Mijia Quartz Smartwatch

[ Zawgyi ]


-ကျော်ဇေယျ

[ Unicode ]

Classic နာရီပုံစံဖြစ်ပြီး Strap Material ကို သားရေ သုံးပေးထားတာကြောင့် ၀တ်ဆင်ရတာ သက်သောင့်သက်သာရှိစေမယ့် Mijia Quartz Smartwatch ဖြစ်ပါတယ်။ ကိုယ်ထည် အချိုးအစားကလည်း အဝိုင်းပုံစံဖြစ်တာကြောင့် အမြင်ရှင်းတဲ့ခံစားမှုကိုရစေမှာ ဖြစ်ပါတယ်။ IP 67 ကို 3ATM အထိ အထောက်အပံ့ပေးလို့ ရေစိုခံနိုင်တဲ့ SmartWatch ဖြစ်ပါတယ်။ Sensor ပိုင်းအနေနဲ့လည်း Vibration Sensor, Step Counter Sensor, Pedometer Sensorတို့ပါ၀င်လာပါတယ်။ Bluetooth v4.0 ကို အထောက်အပံ့ပေးထားပြီး ဖုန်းနဲ့ချိတ်ဆက်မှု အပိုင်းမှာလည်း Andriod 4.4 နဲ့ iOS 9.0 အထက်ဖုန်းတွေမှာ Mi Home Application နဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 320mAh Battery ကိုအသုံးပြုထားပြီး ပျမ်းမျှရက် ၁၈၀ အထိ အားအသုံးခံနိုင်မှာ ဖြစ်ပါတယ်။ 240×40×11.9mm အရွယ်အစားဖြစ်ပြီး အလေးချိန်က 42g ရှိပါတယ်။ တန်ဖိုးက ၈၁,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ နဲ့ Star Mart 9 Mile Show Room (ရန်ကုန်) ဖုန်း ၀၉ ၄၂၂၂၉၄၈၈၄ နဲ့ ၃၄၆၀၃၈၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။