Mobile Legends ကစားသူများအတွက် ဒေတာ Pack သစ် MPT မိတ်ဆက်

[ Zawgyi ]




-အောင်သက်ကို

[ Unicode ]

Mobile Legends ကစားသူတွေအတွက် ဒေတာ Package သစ်တစ်မျိုးကို MPT မိတ်ဆက်လိုက်ပါတယ်။

အဲ့ဒီ ဒေတာ Package ကို ဘီလ် ၉၈၀ ကျပ်နဲ့ဝယ်ယူနိုင်ပြီး ဒေတာ 1GB နဲ့အတူ Mobile Legends Diamond ၁၆ လုံးကို ရရှိမှာဖြစ်ပါတယ်။ ဒေတာကို ရက် ၃၀ အတွင်း အသုံးပြုနိုင်မှာဖြစ်ကာ Mobile Legends ဂိမ်းသီးသန့် ကစားဖို့အတွက်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ရယူလိုသူတွေအနေနဲ့ *8001# ကို ခေါ်ဆိုကာ ဝန်ဆောင်မှုရယူနိုင်မှာ ဖြစ်ပါတယ်။ Diamond ၁၆ လုံးအတွက် SMS Code ရရှိမှာဖြစ်ပြီး ဂိမ်းအတွင်း ဖြည့်သွင်းရမှာဖြစ်ပါတယ်။

“အခုဂိမ်းဟာ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း သန်းနဲ့ချီကစားနေကြတဲ့ eSport ဂိမ်းတစ်ခုဖြစ်ပါတယ်။ အခုအစီအစဉ်ကနေ ဂိမ်းကစားရတာကိုနှစ်သက်ကြတဲ့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေ ဆော့ကစားနိုင်ဖို့အတွက် ဆောင်ရွက်ပေးတာဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations ရဲ့ စီးပွားရေးရာဌာနက အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda ကပြောကြားခဲ့ပါတယ်။