Moto G7 စမတ္ဖုန္းကုိ Motorola တရားဝင္မိတ္ဆက္

[ Zawgyi ]

Motorola ဟာ Moto G7 စီးရီးစမတ္ဖုန္းေတြကုိ ထုတ္ေဖာ္ျပသလိုက္ပါၿပီ။ Moto G7 Plus ဟာ အဆင့္ျမင့္ဖုန္းျဖစ္ၿပီး Moto G7 ကေတာ့ လုံးဝန္းတဲ့ဒီဇိုင္းျဖစ္ပါတယ္။ Moto G7 Power ဖုန္းကေတာ့ ဘက္ထရီသက္တမ္း တာရွည္ၿပီး Moto G7 Play ကေတာ့ ေဈးႏႈန္းသက္သာတဲ့ ဖုန္းျဖစ္ပါတယ္။

Moto G7 ဟာဖုန္း ၄ မ်ိဳးအတြက္ ေႀကာ္ျငာတစ္ခုစီကုိ ျဖန္႔ခ်ိခဲ့ပါတယ္။

Moto G7 စမတ္ဖုန္းေတြရဲ႕ spec ေတြရဲ႕ အေျခခံျဖစ္တဲ့ ေဘးေဘာင္ေသးသြယ္တာ၊ Android Pie နဲ႔ headphone jacke နဲ႔ external storage 256GB အထိ အသုံးျပဳႏိုင္တာ တူညီၾကပါတယ္။ Moto G7 Plus မွာ စြမ္းေဆာင္ရည္ျမင့္ ပ႐ိုဆက္ဆာနဲ႔ အဆင့္ျမႇင့္ကင္မရာ ပါဝင္လာပါတယ္။

Moto G7

Moto G7 မွာ ၆.၂ လက္မ FHD+ display နဲ႔ teardrop notch နဲ႔ 19:9 aspect ratio ပါဝင္လာၿပီး ႐ုပ္ထြက္အရည္အေသြး 2,270x 1080 pixels ျဖစ္ပါတယ္။ Snapdragon 632 ကို RAM 4GB နဲ႔ storage 64GB နဲ႔တြဲဖက္ထားပါတယ္။

ဖုန္းရဲ႕ notch အေသးစားမွာ 8-megapixel selfie ကင္မရာ အသုံးျပဳထားၿပီး အလင္းအားနည္းခ်ိန္မွာ ဓာတ္ပုံ႐ိုက္ကူးဖို႔ screen အေျချပဳ flash ပါဝင္လာပါတယ္။ ေက်ာဘက္မွာ အဓိက sensor ကေတာ့ 12-megapixel f/1.8 နဲ႔ portrait mode အတြက္ ဒုတိယကင္မရာကေတာ့ 5-megapixel depth sensor ပါဝင္လာပါတယ္။

ဘက္ထရီကေတာ့ 3,000mAh ျဖစ္ၿပီး အနက္နဲ႔ အျဖဴဆိုၿပီး ၂ မ်ိဳးထုတ္လုပ္ထားပါတယ္။

Moto G7 Power

Moto G7 Power မွာေတာ့ ၆.၂ လက္မအရြယ္ မ်က္ႏွာျပင္မွာ ႐ုပ္ထြက္အရည္အေသြး 1,570x 720 pixel HD+ display ျဖစ္ပါတယ္။ ဒီဖုန္းမွာေတာ့ ဖုန္းမွာေတာ့ teardrop notch အနည္းငယ္ႀကီးပါတယ္။

G7 Power မွာေတာ့ ဘက္ထရီႀကီးမားၿပီး 5,000mAh အထိပါဝင္ကာ ၃ ရက္အထိ အသုံးျပဳႏိုင္ပါတယ္။ G7 Pwer မွာ RAM 3GB နဲ႔ storage 32GB အသုံးျပဳထားပါတယ္။

ကင္မရာကေတာ့ စြမ္းေဆာင္ရည္အနည္းငယ္နိမ့္ပါးၿပီး ေက်ာဘက္ကင္မရာ 12-megapixel f/2.0 နဲ႔ ေရွ႕ကင္မရာ 8-megapixel f/2.2 ကုိအသုံးျပဳထားပါတယ္။ Bokeh နဲ႔ portrait effect ေတြကို software က ထိန္းေက်ာင္းေပမယ့္ depth-sensing sensor ေတာ့မပါဝင္ပါဘူး။

Moto G7 Power ကုိ အနက္နဲ႔ မဲနယ္ေရာင္ဆုိၿပီး ဝယ္ယူႏိုင္ပါတယ္။

Moto G7 Play

Moto G7 Play ဟာ ေဈးႏႈန္းသက္သာၿပီး အရြယ္အစားေသးတဲ့ ဖုန္းျဖစ္ပါတယ္။ အဲဒီဖုန္းမွာ မ်က္ႏွာျပင္ ၅.၇ လက္မ နဲ႔ HD+႐ုပ္ထြက္အရည္အေသြး 1,570x 720pixels အျဖစ္ G7 Power ကအတိုင္းပါဝင္လာပါတယ္။ ဖုန္းရဲ႕ notch က G7 Power ထက္က်ယ္ျပန္႔ပါတယ္။

