Monster Hunter: World

[ Zawgyi ]

ႏွစ္ဆန္းပိုင္းကတည္းက PS4 နဲ႔ Xbox One ေတြအတြက္ ထြက္ရွိထားတဲ့ အခုဂိမ္းက ျပည္တြင္းမွာလို PC နဲ႔ ကစားသူမ်ားတဲ့ ရပ္ဝန္းမွာ ထင္သေလာက္ မေအာင္ျမင္ခဲ့ေပမယ့္ အခုေတာ့ Wins စနစ္အတြက္ လာပါၿပီ။ ေရွ႕ထြက္ဂိမ္းထက္ နည္းနည္းေတာ့ အဆင့္ျမႇင့္ထား တာေတြ ပါေသးတယ္ေလ။ တိုက္ခိုက္ေရးဂိမ္းေတြကိုမွ အၿမဲတမ္း ကစားတတ္သူေတြအတြက္ အျမင္နည္းနည္းဆန္းမယ့္ ဂိမ္းေပါ့။ စြမ္းအားေတြ တသီတတန္းႀကီးထုတ္ၿပီး လူသားအခ်င္းခ်င္း တိုက္ခိုက္ရမွာမဟုတ္ဘဲ ဒိုင္ႏိုေဆာေခတ္ကို ျပန္ေရာက္သြားသလို ခံစားရၿပီး ေတာေကာင္ႀကီးေတြကို ရင္ဆိုင္တိုက္ခိုက္ရမယ့္ ဂိမ္းပဲ ျဖစ္ပါတယ္။

Single အေနနဲ႔လည္း ကစားႏုိင္မယ္၊ LAN ခိ်တ္ထားရင္ Multi အေနနဲ႔လည္း ကစားႏုိင္မယ္ေလ။ ႐ုပ္ထြက္ပိုင္း အေကာင္းဆံုးလုိ႔ မဆိုႏုိင္ေပမယ့္ AI စနစ္ အဆင့္ျမင့္မားမႈကေတာ့ တကယ့္ ေတာေကာင္ႀကီးေတြနဲ႔ ရင္ဆိုင္ရသလို၊ ေတာေကာင္ႀကီးေတြရဲ႕ အနံ႔ခံ
ရွာေဖြျခင္းခံရသလို တကယ္ကို လက္ေတြ႕ဆန္ၿပီး ေကာင္းမြန္လွပါတယ္။ ဂိမ္းနဲ႔ အသားမက်ေသးသူေတြအတြက္ Tutorial က႑ပါရွိလုိ႔ အစမ္းဝင္ကစားၿပီး ေနာက္မွ စိတ္ႀကိဳက္ေဆာ့ႏိုင္မယ္၊ Menu မွာ ေဖာ္ျပထားခ်က္ေတြက ကစားသူကို အသားက်လြယ္ၿပီး ကစားရ လြယ္ေစတယ္။

ကစားသူက ကမ႓ာသစ္တစ္ခုကို ေျခခ်ေရာက္ရွိလာတဲ့ လူသားတစ္ဦးသဖြယ္ ဇာတ္ေကာင္တခုကို ဖန္တီးၿပီး ကစားရမွာပါ။ သူက Astera ဆိုတဲ့ သူေနထုိင္ရာ ကမ႓ာကေန အခုလိုဒိုင္ႏို္ေဆာ ေတာေကာင္ႀကီးေတြရွိရာကမ႓ာကို ေလ့လာေရး တာဝန္တစ္ခုနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ပတ္ဝန္းက်င္ကေတာ့ အဆံုးမဲ့ျဖစ္ပါလိမ့္မယ္။ ဇာတ္ေကာင္က တာဝန္အရ လိုခ်င္တဲ့ပစ္မွတ္ကို လိုက္လံရွာေဖြ တိုက္ခုိက္ရမွာ ျဖစ္ပါတယ္။ ကိုယ့္ရဲ႕ ပစ္မွတ္ဆီကို သြားရာလမ္းေၾကာင္းမွာ တျခားေတာေကာင္ေတြလည္း ရွိေနႏုိင္တာမို႔ အားလံုးကို တိုက္ခိုက္ေနရမယ္ဆိုရင္ တာဝန္ၿပီးဆံုးေအာင္ ကစားႏုိင္ဖုိ႔ မလြယ္ပါဘူး။ ဒါေၾကာင့္ ကစားသူက ခ်ံဳေတြထဲ ဝင္ပုန္းတာေတြ၊ သစ္ပင္ေတြေပၚ တက္ပုန္းတာေတြ၊ ကိုယ္ေပ်ာက္ဝတ္႐ံုကိုသံုးၿပီး ကိုယ္ေဖ်ာက္တာေတြနဲ႔ တျခားေတာေကာင္ေတြကို ေရွာင္ရွားႏုိင္သလို ကိုယ္တိုက္ခိုက္မယ့္ ေတာေကာင္ကိုလည္း ေခ်ာင္းေျမာင္းတုိက္ခိုက္မႈေတြ လက္နက္စံုအသံုးျပဳၿပီး တိုက္ခိုက္မႈေတြ လုပ္ေဆာင္ႏုိ္င္မွာ ျဖစ္ပါတယ္။

