Motorola ရဲ႕ေခါက္စမတ္ဖုန္း Razr ဖုန္းမွာ Snapdragon 710 ပါဝင္လာႏိုင္

[ Zawgyi ]

Motorola အေနနဲ႔ Razr စမတ္ဖုန္းဟာ ေက်ာ္ၾကားခဲ့ဖူးတဲ့ ဒီဇိုင္းကုိ အသုံးျပဳထားေပမယ့္ screen ကုိ အထဲဘက္ကုိေခါက္ႏိုင္ေအာင္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Motorola Razr 2019 ေခါက္စမတ္ဖုန္းမွာ Snapdragon 710 chipset ကုိ RAM 4/6GB နဲ႔ storage 64/128GB ေထာက္ပံ့ေပးထားတယ္လို႔ သတင္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။

ဖုန္းရဲ႕အေလးခ်ိန္ကေတာ့ အလြန္ေပါ့ပါးၿပီး ဘက္ထရီက 2,730 mAh ျဖစ္ပါတယ္။ အဓိက ေခါက္ႏိုင္တဲ့ screen ကေတာ့ ၆.၂ လက္မ panel နဲ႔ ႐ုပ္ထြက္အရည္အေသြး 876x 2142 ျဖစ္ၿပီး အျပင္ဘက္ screen ကေတာ့ 600x 800 ႐ုပ္ထြက္အရည္အေသြးရွိပါတယ္။

ဖုန္းကုိ အနက္၊ အျဖဴ၊ ေရႊေရာင္တုိ႔နဲ႔ ထုတ္လုပ္သြားမွာ ျဖစ္ၿပီး လွ်ိဳ႕ဝွက္အမည္ကေတာ့ Voyager ျဖစ္ပါတယ္။ ေကာလာဟလသတင္းေတြအရ Motorola Razr 2019 ကို ေဒၚလာ ၁,၅၀၀ ဝန္းက်င္နဲ႔ ေရာင္းခ်ဖြယ္ရွိပါတယ္။ ဒါေၾကာင့္ Motorola Razr ဟာ Samsung ရဲ႕ Galaxy Fold ဒါမွမဟုတ္ Huawei ရဲ႕ Mate X တို႔ထက္ ေဈးသက္သာတဲ့ေခါက္စမတ္ဖုန္း ျဖစ္လာႏိုင္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Motorola အနေနဲ့ Razr စမတ်ဖုန်းဟာ ကျော်ကြားခဲ့ဖူးတဲ့ ဒီဇိုင်းကို အသုံးပြုထားပေမယ့် screen ကို အထဲဘက်ကိုခေါက်နိုင်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Motorola Razr 2019 ခေါက်စမတ်ဖုန်းမှာ Snapdragon 710 chipset ကို RAM 4/6GB နဲ့ storage 64/128GB ထောက်ပံ့ပေးထားတယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ဖုန်းရဲ့အလေးချိန်ကတော့ အလွန်ပေါ့ပါးပြီး ဘက်ထရီက 2,730 mAh ဖြစ်ပါတယ်။ အဓိက ခေါက်နိုင်တဲ့ screen ကတော့ ၆.၂ လက်မ panel နဲ့ ရုပ်ထွက်အရည်အသွေး 876x 2142 ဖြစ်ပြီး အပြင်ဘက် screen ကတော့ 600x 800 ရုပ်ထွက်အရည်အသွေးရှိပါတယ်။

ဖုန်းကို အနက်၊ အဖြူ၊ ရွှေရောင်တို့နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပြီး လျှို့ဝှက်အမည်ကတော့ Voyager ဖြစ်ပါတယ်။ ကောလာဟလသတင်းတွေအရ Motorola Razr 2019 ကို ဒေါ်လာ ၁,၅၀၀ ဝန်းကျင်နဲ့ ရောင်းချဖွယ်ရှိပါတယ်။ ဒါကြောင့် Motorola Razr ဟာ Samsung ရဲ့ Galaxy Fold ဒါမှမဟုတ် Huawei ရဲ့ Mate X တို့ထက် ဈေးသက်သာတဲ့ခေါက်စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

Ref: GSMArena