Microsoft Office Specialist World Championship ၿပိဳင္ပြဲအတြက္ ကၽြမ္းက်င္လူငယ္မ်ား ဖိတ္ေခၚ

[ Zawgyi ]

Microsoft Office Specialist World Championship (MOSWC) ၿပိဳင္ပြဲအတြက္ ျမန္မာႏိုင္ငံမွ ကၽြမ္းက်င္လူငယ္ေတြကို ဖိတ္ေခၚလ်က္ရွိတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံအတြက္ ကိုယ္စားျပဳေရြးခ်ယ္မယ့္ ၿပိဳင္ပြဲကို ပညာေရးဝန္ႀကီးဌာနနဲ႔ IIG Education Myanmar တို႔မွ ပူးေပါင္းက်င္းပျခင္း ျဖစ္ၿပီး အေမရိကန္ႏိုင္ငံမွာ က်င္းပမယ့္ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲကိုေတာ့ Certiport organization မွ ႀကီးမွဴးက်င္းပမွာျဖစ္ပါတယ္။

ၿပိဳင္ပြဲအတြက္ ျမန္မာႏိုင္ငံရွိ အသက္ ၁၃ ႏွစ္ မွ ၂၂ ႏွစ္အရြယ္ရွိ Microsoft Office skill ကၽြမ္းက်င္လူငယ္ေတြ မည္သူမဆို ၀င္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာျဖစ္ၿပီး အေတာ္ဆုံး လူငယ္ ၃ ဦးအေနနဲ႔ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲကို သြားေရာက္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ယွဥ္ၿပိဳင္ရမယ့္ ဘာသာရပ္ေတြက Microsoft Office Word 2013, Microsoft Office Excel 2013, Microsoft Office PowerPoint 2013 တို႔ျဖစ္ၿပီး တစ္ဦးလွ်င္ မိမိကၽြမ္းက်င္ရာ တစ္ဘာသာ ေရြးခ်ယ္ယွဥ္ၿပိဳင္ႏိုင္မွာျဖစ္ပါတယ္။ ၿပိဳင္ပြဲအစမွ ျပည္ပၿပိဳင္ပြဲအထိ အခမဲ့ ၀င္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲကို ျပည္တြင္းအဆင့္ ၃ ဆင့္ ျဖစ္တဲ့ ေက်ာင္းတြင္းၿပိဳင္ပြဲ (ပထမအဆင့္) ကို ၂၀၁၉၊ ဇန္နဝါရီလမွ မတ္လ ကုန္အထိ၊ ဆီမီးဖိုင္နယ္ၿပိဳင္ပြဲ (ဒုတိယအဆင့္) ကို ဧၿပီလနဲ႔ ဖိုင္နယ္ၿပိဳင္ပြဲ (တတိယအဆင့္) ကို ေမလတို႔မွာ အဆင့္ဆင့္ က်င္းပျပဳလုပ္မွာျဖစ္ေၾကာင္း သိရပါတယ္။ ျပည္တြင္းဖိုင္နယ္ ၿပိဳင္ပြဲမွာ တစ္ဘာသာခ်င္းအလိုက္ အေကာင္းဆုံးယွဥ္ၿပိဳင္ၿပီး ရမွတ္အမ်ားဆုံးရရွိသူ ၃ ဦးကိုေရြးခ်ယ္ကာ ၎လူငယ္ေတြကို ျမန္မာနိုင္ငံ Microsoft Office Specialist ကိုယ္စားလွယ္အျဖစ္ ဇူလိုင္လ ၂၈ ရက္မွ ၃၁ ရက္အထိ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ က်င္းပမယ့္ ကမၻာ့ခ်န္ပီယံၿပိဳင္ပြဲကို သြားေရာက္ၿပီး ႏိုင္ငံတကာမွ အသီးသီး လာေရာက္ ယွဥ္ၿပိဳင္သူေတြနဲ႔ ဆက္လက္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံမွာ က်င္းပမယ့္ ကမၻာ့ခ်န္ပီယံၿပိဳင္ပြဲမွာ Microsoft Word, Excel နဲ႔ PowerPoint 2013 တစ္ဘာသာခ်င္းအလိုက္ ပထမဆုကို အေမရိကန္ေဒၚလာ ၇၀၀၀၊ ဒုတိယဆု အေမရိကန္ေဒၚလာ ၃၅၀၀ နဲ႔ တတိယဆု အေမရိကန္ေဒၚလာ ၁၅၀၀ အသီးသီး ဆုခ်ီးျမႇင့္မွာျဖစ္ပါတယ္။ ျပည္တြင္း ၿပိဳင္ပြဲေတြမွာ ထူးခၽြန္ သူေတြကိုေတာ့ IIG Education Myanmar မွဆုေတြနဲ႔ ၿပိဳင္ပြဲဝင္သူတိုင္းကို နိုင္ငံတကာအသိအမွတ္ျပဳ Microsoft Office Specialist Certificate ေတြခ်ီးျမႇင့္သြားမယ္လို႔ သိရပါတယ္။ ပါဝင္ယွဥ္ၿပိဳင္လိုသူေတြ အေနနဲ႔ IIG Education Myanmar ဖုန္း ၀၁- ၂၃၀၅၃၇၀ ကို ဆက္သြယ္စုံစမ္းႏုိင္ပါတယ္။