ကစားသူကရွိၿပီးသား Hero ကို ေရြးခ်ယ္ကစားရမွာ မဟုတ္ဘဲ မိမိလိုခ်င္တဲ့ Item နဲ႔ လက္နက္ရယူမႈ အေပၚကိုုမူတည္ၿပီး မိမိဖန္တီးသလို စိတ္ႀကိဳက္ဇာတ္ေကာင္ တစ္ေကာင္ျဖစ္လာမွာပါ။ ဂိမ္းအစမွာေပးထားတဲ့ေငြနဲ႔ လိုအပ္တဲ့ Item နဲ႔ လက္နက္တခ်ိဳ႕ကို ေလာက္ငွေအာင္ ဝယ္ထားရမွာျဖစ္ၿပီး ေနာက္ပိုင္းအဆင့္ျမႇင့္မႈေတြ အတြက္ကိုေတာ့ ေတာေကာင္ေတြ သတ္လုိ႔ရတဲ့ ေငြနဲ႔ ထပ္ၿပီး အားျဖည့္ႏုိင္မွာ ျဖစ္ပါတယ္။ ကစားသူက တာဝန္အရ သတ္မွတ္ေပးတဲ့ ေတာေကာင္တုိင္းကို သတ္ရမွာမဟုတ္ဘဲ ဖမ္းဆီးရမယ့္
ေတာေကာင္ကို ဖမ္းရမယ္၊ သတ္ရမယ့္ ေတာေကာင္ကိုမွ သတ္ရမွာျဖစ္လုိ႔ သိပ္ေတာ့မလြယ္လွဘူးဗ်။ Mantle ဆိုတဲ့
ကိုယ္ေပ်ာက္ဝတ္႐ံုက အခုဂိမ္းမွာ အသစ္ပါလာၿပီး အခ်ိန္အကန္႔အသတ္ ပမာဏအတြင္းသံုးၿပီး ေတာေကာင္္ကို ခ်ဥ္းကပ္ သတ္ျဖတ္ႏုိင္မွာလည္း ျဖစ္ပါတယ္။

Story Mode နဲ႔ ဇာတ္လမ္းသြားပံုစံကစားမယ္၊ အဆင့္တုိင္း ခ်က္ခ်င္းေအာင္မယ္ဆိုရင္ေတာင္မွ အစကေနအႏုိင္ရသည္ ထိေအာင္ နာရီ ၄၀ ကေန ၅၀ ေက်ာ္ထိေအာင္ ကစားရမယ္လုိ႔ဆိုတာေၾကာင့္ သိပ္ေတာ့လြယ္မယ့္ ဂိမ္းလည္းမဟုတ္သလို Save လုပ္ၿပီးကစားမွ အႏုိင္ရဖို႔ ျဖစ္ႏုိင္မယ့္ ဂိမ္းသစ္ေလးလည္း ျဖစ္ပါတယ္္။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

နှစ်ဆန်းပိုင်းကတည်းက PS4 နဲ့ Xbox One တွေအတွက် ထွက်ရှိထားတဲ့ အခုဂိမ်းက ပြည်တွင်းမှာလို PC နဲ့ ကစားသူများတဲ့ ရပ်ဝန်းမှာ ထင်သလောက် မအောင်မြင်ခဲ့ပေမယ့် အခုတော့ Wins စနစ်အတွက် လာပါပြီ။ ရှေ့ထွက်ဂိမ်းထက် နည်းနည်းတော့ အဆင့်မြှင့်ထား တာတွေ ပါသေးတယ်လေ။ တိုက်ခိုက်ရေးဂိမ်းတွေကိုမှ အမြဲတမ်း ကစားတတ်သူတွေအတွက် အမြင်နည်းနည်းဆန်းမယ့် ဂိမ်းပေါ့။ စွမ်းအားတွေ တသီတတန်းကြီးထုတ်ပြီး လူသားအချင်းချင်း တိုက်ခိုက်ရမှာမဟုတ်ဘဲ ဒိုင်နိုဆောခေတ်ကို ပြန်ရောက်သွားသလို ခံစားရပြီး တောကောင်ကြီးတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့် ဂိမ်းပဲ ဖြစ်ပါတယ်။