G7 Play မွာ RAM 2GB ပဲပါဝင္ၿပီး storage ကေတာ့ 32GB ျဖစ္ကာ ဘက္ထရီကေတာ့ 3,000mAh ျဖစ္ပါတယ္။

ေက်ာဘက္ကင္မရာကေတာ့ ေနာက္ကင္မရာ 13-megapixel f/2.0 တစ္ခုပဲပါဝင္ၿပီး ေရွ႕ကင္မရာကေတာ့ f/2.2 aperture နဲ႔ 8-megapixel ျဖစ္ပါတယ္။

Moto G7 Plus

Moto G7 Plus ဟာ အခုမိတ္ဆက္လုိက္တဲ့ Moto G7 ဖုန္းေတြနဲ႔ ကြာျခားပါတယ္။ Moto G7 Plus မွာ Snapdragon 636 chipset နဲ႔ RAM 4GB နဲ႔ storage 64GB အသုံးျပဳထားပါတယ္။
Moto G7 Plus မွာမ်က္ႏွာျပင္ ၆.၂ လက္မ FHD+ notch ပါဝင္တဲ့ display ျဖစ္ပါတယ္။ ဒါ့အျပင္ ဘက္ထရီ 3,000mAh နဲ႔အားသြင္းျမန္ဆန္တဲ့ 27W ပါဝင္လာပါတယ္။

ကင္မရာကေတာ့ 16-megapixel sesor နဲ႔ f/1.7 အျပင္ ပိုမိုတိုးတက္တဲ့ portrait mode အတြက္ 5-megapixel depth sensor တို႔ပါဝင္လာပါတယ္။ ဒါ့အျပင္ ကင္မရာမွာ EIS နဲ႔ OIS တို႔ပါဝင္ၿပီး ေရွ႕ကင္မရာက 12-megapixel ကို notch မွာထည့္သြင္းထားပါတယ္။ ေရွ႕ကင္မရာမွာ ‘group selfie’ mode နဲ႔ slow motion video mode ေတြပါဝင္လာပါတယ္။

ေဈးႏႈန္း

Moto G7 စမတ္ဖုန္းေတြကုိ ေဈးကြက္တခ်ိဳ႕မွာ စတင္ ေရာင္းခ်ေနၿပီျဖစ္ပါတယ္။ Moto G7 ကုိ ၂၉၉ ေဒၚလာ၊ G7 Play ကို ၁၉၉ ေဒၚလာနဲ႔ G7 Power ကုိ ေပါင္ ၂၄၉ နဲ႔ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ G7 Plus ကိုေတာ့ ေမာ္ဒယ္ ၃ မ်ိဳး ထုတ္လုပ္ထားၿပီး အေကာင္းဆုံးေမာ္ဒယ္ကုိေတာ့ ေဒၚလာ ၃၄၀ နဲ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: 9to5Google

[ Unicode ]

Motorola ဟာ Moto G7 စီးရီးစမတ်ဖုန်းတွေကို ထုတ်ဖော်ပြသလိုက်ပါပြီ။ Moto G7 Plus ဟာ အဆင့်မြင့်ဖုန်းဖြစ်ပြီး Moto G7 ကတော့ လုံးဝန်းတဲ့ဒီဇိုင်းဖြစ်ပါတယ်။ Moto G7 Power ဖုန်းကတော့ ဘက်ထရီသက်တမ်းတာရှည်ပြီး Moto G7 Play ကတော့ ဈေးနှုန်းသက်သာတဲ့ ဖုန်းဖြစ်ပါတယ်။

Moto G7 ဟာဖုန်း ၄ မျိုးအတွက် ကြော်ငြာတစ်ခုစီကို ဖြန့်ချိခဲ့ပါတယ်။

Moto G7 စမတ်ဖုန်းတွေရဲ့ spec တွေရဲ့ အခြေခံဖြစ်တဲ့ ဘေးဘောင်သေးသွယ်တာ၊ Android Pie နဲ့ headphone jacke နဲ့ external storage 256GB အထိ အသုံးပြုနိုင်တာ တူညီကြပါတယ်။ Moto G7 Plus မှာ စွမ်းဆောင်ရည်မြင့် ပရိုဆက်ဆာနဲ့ အဆင့်မြှင့်ကင်မရာ ပါဝင်လာပါတယ်။

Moto G7

Moto G7 မှာ ၆.၂ လက်မ FHD+ display နဲ့ teardrop notch နဲ့ 19:9 aspect ratio ပါဝင်လာပြီး ရုပ်ထွက်အရည်အသွေး 2,270x 1080 pixels ဖြစ်ပါတယ်။ Snapdragon 632 ကို RAM 4GB နဲ့ storage 64GB နဲ့တွဲဖက်ထားပါတယ်။

