SSD ကို အသုံးျပဳထားပါတယ္။ Webcam ကေတာ့ ကာလာ႐ုပ္ထြက္ပိုင္းေကာင္းမြန္မႈရွိၿပီး ၅.၄x၂.၅ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈ ေကာင္းမြန္ပါတယ္။ WiFi 802.11 b/g/n/ac၊ Bluetotoh 5.0 စနစ္ေတြ ေထာက္ပံ့ပါ၀င္ၿပီး Type-C ေပါက္၊ လက္ေဗြလုံၿခဳံေရးစနစ္၊ USB 3.1 ေပါက္၊ HDMI ေပါက္၊ Thunderbolt 3 ေပါက္၊ microSD ေပါက္၊ မိုက္ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ ထရီနဲ႔ ၂ နာရီနဲ႔ ၂၉ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါ တယ္။ အေလးခ်ိန္ကေတာ့ ၂.၂၅ ကီလိုဂရမ္ (၅ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၂၀၉၉

အားသာချက်

ပါးလွှာပြီး ဆွဲဆောင်မှုရှိလှတဲ့ ဒီဇိုင်းနဲ့ထုတ်လုပ်ထားသလို အ ရောင်အသွေးစိုပြေကောင်းမွန်လှတဲ့ Display ကလည်း သဘောကျ စရာပါ။ SSD အတွက် Slot သုံးခုထည့်သွင်းပေးထားတာ ကမိမိစိတ်ကြိုက် သိုလှောင်မှုပိုင်းအလွယ်တကူ ထပ်မံတိုးမြှင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အသံထွက်ပိုင်း ကောင်း မွန်သလို ပြည့်ဝတဲ့ စွမ်းဆောင် ရည်နဲ့ အထူး ကောင်းမွန်လှတဲ့ ဂရပ်ဖစ် စနစ်တွေက ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက တော့ ပုံမှန်ထက် နည်းတယ်လို့ ဆိုရမှာပါ။ နောက်တစ်ခုက အချိန် ကြာကြာအသုံးပြုမှုအတွက် Laptop ကိုယ်ထည် ပူနွေးလာတာ တွေက ဒီ Laptop ရဲ့ အားနည်းချက်ပါ။

သုံးသပ်ချက်

MSI GS75 Stealth က စွမ်းဆောင်ရည်ပြည့်ဝတဲ့ RTX ဂရပ်ဖစ်စနစ်၊ ရုပ်ထွက်ကာ လာပိုင်းကောင်းမွန်တဲ့ Display ၊ ကောင်းမွန်တဲ့ အသံထွက်နဲ့ ဆွဲ ဆောင်မှုရှိတဲ့ ကိုယ်ထည်ဒီဇိုင်း တွေရှိတဲ့ Laptop တစ်လုံးပါ။ ဂိမ်း ကစားတာနှစ်သက်သူတွေအ ကြိုက်ဖြစ်မယ့် စွမ်းဆောင်ရည် အားလုံးကို ပိုင်ဆိုင်ထားတဲ့ ဒီ Laptop က ဘက်ထရီပိုင်းအနည်းငယ် ပိုကောင်းဖို့ လိုအပ်တာနဲ့ ဂိမ်း ကစားတဲ့အချိန်မှာ laptop ကိုယ် ထည်ပူနွေးမှုမရှိရင်တော့ ပို ကောင်းမယ်လို့ သုံးသပ်ရမှာပါ။ ဒါပေမယ့် တစ်ခြားဂိမ်း Laptop တွေလိုမျိုးမဟုတ်တဲ့ ပါးလွှာတဲ့ ဒီဇိုင်းရှိပြီး ပေါ့ပါးမှုရှိတဲ့ ပရီမီယံ အမျိုးအစား ဂိမ်း Laptop ကိုမှ သုံးချင်သူတွေအတွက်ကတော့ ဒီ Laptop က ရွေးစရာတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၇.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါ တယ်။ Intel Core i7-8750H Processor ကို အသုံးပြု ထားပြီး ဂရပ်ဖစ်အနေနဲ့ Nvidia GeForce RTX 2080 Max-Q GPU (8GB) ထောက်ပံ့ပါ၀င်ပါတယ်။ RAM 32 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512 GB NVMe SSD ကို အသုံးပြုထားပါတယ်။ Webcam ကတော့ ကာလာရုပ်ထွက်ပိုင်းကောင်းမွန်မှုရှိပြီး ၅.၄x၂.၅ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်ပါတယ်။ WiFi 802.11 b/g/n/ac၊ Bluetotoh 5.0 စနစ်တွေ ထောက်ပံ့ပါ၀င်ပြီး Type-C ပေါက်၊ လက်ဗွေလုံခြုံရေးစနစ်၊ USB 3.1 ပေါက်၊ HDMI ပေါက်၊ Thunderbolt 3 ပေါက်၊ microSD ပေါက်၊ မိုက်ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက် ထရီနဲ့ ၂ နာရီနဲ့ ၂၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ အလေးချိန်ကတော့ ၂.၂၅ ကီလိုဂရမ် (၅ ပေါင်) ရှိမှာဖြစ်ပါတယ်။Ref: www.laptopmag.com