Single အနေနဲ့လည်း ကစားနို်င်မယ်၊ LAN ချိတ်ထားရင် Multi အနေနဲ့လည်း ကစားနိုင်မယ်လေ။ ရုပ်ထွက်ပိုင်း အကောင်းဆုံးလို့ မဆိုနိုင်ပေမယ့် AI စနစ် အဆင့်မြင့်မားမှုကတော့ တကယ့် တောကောင်ကြီးတွေနဲ့ ရင်ဆိုင်ရသလို၊ တောကောင်ကြီးတွေရဲ့ အနံ့ခံ
ရှာဖွေခြင်းခံရသလို တကယ်ကို လက်တွေ့ဆန်ပြီး ကောင်းမွန်လှပါတယ်။ ဂိမ်းနဲ့ အသားမကျသေးသူတွေအတွက် Tutorial ကဏ္ဍပါရှိလို့ အစမ်းဝင်ကစားပြီး နောက်မှ စိတ်ကြိုက်ဆော့နိုင်မယ်၊ Menu မှာ ဖော်ပြထားချက်တွေက ကစားသူကို အသားကျလွယ်ပြီး ကစားရ လွယ်စေတယ်။

ကစားသူက ကမ႓ာသစ်တစ်ခုကို ခြေချရောက်ရှိလာတဲ့ လူသားတစ်ဦးသဖွယ် ဇာတ်ကောင်တခုကို ဖန်တီးပြီး ကစားရမှာပါ။ သူက Astera ဆိုတဲ့ သူနေထိုင်ရာ ကမ႓ာကနေ အခုလိုဒိုင်နို်ဆော တောကောင်ကြီးတွေရှိရာကမ႓ာကို လေ့လာရေး တာဝန်တစ်ခုနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်ကတော့ အဆုံးမဲ့ဖြစ်ပါလိမ့်မယ်။ ဇာတ်ကောင်က တာဝန်အရ လိုချင်တဲ့ပစ်မှတ်ကို လိုက်လံရှာဖွေ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပစ်မှတ်ဆီကို သွားရာလမ်းကြောင်းမှာ တခြားတောကောင်တွေလည်း ရှိနေနိုင်တာမို့ အားလုံးကို တိုက်ခိုက်နေရမယ်ဆိုရင် တာဝန်ပြီးဆုံးအောင် ကစားနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကစားသူက ချုံတွေထဲ ဝင်ပုန်းတာတွေ၊ သစ်ပင်တွေပေါ် တက်ပုန်းတာတွေ၊ ကိုယ်ပျောက်ဝတ်ရုံကိုသုံးပြီး ကိုယ်ဖျောက်တာတွေနဲ့ တခြားတောကောင်တွေကို ရှောင်ရှားနိုင်သလို ကိုယ်တိုက်ခိုက်မယ့် တောကောင်ကိုလည်း ချောင်းမြောင်းတိုက်ခိုက်မှုတွေ လက်နက်စုံအသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နို်င်မှာ ဖြစ်ပါတယ်။

ကစားသူကရှိပြီးသား Hero ကို ရွေးချယ်ကစားရမှာ မဟုတ်ဘဲ မိမိလိုချင်တဲ့ Item နဲ့ လက်နက်ရယူမှု အပေါ်ကိုုမူတည်ပြီး မိမိဖန်တီးသလို စိတ်ကြိုက်ဇာတ်ကောင် တစ်ကောင်ဖြစ်လာမှာပါ။ ဂိမ်းအစမှာပေးထားတဲ့ငွေနဲ့ လိုအပ်တဲ့ Item နဲ့ လက်နက်တချို့ကို လောက်ငှအောင် ဝယ်ထားရမှာဖြစ်ပြီး နောက်ပိုင်းအဆင့်မြှင့်မှုတွေ အတွက်ကိုတော့ တောကောင်တွေ သတ်လို့ရတဲ့ ငွေနဲ့ ထပ်ပြီး အားဖြည့်နိုင်မှာ ဖြစ်ပါတယ်။ ကစားသူက တာဝန်အရ သတ်မှတ်ပေးတဲ့ တောကောင်တိုင်းကို သတ်ရမှာမဟုတ်ဘဲ ဖမ်းဆီးရမယ့်
တောကောင်ကို ဖမ်းရမယ်၊ သတ်ရမယ့် တောကောင်ကိုမှ သတ်ရမှာဖြစ်လို့ သိပ်တော့မလွယ်လှဘူးဗျ။ Mantle ဆိုတဲ့
ကိုယ်ပျောက်ဝတ်ရုံက အခုဂိမ်းမှာ အသစ်ပါလာပြီး အချိန်အကန့်အသတ် ပမာဏအတွင်းသုံးပြီး တောကောင််ကို ချဉ်းကပ် သတ်ဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။

Story Mode နဲ့ ဇာတ်လမ်းသွားပုံစံကစားမယ်၊ အဆင့်တိုင်း ချက်ချင်းအောင်မယ်ဆိုရင်တောင်မှ အစကနေအနိုင်ရသည် ထိအောင် နာရီ ၄၀ ကနေ ၅၀ ကျော်ထိအောင် ကစားရမယ်လို့ဆိုတာကြောင့် သိပ်တော့လွယ်မယ့် ဂိမ်းလည်းမဟုတ်သလို Save လုပ်ပြီးကစားမှ အနိုင်ရဖို့ ဖြစ်နိုင်မယ့် ဂိမ်းသစ်လေးလည်း ဖြစ်ပါတယ််။