ဖုန်းရဲ့ notch အသေးစားမှာ 8-megapixel selfie ကင်မရာ အသုံးပြုထားပြီး အလင်းအားနည်းချိန်မှာ ဓာတ်ပုံရိုက်ကူးဖို့ screen အခြေပြု flash ပါဝင်လာပါတယ်။ ကျောဘက်မှာ အဓိက sensor ကတော့ 12-megapixel f/1.8 နဲ့ portrait mode အတွက် ဒုတိယကင်မရာကတော့ 5-megapixel depth sensor ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 3,000mAh ဖြစ်ပြီး အနက်နဲ့ အဖြူဆိုပြီး ၂ မျိုးထုတ်လုပ်ထားပါတယ်။

Moto G7 Power

Moto G7 Power မှာတော့ ၆.၂ လက်မအရွယ် မျက်နှာပြင်မှာ ရုပ်ထွက်အရည်အသွေး 1,570x 720 pixel HD+ display ဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ ဖုန်းမှာတော့ teardrop notch အနည်းငယ်ကြီးပါတယ်။

G7 Power မှာတော့ ဘက်ထရီကြီးမားပြီး 5,000mAh အထိပါဝင်ကာ ၃ ရက်အထိ အသုံးပြုနိုင်ပါတယ်။ G7 Pwer မှာ RAM 3GB နဲ့ storage 32GB အသုံးပြုထားပါတယ်။

ကင်မရာကတော့ စွမ်းဆောင်ရည်အနည်းငယ်နိမ့်ပါးပြီး ကျောဘက်ကင်မရာ 12-megapixel f/2.0 နဲ့ ရှေ့ကင်မရာ 8-megapixel f/2.2 ကိုအသုံးပြုထားပါတယ်။ Bokeh နဲ့ portrait effect တွေကို software က ထိန်းကျောင်းပေမယ့် depth-sensing sensor တော့မပါဝင်ပါဘူး။

Moto G7 Power ကို အနက်နဲ့ မဲနယ်ရောင်ဆိုပြီး ဝယ်ယူနိုင်ပါတယ်။

Moto G7 Play

Moto G7 Play ဟာ ဈေးနှုန်းသက်သာပြီး အရွယ်အစားသေးတဲ့ ဖုန်းဖြစ်ပါတယ်။ အဲဒီဖုန်းမှာ မျက်နှာပြင် ၅.၇ လက်မ နဲ့ HD+ရုပ်ထွက်အရည်အသွေး 1,570x 720pixels အဖြစ် G7 Power ကအတိုင်းပါဝင်လာပါတယ်။ ဖုန်းရဲ့ notch က G7 Power ထက်ကျယ်ပြန့်ပါတယ်။

G7 Play မှာ RAM 2GB ပဲပါဝင်ပြီး storage ကတော့ 32GB ဖြစ်ကာ ဘက်ထရီကတော့ 3,000mAh ဖြစ်ပါတယ်။

ကျောဘက်ကင်မရာကတော့ နောက်ကင်မရာ 13-megapixel f/2.0 တစ်ခုပဲပါဝင်ပြီး ရှေ့ကင်မရာကတော့ f/2.2 aperture နဲ့ 8-megapixel ဖြစ်ပါတယ်။

Moto G7 Plus

Moto G7 Plus ဟာ အခုမိတ်ဆက်လိုက်တဲ့ Moto G7 ဖုန်းတွေနဲ့ ကွာခြားပါတယ်။ Moto G7 Plus မှာ Snapdragon 636 chipset နဲ့ RAM 4GB နဲ့ storage 64GB အသုံးပြုထားပါတယ်။
Moto G7 Plus မှာမျက်နှာပြင် ၆.၂ လက်မ FHD+ notch ပါဝင်တဲ့ display ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီ 3,000mAh နဲ့အားသွင်းမြန်ဆန်တဲ့ 27W ပါဝင်လာပါတယ်။

ကင်မရာကတော့ 16-megapixel sesor နဲ့ f/1.7 အပြင် ပိုမိုတိုးတက်တဲ့ portrait mode အတွက် 5-megapixel depth sensor တို့ပါဝင်လာပါတယ်။ ဒါ့အပြင် ကင်မရာမှာ EIS နဲ့ OIS တို့ပါဝင်ပြီး ရှေ့ကင်မရာက 12-megapixel ကို notch မှာထည့်သွင်းထားပါတယ်။ ရှေ့ကင်မရာမှာ ‘group selfie’ mode နဲ့ slow motion video mode တွေပါဝင်လာပါတယ်။

ဈေးနှုန်း

Moto G7 စမတ်ဖုန်းတွေကို ဈေးကွက်တချို့မှာ စတင် ရောင်းချနေပြီဖြစ်ပါတယ်။ Moto G7 ကို ၂၉၉ ဒေါ်လာ၊ G7 Play ကို ၁၉၉ ဒေါ်လာနဲ့ G7 Power ကို ပေါင် ၂၄၉ နဲ့ရောင်းချသွားမှာ ဖြစ်ပါတယ်။ G7 Plus ကိုတော့ မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး အကောင်းဆုံးမော်ဒယ်ကိုတော့ ဒေါ်လာ ၃၄၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။