Microsoft Surface Laptop

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၁၂၇၇.၈၄

အားသာခ်က္

ညႇိဳ႕ယူဖမ္းစားႏုိင္တဲ့ ဒီဇုိင္း၊ ေတာက္ပၿပီး အေရာင္အေသြးစုံ လင္လွတဲ့ Display နဲ႔ သက္ေသာင့္သက္သာ အသုံးျပဳႏုိင္တဲ့ ကီးဘုတ္ေတြက သေဘာက်စရာပါ။ မ်က္ႏွာနဲ႔ Laptop ကို Login ျပဳလုပ္ႏုိင္တဲ့ face Recognition နည္းပညာေထာက္ပံ့
ပါ၀င္ၿပီး ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာအသုံး ျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

သူ႔မွာ ထည့္သြင္းအသုံးျပဳထားတဲ့ SSD က တျခား Ultar-portable Laptop ေတြနဲ႔ ယွဥ္ရင္ အခ်က္အလက္ကူးေျပာင္းမႈႏႈန္းက အနည္းငယ္ေႏွးပါတယ္။ Laptop ရဲ႕ ပန္ကာစနစ္က အနည္းငယ္အသံက်ယ္ေလာင္မႈရွိတယ္လို႔ခံစားရပါတယ္။  Laptop ရဲ႕ အေရာင္ေပၚလုိက္ၿပီး ေစ်းကြာျခားမႈရွိတာက သေဘာမက်စရာ အခ်က္တစ္ခုပါ။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၅ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 2256×1504 pixel ထိ ေထာက္ပံ့ ေပးႏုိင္တဲ့ Touchscreen Display အမ်ဳိးအစားျဖစ္ပါတယ္။ 7th Generation Intel Core i5-7200U processor ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256GB SSD ပါ၀င္ပါတယ္။ Touchpad ရဲ႕ အရြယ္အစားက ၄.၁x၂.၇ လက္မရွိပါတယ္။ ဒီ Laptop မွာ Surface Connect ေပါက္၊ Mini Display ေပါက္၊ UBS 3.0 ေပါက္၊ USB Type-C ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။
WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 100 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၂ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂၅ ကီလိုဂရမ္ (၂.၇၆ ေပါင္) ရွိမွာျဖစ္ပါတယ္။

ဒီ Laptop ကို Core i7, 8GB RAM, 256GB SSD နဲ႔ဆိုရင္ေတာ့ ကန္ေဒၚလာ ၁၅,၉၉ က်သင့္မွာျဖစ္ၿပီး 512GB SSD နဲ႔ 16GB RAM အမ်ဳိးအစားကေတာ့ ကန္ေဒၚလာ ၂၁၉၉ က် သင့္မွာျဖစ္ပါတယ္။

သုံးသပ္ခ်က္

Surface Laptop က ဆြဲေဆာင္မႈအျပည့္ရွိလွတဲ့ Ultra-portable Laptop ေတြထဲကတစ္ လုံးလို႔ေျပာရမွာပါ။ ျပည့္ဝေကာင္းမြန္လွတဲ့ စြမ္းေဆာင္ရည္၊ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာသုံးႏုိင္မႈနဲ႔ စာ႐ုိက္ရတာ သက္ေသာင့္သက္သာရွိမႈေတြက သေဘာက်စရာပါ။ Surface Pro နဲ႔မတူတာက Surface Laptop က ပိုၿပီးေပါ့ပါးသလို ေစ်းလည္းပိုသက္သာပါတယ္။ ၿပီးေတာ့ ကိုင္တြယ္အသုံးျပဳရတာ စတုိင္
ပိုက်တယ္လို႔ ဆိုရမွာပါ။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၂၇၇.၈၄

အားသာချက်

ညှို့ယူဖမ်းစားနိုင်တဲ့ ဒီဇိုင်း၊ တောက်ပပြီး အရောင်အသွေးစုံ လင်လှတဲ့ Display နဲ့ သက်သောင့်သက်သာ အသုံးပြုနိုင်တဲ့ ကီးဘုတ်တွေက သဘောကျစရာပါ။ မျက်နှာနဲ့ Laptop ကို Login ပြုလုပ်နိုင်တဲ့ face Recognition နည်းပညာထောက်ပံ့
ပါ၀င်ပြီး ဘက်ထရီနဲ့ အချိန်ကြာကြာအသုံး ပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

သူ့မှာ ထည့်သွင်းအသုံးပြုထားတဲ့ SSD က တခြား Ultar-portable Laptop တွေနဲ့ ယှဉ်ရင် အချက်အလက်ကူးပြောင်းမှုနှုန်းက အနည်းငယ်နှေးပါတယ်။ Laptop ရဲ့ ပန်ကာစနစ်က အနည်းငယ်အသံကျယ်လောင်မှုရှိတယ်လို့ခံစားရပါတယ်။ Laptop ရဲ့ အရောင်ပေါ်လိုက်ပြီး စျေးကွာခြားမှုရှိတာက သဘောမကျစရာ အချက်တစ်ခုပါ။

အသေးစိတ်ဖော်ပြချက်

၁၃.၅ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2256×1504 pixel ထိ ထောက်ပံ့ ပေးနိုင်တဲ့ Touchscreen Display အမျိုးအစားဖြစ်ပါတယ်။ 7th Generation Intel Core i5-7200U processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ပါ၀င်ပါတယ်။ Touchpad ရဲ့ အရွယ်အစားက ၄.၁x၂.၇ လက်မရှိပါတယ်။ ဒီ Laptop မှာ Surface Connect ပေါက်၊ Mini Display ပေါက်၊ UBS 3.0 ပေါက်၊ USB Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။
WiFi ချိတ်ဆက်ပြီး Screen Brithtness 100 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၂ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၅ ကီလိုဂရမ် (၂.၇၆ ပေါင်) ရှိမှာဖြစ်ပါတယ်။

ဒီ Laptop ကို Core i7, 8GB RAM, 256GB SSD နဲ့ဆိုရင်တော့ ကန်ဒေါ်လာ ၁၅,၉၉ ကျသင့်မှာဖြစ်ပြီး 512GB SSD နဲ့ 16GB RAM အမျိုးအစားကတော့ ကန်ဒေါ်လာ ၂၁၉၉ ကျ သင့်မှာဖြစ်ပါတယ်။

သုံးသပ်ချက်

Surface Laptop က ဆွဲဆောင်မှုအပြည့်ရှိလှတဲ့ Ultra-portable Laptop တွေထဲကတစ် လုံးလို့ပြောရမှာပါ။ ပြည့်ဝကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်၊ ဘက်ထရီနဲ့ အချိန်ကြာကြာသုံးနိုင်မှုနဲ့ စာရိုက်ရတာ သက်သောင့်သက်သာရှိမှုတွေက သဘောကျစရာပါ။ Surface Pro နဲ့မတူတာက Surface Laptop က ပိုပြီးပေါ့ပါးသလို စျေးလည်းပိုသက်သာပါတယ်။ ပြီးတော့ ကိုင်တွယ်အသုံးပြုရတာ စတိုင်
ပိုကျတယ်လို့ ဆိုရမှာပါ။

Ref: www.laptopmag.com