Mid-range Xperia R1 နဲ့ Xperia R1 Plus ကို Sony မိတ်ဆက်

Xperia R စမတ်ဖုန်းသစ်နှစ်မျိုးဖြစ်တဲ့ Xperia R1 နဲ့ Xperia R1 Plus ကို Sony က အိန္ဒိယဈေးကွက်မှာ မိတ်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းသစ်နှစ်မျိုးမှာ လူသိများတဲ့ Sony ဒီဇိုင်းနဲ့အတူ mid-range specs ကို သက်သာတဲ့ဈေးနှုန်းနဲ့ ထောက်ပံ့ပေးထား ပါတယ်။

အဲ့ဒီစမတ်ဖုန်းသစ်နှစ်မျိုးအနက် ဈေးအသက်သာဆုံးက Xperia R1 ဖြစ်ပါတယ်။ Xperia R1 မှာ ၅.၂ လက်မ 720p display ပါဝင်ပြီး Qualcomm Snapdragon 430 processor, 2GB RAM, 16GB internal storage တို့နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ MicroSD card ကနေတစ်ဆင့် သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီက 2,620mAh ဖြစ်ပြီး 13MP ပင်မကင်မရာ၊ 8MP အရှေ့ဘက်ကင်မရာ၊ USB type-C port နဲ့ dual-SIM အထောက်အပံ့တို့ ပါဝင်ပါတယ်။

Xperia R1 Plus နဲ့ Xperia R1 တို့ရဲ့ အဓိကကွာခြားချက်က Plus ကို 3GB RAM နဲ့ 32GB storage နဲ့ ရရှိနိုင်ခြင်း ဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းသစ်နှစ်မျိုးစလုံးကို Android Nougat နဲ့ တင်ပို့ရောင်းချမှာဖြစ်ပြီး Android Oreo ကို upgrade လုပ်နိုင်မယ်လို့ သိရပါတယ်။

တန်ဖိုးက Xperia R1 အတွက် ၂၁၅ ဒေါ်လာဖြစ်ပြီး Xperia R1 Plus အတွက်က ၂၄၅ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ ဒီစမတ်ဖုန်းသစ်တွေကို နိုဝင်ဘာ ၁၀ ရက်မှစတင်ပြီး အိန္ဒိယမှာ Amazon နဲ့ Flipkart တို့ကနေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: AndroidAuthority