-ေဝေဝ

[ Unicode ]

Microsoft Office Specialist World Championship (MOSWC) ပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ ကျွမ်းကျင်လူငယ်တွေကို ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွက် ကိုယ်စားပြုရွေးချယ်မယ့် ပြိုင်ပွဲကို ပညာရေးဝန်ကြီးဌာနနဲ့ IIG Education Myanmar တို့မှ ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကိုတော့ Certiport organization မှ ကြီးမှူးကျင်းပမှာဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် မြန်မာနိုင်ငံရှိ အသက် ၁၃ နှစ် မှ ၂၂ နှစ်အရွယ်ရှိ Microsoft Office skill ကျွမ်းကျင်လူငယ်တွေ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အတော်ဆုံး လူငယ် ၃ ဦးအနေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယှဉ်ပြိုင်ရမယ့် ဘာသာရပ်တွေက Microsoft Office Word 2013, Microsoft Office Excel 2013, Microsoft Office PowerPoint 2013 တို့ဖြစ်ပြီး တစ်ဦးလျှင် မိမိကျွမ်းကျင်ရာ တစ်ဘာသာ ရွေးချယ်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲအစမှ ပြည်ပပြိုင်ပွဲအထိ အခမဲ့ ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲကို ပြည်တွင်းအဆင့် ၃ ဆင့် ဖြစ်တဲ့ ကျောင်းတွင်းပြိုင်ပွဲ (ပထမအဆင့်) ကို ၂၀၁၉၊ ဇန်နဝါရီလမှ မတ်လ ကုန်အထိ၊ ဆီမီးဖိုင်နယ်ပြိုင်ပွဲ (ဒုတိယအဆင့်) ကို ဧပြီလနဲ့ ဖိုင်နယ်ပြိုင်ပွဲ (တတိယအဆင့်) ကို မေလတို့မှာ အဆင့်ဆင့် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းဖိုင်နယ် ပြိုင်ပွဲမှာ တစ်ဘာသာချင်းအလိုက် အကောင်းဆုံးယှဉ်ပြိုင်ပြီး ရမှတ်အများဆုံးရရှိသူ ၃ ဦးကိုရွေးချယ်ကာ ၎င်းလူငယ်တွေကို မြန်မာနိုင်ငံ Microsoft Office Specialist ကိုယ်စားလှယ်အဖြစ် ဇူလိုင်လ ၂၈ ရက်မှ ၃၁ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို သွားရောက်ပြီး နိုင်ငံတကာမှ အသီးသီး လာရောက် ယှဉ်ပြိုင်သူတွေနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ Microsoft Word, Excel နဲ့ PowerPoint 2013 တစ်ဘာသာချင်းအလိုက် ပထမဆုကို အမေရိကန်ဒေါ်လာ ရ၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၃၅၀၀ နဲ့ တတိယဆု အမေရိကန်ဒေါ်လာ ၁၅၀၀ အသီးသီး ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ပြည်တွင်း ပြိုင်ပွဲတွေမှာ ထူးချွန် သူတွေကိုတော့ IIG Education Myanmar မှဆုတွေနဲ့ ပြိုင်ပွဲဝင်သူတိုင်းကို နိုင်ငံတကာအသိအမှတ်ပြု Microsoft Office Specialist Certificate တွေချီးမြှင့်သွားမယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ IIG Education Myanmar ဖုန်း ၀၁- ၂၃၀၅၃၇၀ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။