Mini Infrared Ray Dual Remote Controller Alarm

[ Zawgyi ]

အဆောက်အဦ ပိတ်ထားချိန်၊ လူမရှိချိန်မှာ သူခိုး၊ ဖောက်ထွင်းသမားတို့ရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ သတိပေး၊ အချက်ပေးနိုင်တဲ့ Mini Infrared Ray Dual Remote Controller Alarm ဖြစ်ပါတယ်။ Main Base ကို နံရံကပ်တပ်ဆင်ထားရင် ၅ မီတာ (၁၅ ပေ) ပတ်လည်၊ ၁၁၀ ဒီဂရီ အကွာအဝေးအတွင်း လူ၊ လူ့ခန္ဓာကိုယ်လောက်ရှိတဲ့ အရာဝတ္ထုဖြစ်စေ လှုပ်ရှားဝင်ရောက်လာတာနဲ့ အသံကျယ်လောင်စွာ အချက်ပေးမှာဖြစ်ပါတယ်။ ON/ OFF ကို အကွာအဝေး ၈ မီတာ (၂၄ ပေ) အတွင်းမှ Remote Control နဲ့ ပြုလုပ်နိုင်ပြီး Remote Control အနေနဲ့ ၂ ခု ပါရှိပါတယ်။ အပြင်မထွက်မီ Remote Control နဲ့ ON ထားပြီး ၂ မိနစ် စောင့်ဆိုင်းချိန် ကျော်လွန်မှ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ တစ်စုံတစ်ယောက် ထွင်းဖောက်ဝင်ရောက်လာမှသာ အချက်ပေးသံ မြည်မှာဖြစ်ပြီး အသံကို ရှေ့၊ နောက်၊ ဘေး ပေ၂၀၀ အထိ ကြားနိုင်မှာဖြစ်ပါတယ်။ ကိရိယာကို အသံမမြည်အောင် ဖျက်ဆီးမည်ဆိုပါက ဓာတ်ခဲမပြုတ်မချင်း အသံမြည်နေမှာဖြစ်ပါတယ်။ ဈေးနှုန်း ၉,၀၀၀ ကျပ်ဖြစ်ပြီး A&Z မန္တလေးမြို့ ၊၈၁ လမ်း ၊ ၃၈×၃၉လမ်းကြား ဖုန်း – ၀၉ ၇၉၈၆၄၃၉၁၁ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကောင်းမြတ်ထွန်း

[ Unicode ]